တက္ကသိုလ်ဆရာ၊ ဆရာမများ အိမ်ခန်းရရှိရေးဆိုင်ရာ အချက်အလက်များကို စစ်တမ်းကောက်ယူမည်

တက္ကသိုလ်ဆရာ၊ ဆရာမများ အိမ်ခန်းရရှိရေးဆိုင်ရာ အချက်အလက်များကို စစ်တမ်းကောက်ယူမည်

အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ် ဆရာ၊ ဆရာမများကို အိမ်ခန်းများ စီစဉ်ပေးထားသော် လည်း ဆရာ၊ ဆရာမ တိုင်း အိမ် ခန်းမရရှိသည့် အခြေအနေများရှိ ခြင်းကြောင့် ယခုကဲ့သို့ စစ်တမ်း ကောက်ယူခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

နေထိုင်ရန် အိမ်ခန်းမရရှိ သေးသည့် တက္ကသိုလ်ဆရာ၊ ဆရာ မများ၏ စစ်တမ်းကို စတင်ကောက်ယူရန် သြဂုတ် ၂၆ ရက်က ရန်ကုန်တက္ကသိုလ် ဆရာများ သမဂ္ဂရုံးခန်း တွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့သည်။

စစ်တမ်းကောက် ယူပြီးပါက ပညာရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှု ကော်မတီနှင့် အမျိုးသား လွှတ်တော် အလုပ်သမားရေးရာ ကော်မတီထံ ပေးပို့မည်ဖြစ် သည်။

READ - တက္ကသိုလ်ဝင်ခွင့်ရသူများကို သက်ဆိုင်ရာတက္ကသိုလ်များက နိုဝင်ဘာဒုတိယပတ် အကြောင်းပြန်မည်

‘‘ရန်ကုန်က ဆရာ၊ ဆရာမ တွေက အဓိကက နေရေးထိုင်ရေး အခက်အခဲကြုံရတယ်။ ဆရာ၊ ဆရာမတိုင်း ဝန်ကြီးဌာနက ပေး တဲ့ အိမ်ခန်းမရဘူး။ ဆရာ၊ ဆရာမတွေက  ကိုယ်ရတဲ့လခ နီးပါးအ ပြင်မှာ အိမ်ငှားနေရတယ်။ အိမ် ခန်းလျှောက်တဲ့သူတွေရှိတယ်။ လျှောက်ပေမယ့် မရဘူး။ လျှောက်ထားတဲ့သူတွေကကော ဘယ် လောက်ရှိသလဲပေါ့။ ဝန်ကြီးဌာနဘက်ကကော အရေအတွက်ဘယ်လောက်ပေးနိုင်လဲ။ ဒါတွေ ချိန်ဆ နိုင်ဖို့ စစ်တမ်းကောက်ပေးတဲ့ သ ဘောပါ’’ ဟု ကထိကဦးလှိုင်တင့် ကပြောသည်။

ပညာရေးဝန်ကြီးဌာန အ ဆင့်မြင့်ပညာ ဦးစီးဌာနအောက် ရှိ နည်းပြမှ ပါမောက္ခချုပ်အဆင့်အ ထိ ဆရာ၊ ဆရာမ များ အတွက် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် အိမ်ခန်းများ လျှောက်ထားနေထိုင် ခွင့်ပြုထား သော်လည်းလုံလောက် မှုမရှိဘဲ ဆရာ၊ဆရာမ အချို့သာ နေထိုင်ခွင့်ရနေသည်။

‘‘ကျွန်တော်တို့အဓိကရည် ရွယ်ချက်ကတော့ ဆရာ၊ ဆရာမ တွေ သူတို့ဂုဏ်သိက္ခာနဲ့ ညီတဲ့အိမ်ခန်းတွေ ရရှိစေချင်တဲ့ ရည်ရွယ် ချက်ပါ။ ပြီးတော့ တစ်ဖက်က လည်း အကျပ်အတည်းတွေရှိတာ ပေါ့။ ဒါတွေကိုလည်း ကျွန်တော် တို့က ပူးပေါင်းဆောင်ရွက်လို့ရရင် ပူးပေါင်းဆောင်ရွက်မှာပါ’’ ဟု ရန် ကုန်တက္ကသိုလ်ဆရာများသမဂ္ဂ ကထိက ဦးကြည်ထင်ပေါ်ကပြော ကြားသည်။

အဆင့်မြင့်ပညာဦးစီးဌာနအောက်တွင် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ် ၁၃၃ ခုရှိသော်လည်း တက္ကသိုလ်တိုင်း တွင် ဆရာ၊ ဆရာမ နေအိမ်များ ဆောင်ရွက်မပေးနိုင်သေးဟု ဆရာ၊ ဆရာမများထံမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 1830 times