ယခုနှစ်တွင် တက္ကသိုလ်ဒီဂရီကောလိပ် ၄၀ ကျော်၌ နည်းပြ၊ သရုပ်ပြ ၇၀၀ ကျော် ခန့်အပ်မည်

ယခုနှစ်တွင် တက္ကသိုလ်ဒီဂရီကောလိပ် ၄၀ ကျော်၌ နည်းပြ၊ သရုပ်ပြ ၇၀၀ ကျော် ခန့်အပ်မည်

နည်းပြ၊ သရုပ်ပြ ခန့်ထားရန် လိုအပ်သော တက္ကသိုလ်ဒီဂရီကောလိပ် ၄၉ ခုအတွက် စုစုပေါင်း နည်းပြ၊ သရုပ်ပြ ရာထူးနေရာ ၇၀၀ ကျော် ခန့်ထားခွင့် ရရှိမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

နည်းပြ၊ သရုပ်ပြ လိုတာတွေကို ကျောင်းအလိုက်ပဲ ခေါ်တော့မှာဖြစ်ပြီး ခွင့်ပြုစာရင်း လုပ်ပြီးပြီဆိုရင် သတင်းစာ တွေကနေ ကျောင်းအားလုံးအတွက် ခေါ်ပေးမည် ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ် ဒီဂရီကောလိပ် ၄၀ ကျော်တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ဦးရေမှာ ၇၀၀,၀၀၀ ကျော်ရှိပါသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ ဆရာ၊ ဆရာမပေါင်း ၁၃,၀၀၀ ကျော် သာရှိကြောင်း တက္ကသိုလ်ဒီဂရီ ကောလိပ်များကို အဆင့်မြှင့်တင်ခြင်း၊ တက္ကသိုလ်ဒီဂရီကောလိပ်များ အသစ်ဖွင့်လှစ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူဦးရေ များပြားလာခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများ ဖွင့်လှစ်ခြင်း၊ ပင်စင်ယူ နုတ်ထွက်သွားသော ဆရာ၊ ဆရာမများ ရှိလာခြင်းကြောင်း အသစ်ထပ်မံ ဖြည့်ဆည်းခန့်ထားရန် လိုအပ်ခြင်းကြောင့် ထပ်မံဖြည့်ဆည်းရခြင်းဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ၂၀၁၅ ခုနှစ်တွင်လည်း တက္ကသိုလ်ဒီဂရီကောလိပ် ၃၅ ခုအတွက် နည်းပြ၊ သရုပ်ပြ ၄၀၀ နည်းပါးကို ခွင့်ပြုခန့်ထားခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 10594 times