ပညာရေးကောလိပ်အသီးသီး၏ ဝင်ခွင့်ရဦးရေ၏ (၅) ရာခိုင်နှုန်း ဝင်ခွင့်ပေးမည်

ပညာရေးကောလိပ်အသီးသီး၏ ဝင်ခွင့်ရဦးရေ၏ (၅) ရာခိုင်နှုန်း ဝင်ခွင့်ပေးမည်

ယခုနှစ်တက္ကသိုလ်ဝင်ခွင့်တွင် ပညာရေးကောလိပ်အသီးသီးကို ဝေးလံဒေသမှ လျှောက်ထားမည့် ကျောင်းသား/သူ များအတွက် ဝင်ခွင့်ရဦးရေ၏ (%) ဝင်ခွင့်ပေးရန် စီစဉ်လျှက်ရှိကြောင်းသိရပါသည်။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/သူများအား ပညာရေးကောလိပ်ဝင်ခွင့်ရမှတ်ကို ဖြေလျှော့ပြီး တက်ရောက်သင်ယူခွင့်ရရှိရေး (အထူးဒေသ) အဖြစ်သတ်မှတ်ဆောင်ရွက်ရန် အစီအစဉ်မရှိသော်လည်း ၂၀၁၈ ခုနှစ်မှ စတင်ကာမြို့နယ်အလိုက် ယှဉ်ပြိုင်လျှောက်ထားခြင်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်ခွင့်အရ ဝေးလံခေါင်ဖျားဒေသမှ လျှောက်ထားသည့်ကျောင်းသား/သူများကို ပညာရေးကောလိပ်အသီးသီးတွင် လက်ခံမည့်ဦးရေ၏ (%) ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။

 

ပညာရေးဒီဂရီ ကောလိပ်များကို တက်ရောက်ခွင့်ရရှိမည့် ကျောင်းသား/သူများကို ရွေးချယ်ရာတွင် ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ သတ်မှတ်ချက်တွေနှင့်အညီ ရွေးချယ်ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟုပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားပါသည်။

 

ယင်းကဲ့သို့ ပြောကြားရခြင်းမှာ ယခုလ () ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း မေးမြန်းသော ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဝန်ထမ်းလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေးနှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ပညာရေးကောလိပ် ဝင်ခွင့်ရမှတ်ကို ဖြေလျှော့ပြီးတက်ရောက်သင်ကြားခွင့် ရရှိရေး (အထူးဒေသ) အဖြစ် စဉ်းစားပေး၍ စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းခဲ့ရာ ပညာရေးဝန်ကြီးက ပြန်လည်ဖြေကြားခံခြင်း ဖြစ်ပါသည်။

Read More>>>> ကိုရီးယားနှင့် ပူးပေါင်း၍ ဘဏ်လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းပေးမည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ကာပညာရေးကောလိပ် (၂၅) ကျောင်းကို () နှစ်သင်ပညာရေး ဒီဂရီကောလိပ်များအဖြစ်အဆင့်တိုးမြှင့်မည်ဖြစ်ပါသည်။

Source: Democracy

 

News Read 2793 times