တက္ကသိုလ်၊ ကောလိပ်များတွင် တတိယနှစ်သင်တန်းအောင်မြင်ပါက ဘွဲ့ကြိုပေါင်းစပ် ဘာသာရပ် ခြောက်ခု ရွေးချယ်တက်ရောက်နိုင်

တက္ကသိုလ်၊ ကောလိပ်များတွင် တတိယနှစ်သင်တန်းအောင်မြင်ပါက ဘွဲ့ကြိုပေါင်းစပ် ဘာသာရပ် ခြောက်ခု ရွေးချယ်တက်ရောက်နိုင်

တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်သင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ တွင် တတိယနှစ်သင်တန်းအောင် မြင်ပြီး စတုတ္ထနှစ် (နောက်ဆုံးနှစ်) သို့ တက်ရောက်သည့်အခါ ဘွဲ့ ကြိုပေါင်းစပ်ဘာသာရပ် ခြောက် ခုကို ရွေးချယ်တက်ရောက်နိုင် သည်ဟု ၂၀၁၇ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်၌ကြေညာထားသည်။

ဝိဇ္ဇာဘာသာရပ် အထူးပြုယူ သူများနှင့် သိပ္ပံဘာသာရပ် အထူး ပြုယူသူများသည် စတုတ္ထနှစ် (နောက်ဆုံးနှစ်) သင်တန်းသို့ တက်ရောက်သည့်အခါ မူလတက် ရောက်နေသာ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံ ဘွဲ့များအပြင် B.A (Southeast Asia and Pacific Studies), B.A (Myanmar Studies), B.A (English for Occupational Purposes), B.A (Behavioral Studies), B.Sc (Environmental Studies နှင့် B.Sc (Biotechnology) စသည့် ဘာသာရပ် ခြောက်ခုကို ဘွဲ့ကြိုပေါင်းစပ်ဘာ သာရပ်များအဖြစ် ထပ်မံရွေးချယ် တက်ရောက်နိုင်သည်။

READ -  တက္ကသိုလ်နှင့် ကောလိပ် ၅၀ နီးပါး၏ ရာထူးတိုးပြောင်းရွှေ့စာရင်းများ နိုဝင်ဘာလကုန်တွင် ထွက်ရှိမည်

အဆိုပါပေါင်းစပ်ဘာသာ ရပ်များကို ယခင်ပညာသင်နှစ် များ ကတည်းက ရွေးချယ်သင်ယူ ခွင့် ပေးထားသော်လည်း ကျောင်း သား၊ ကျောင်းသူများ သတင်းအ ချက်အလက်ရရှိမှု အားနည်းခြင်း၊ အဆိုပါဘာသာရပ်များ၏ အလုပ် အကိုင်အခွင့်အလမ်း ရှားပါးခြင်း ကြောင့် တက္ကသိုလ်၊ ကောလိပ် တို့တွင် ရွေးချယ်သင်ယူသူမရှိ ကြောင်း အဆင့်မြင့်ပညာဦးစီးဌာ န (ရန်ကုန်ရုံးခွဲ)  ဒုတိယညွှန်ကြားရေးမှူး ဦးစောခိုင်က ပြောသည်။

‘‘တတိယနှစ်အောင်ရင်စယူ လို့ရတယ်။ ဘွဲ့ကြိုပေါင်းစပ်ဘာ သာရပ်တစ်ခုခုကို သူရွေးမယ်ဆို ရင်တော့ ဘွဲ့ရတဲ့အခါ ဘွဲ့ကြို ပေါင်းစပ်ဘာသာရပ်နဲ့ ဘွဲ့ရမှာ ပါ။ နှစ်စဉ်ရှိပါတယ်။ ကျောင်း သားရဲ့ ရွေးချယ်မှုနဲ့ ဆိုင်တယ်’’ ဟု ၎င်းဆိုသည်။

ပထမနှစ်မှ တတိယနှစ်အ ထိ တက်ရောက်ခဲ့သော ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့ကြိုဘာသာရပ်များအ ပေါ် မူတည်ကာ ဘွဲ့ကြိုပေါင်း စပ်ဘာသာရပ်များကို ရွေးချယ် ခွင့်ပြုမည်ဖြစ်ပြီး နောက်ဆုံးနှစ် ဘွဲ့ရသည့်အခါ ဘွဲ့ကြို ပေါင်းစပ် ဘာသာရပ်ဖြင့်သာ ဘွဲ့ပေးအပ် မည်ဖြစ်သည်။

‘‘ဒီအချက်က တက္ကသိုလ်ဝင် ခွင့်လမ်းညွှန်မှာတော့ ပါပြီးသား ပါ။ ကျောင်းသားက စတုတ္ထနှစ် တက်တဲ့အခါ ဒီဘာသာတွေထဲက သူကြိုက်တာ ရွေးချယ်ခွင့်ရှိတယ် ဆိုပြီးတော့ သတ်မှတ်ထားတယ်။ ဆရာတို့ တက္ကသိုလ်မှာတော့ အခု ထိ ကျောင်းသားတွေက ဘွဲ့ကြို ပေါင်းစပ်နဲ့ ပတ်သက်ပြီး ရွေးချယ်ချင်တယ်ပြောတာတော့ မရှိသေး ဘူး။ ကလေးတွေအပေါ် မူတည် တယ်’’ ဟု ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၆-၁၇ ပညာသင်နှစ် ဒုတိယ ပညာသင် ကာလ စာမေးပွဲများကို စက်တင်ဘာ တတိယပတ်က ကျင်းပခဲ့ပြီး နိုဝင်ဘာတွင် အောင် စာရင်း ထုတ်ပြန်ကြေညာကာ ဒီဇင်ဘာတွင် နောက်ပညာသင်နှစ် စတင်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၈ခုရှိပြီး အဆိုပါတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဝိဇ္ဇာသိပ္ပံဘွဲ့ကြိုဘာသာရပ်များကို လေးနှစ်၊ ဥပဒေဘာသာရပ်ကို ငါးနှစ်သင်တန်းများ ပို့ချနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 4938 times