တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို စစ်ဆေးမည့် အထက်တန်းပြများအနေဖြင့် သင်ကြားနေသည့် ဘာသာရပ်နှင့် စစ်ဆေးမည့် ဘာသာရပ်များ ကိုက်ညီရန် လို

တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို စစ်ဆေးမည့် အထက်တန်းပြများအနေဖြင့် သင်ကြားနေသည့် ဘာသာရပ်နှင့် စစ်ဆေးမည့် ဘာသာရပ်များ ကိုက်ညီရန် လို

 

၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်မှ စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုကြမည့် အဖြေလွှာများကို စစ်ဆေးရန်အတွက် အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာ၊ ဆရာမ များကို ရွေးချယ်မည့်အပြင် အခြေခံပညာကဏ္ဍရှိ အထက်တန်းပြဆရာ၊ ဆရာမများ ကိုပါ ရွေးချယ်မည်ဖြစ်ရာ အထက်တန်းပြများကို ရွေးချယ်ရာတွင် ဘီအီးဒီစာပေးစာယူ နှစ်နှစ်သင်တန်း တက်ရောက်နေသူများ၊ ကျန်းမာရေး မကောင်း သူများ (အတွင်းလူနာ)၊ ကိုယ်ဝန်အရင့်အမာရှိသူများ၊ ပင်စင်ယူကာနီးအသက် (၅၈) နှစ်အထက်ရှိသူများ ပါဝင်ပါက မှတ်ချက်ရေးသားပေးပို့သွားရမည်  ဖြစ်သည်။

 

ရွေးချယ်ခြင်းခံထားရသော ဆရာ၊ ဆရာမများအနေဖြင့် မတ်လကုန်မှစတင်ပြီး သက်ဆိုင်ရာ တက္ကသိုလ်များတွင် စာစစ်လုပ်ငန်းများကို စတင်တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

READ - တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူ ရှစ်သိန်းခွဲခန့်တွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ၀င်ရောက်ဖြေဆိုမည့်သူ တစ်ဦးသာရှိ

 

“စာစစ်တဲ့လုပ်ငန်းက အင်မတန်တာဝန်ကြီးပါတယ်။ အမှားအယွင်းမခံပါဘူး။ ပြည်ထောင်စုကြီး ကလည်း ဒါကိုအထူးအလေးထားဖို့ လမ်းညွှန်မှာကြားထားတဲ့အတွက် စာစစ်လုပ်ငန်းဆောင်ရွက်မယ့် ဆရာ၊ ဆရာမတွေဟာ လက်ရှိသင်ကြားနေတဲ့ ဘာသာရပ်နဲ့ စစ်ဆေးမယ့် ဘာသာရပ်ကိုက်ညီဖို့အတွက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေတဲ့ ဆရာတစ်ဦးကို ဘောဂဗေဒစစ်ဆေးဖို့အတွက် စေလွှတ်ခြင်းမရှိရအောင် အခုကတည်းက ကြိုတင်ရွေးချယ်ထားရမှာပါ” ဟု ပြောသည်။

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို စစ်ဆေးရမည့် တက္ကသိုလ်မှ ဆရာ၊ ဆရာမ များနှင့် အထက်တန်းပြများကို လုပ်သက်သုံးနှစ်ပြည့်ပြီးသောသူများအား အသုံးပြုမည် ဖြစ်သည်။

 

ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို စစ်ဆေးရာတွင် ဘာသာရပ်ကျွမ်းကျင်သူများ ရွေးချယ်စေလွှတ်ရန်အတွက် လမ်းညွှန်မှာကြားထားသည့် အတွက် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

နှစ်စဉ်ဖြေဆိုနေရသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းများကို တစ်နိုင်ငံလုံး ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်များမှ ၀ါရင့်ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ အထက်တန်းပြ များကို အသုံးပြုပြီး ဘာသာရပ်တစ်ခုလျှင် စာစစ်မှူးချုပ်ဆယ်ဦးက ပြုစုထုတ်ဝေသော မေးခွန်းများကို အသုံးပြုပြီး မေးမြန်းလေ့ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

 

Source: democracy today

 

 

News Read 1924 times