သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း) ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန လက်အောက်ရှိ သမ၀ါယမ တက္ကသိုလ် (၂) ခုအနက် တစ်ခု ဖြစ်ပါသည်။
သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း) ဟာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် တည်ရှိပါသည်။
သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း) သည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ စီးပွားရေး အသိုက်အ၀န်းတွင် အမှန်တကယ်လိုအပ်နေသော အရည်အချင်းပြည့်စုံသော လူမှုစီးပွားရေးပညာကို ကျွမ်းကျင်သော လူစွမ်းအား အရင်းအမြစ်များကို
မွေးထုတ်ပေးနိုင်ရေးအတွက် ရှေးရှုကာ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို ရေးဆွဲပြီး အောက်ပါဘွဲ့များ နှစ်စဉ်ပေးအပ်လျက် ရှိပါသည်။
၁။ B.Bsc (Social Entrerprise Management)
၂။ B.Bsc (Regional Development)
၃။ B.Bsc (Applied Statistics)
၎။ B.Bsc (Accounting and Finance)
၅။ B.Bsc (Marketing Management)
ဘွဲ့ကြိုတန်းမှာ (၄) နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး ကျောင်းသား/သူများအနေဖြင့် ဒုတိယပညာနှစ်တွင် မိမိတို့ နှစ်သက်ရာ မေဂျာများကို ရွေးချယ်လျှောက်ထားခွင့် ရှိပါသည်။
ဘွဲ့ကြိုတန်း (၄) နှစ်ပြီးဆုံးပြီး သတ်မှတ်အရည်အချင်းပြည့်မီသူများသည် မဟာတန်းသင်တန်း များသို့ ဆက်လက်တက်ရောက်ခွင့်ရမှာ ဖြစ်ပါသည်။
မဟာတန်းသင်တန်းများတွင် အောက်ပါဘွဲ့အမျိုးအစားများကို ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပါသည်။
၁။ Master of Accounting and Finance
၂။ Master of Regional Development
၃။ Master of Applied Statistics
၎။ Master of Social Enterprise Management
၅။ Master of Marketing Management
- သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း) မှ ပေးအပ်လျက်ရှိသော ဘွဲ့များမှာ လက်ရှိစီးပွားရေး ဈေးကွက်တွင် အမှန်တကယ် လိုအပ်နေသော စီးပွားရေးပညာဘွဲ့များ ဖြစ်သည့်အတွက် အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများမှာလည်း အလွန်ကောင်းမွန်လှပါသည်။
- ထို့အပြင် ကျောင်းသား/သူများအနေဖြင့် မိမိတို့သင်ကြားထားသော ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် မည်သို့မည်ပုံ ဆက်စပ်အသုံးချရမည်ကို သိရှိနိုင်ရေး Theory နှင့် Practical များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး Job Fair များပြုလုပ်ပေးလျက်ရှိပါသည်။
- သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း)သို့ (၂၀၁၇-၁၈) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ၀ိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ၀ိပ္ပံဘွဲ့တို့ဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/သူတိုင်း လျှောက်ထားနိုင်ပါသည်။
- တက္ကသိုလ်ဝင်ခွင့်ရွေးချယ်မှုပုံစံမှာ ဘာသာတွဲအလိုက် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း ပေါ်တွင်မူတည်၍ ရွေးချယ်သွားမည် ဖြစ်သည်။
- ယခင်နှစ်၏ တက္ကသိုလ်ဝင်ခွင့် ရမှတ်များမှာ -
၁။ ၀ိဇ္ဇာတွဲ (၃၁၀)
၂။ ၀ိပ္ပံတွဲ (၃၈၀)
၃။ သိပ္ပံတွဲ (၃၈၀) တို့ဖြစ်ပြီး ၀င်ခွင့်ရမှတ်များမှာ တက္ကသိုလ်သို့ လျှောက်ထားသူ ကျောင်းသား/သူတို့၏ တက္ကသိုလ်ဝင်ခွင့်ရမှတ်များအလိုက် နှစ်စဉ်ပြောင်းလဲမှုများ ရှိပါသည်။
သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း)သည် ကျောင်းသား/သူများအား စီးပွားရေးပညာရပ်များကို သင်ကြားပေးသည်သာမ ကျောင်းသား/သူများ၏ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်၊ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ စီမံခန့်ခွဲမှုစွမ်းရည်၊ အားကစားစွမ်းရည်များ တိုးတက်လာရေးအတွက် တက္ကသိုလ်တွင်းနှင့် တက္ကသိုလ်ပြင်ပတို့တွင် ပွဲများ၊ အခမ်းအနားများ၊ (Activities) များတွင် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ တက်ကြွပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
(၂၀၁၈-၁၉) ပညာသင်နှစ်အတွက် သမ၀ါယမတက္ကသိုလ် (စစ်ကိုင်း) ၀င်ခွင့် အသေးစိတ်အကြောင်းအရာများကို www.cus.edu.mm တွင် အသေးစိတ် ၀င်ရောက်လေ့လာနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: co-operative university, Sagaing