ကွန်ပျူတာတက္ကသိုလ်များ၏ ၀င်ခွင့် ရမှတ်များ တိုးမြှင့်လာ

ကွန်ပျူတာတက္ကသိုလ်များ၏ ၀င်ခွင့် ရမှတ်များ တိုးမြှင့်လာ

ကွန်ပျူတာတက္ကသိုလ်တွေကို အဆင့်တိုးမြှင့်ချင်တာကြောင့် တက္ကသိုလ်ဝင်ခွင့် ရမှတ်တွေကို တိုးမြှင့်လိုက်ပါတယ်။

ရမှတ်တိုးမြှင့်လိုက်တဲ့ ကွန်ပျူတာတက္ကသိုလ်များကတော့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ဗန်းမော်၊ လွိုင်ကော်၊ ပင်လုံနဲ့ ကျိုင်းတုံ ကွန်ပျူတာ တက္ကသိုလ်တို့ဖြစ်ပါတယ်။

အရင်နှစ်တွေက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို တက္ကသိုလ်ဝင်စာမေးပွဲမှာ ရမှတ် ၄၀၀ အထက် ရရှိသူတိုင်း လျှောက်ထားနိုင်ပေမယ့် ဒီနှစ်မှာတော့ ရမှတ် ၄၂၀ အထက် ရရှိမှသာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဗန်းမော်၊ လွိုင်ကော်၊ ပင်လုံနဲ့ ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်တွေကို အရင်နှစ်တွေက ရမှတ် ၃၂၀ ရရှိသူတိုင်း လျှောက်ထားနိုင်ပေမယ့် အခုနှစ်မှာတော့ ရမှတ် ၃၃၀ အထက် ရရှိမှသာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လက်ရှိ ကွန်ပျူတာတက္ကသိုလ် စုစုပေါင်း ၂၄ ကျောင်း ရှိပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Government School Read 2607 times