Sales Hotline : 09448001653       Download App



COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အသုံးပြုရန် လူဦးရေစာရင်း ကောက်ယူခြင်းကိစ္စ

COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အသုံးပြုရန် လူဦးရေစာရင်း ကောက်ယူခြင်းကိစ္စ

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံးအုပ်စုကို ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ်ရန်နှင့် သေဆုံးမှုကို လျှော့ချနိုင်ရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်၍ ပုံမှန်လုပ်ငန်းများပြန်လည် လည်ပတ်နိုင်စေရန် COVID-19 ကာကွယ်ဆေးရရှိနိုင်မှုအပေါ်တွင် မူတည်၍ ကာကွယ်ဆေးထိုးနှံပေး ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ။ 

သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းအတွက် တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများ အနေဖြင့် မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသာ ဝန်ထမ်းအင်အားစာရင်း လိုအပ်ပါ သဖြင့် ပူးတွဲပါပုံစံအတိုင်း စာရင်းပြုစု၍ ဤဦးစီးဌာန စီမံကိန်း၊ စာရင်းအင်း၊ မှတ်တမ်းဌဌာနခွဲ၊ e-mail address [email protected] သို့ (၂၂-၁-၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ (မပျက်မကွက်) ပြန်လည်ပေးပို့ရန် အကြောင်းကြားပါသည်။

By Myanmar Education Guide (EDGE) 

News Read 2147 times