ယခင်နှစ်များက တက္ကသိုလ် ၀င်စာမေးပွဲ စုစုပေါင်းရမှတ် တစ်ခုတည်းဖြင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်ဝင်ခွင့်ကို ဆုံးဖြတ်ခဲ့ သော်လည်း ယခုနှစ်တွင် လူတွေ့ နှုတ်ဖြေထပ်မံစစ်ဆေးပြီးမှ လက် ခံမည်ဖြစ်သည်။
‘‘အစတုန်းက ရေးဖြေ တောင် စစ်ဖို့ကနေ မစစ်ဖြစ်တော့ တာ။ ကလေးတွေအတွက် ၀န် ထုပ်ဝန်ပိုးဖြစ်သွားမှာစိုးလို့။ နှုတ် ဖြေကတော့ မြန်လည်းမြန်မယ်။ လိုအပ်ချက်လေး တစ်ခုအနေနဲ့ စစ်တဲ့သဘောပေါ့လေ။ ကျွန် တော့်အမြင်ပြောရရင် အင်တာ ဗျူးလိုက်တဲ့အတွက် ကလေးတွေ ရဲ့ အားနည်း၊ အားသာချက်တွေ ပိုသိရတာပေါ့’’ဟု ရန်ကုန်စီးပွား ရေးတက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဦးသန်းစိုးဦးက ပြော သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)သို့ တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၄၅၀ နှင့် အထက်ရရှိသူများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)သို့ ရမှတ် ၄၀၀ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်ပြီး ကျောင်းနှစ်ခုစလုံး ၀င်ခွင့်နှုတ်ဖြေ စစ်ဆေးမည်ဖြစ် သည်။
ဝင်ခွင့်နှုတ်ဖြေကို တက္ကသိုလ်တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များဖွဲ့ကာ စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံနှင့်ဆိုင်သည့် အထွေထွေ ဗဟုသုတများ လေ့လာထားသင့် ကြောင်း ဦးသန်းစိုးဦးကအကြံပြုသည်။
လှိုင်နယ်မြေကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦး၊ ရွာသာကြီးနယ်မြေကျောင်း တွင် ၁,၂၀၀ ဦး လက်ခံရန် လျာ ထားပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများကို ၀င်ခွင့်လျှောက်ထားခွင့်ပြုသည်။
ဝင်ခွင့်လျှောက်လွှာများကို ဇွန်လ ၁၅ မှ ဇူလိုင် ၁၅ ရက်အထိ ပြည်လမ်းနှင့် အင်းလျားလမ်းထောင့်ရှိ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ) သင်တန်းရေးရာဌာနတွင် ထုတ် ယူရမည်ဖြစ်သည်။
ဝင်ခွင့်ရသူ များစာရင်းကို သြဂုတ် ၁၅ ရက် တွင် ကြေညာကာ သြဂုတ် ၁၆ ရက်တွင် ကျောင်းအပ်စတင် လက်ခံမည်ဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လက်ခံမှုစနစ်ကို ရန်ကုန်ရှိ တက္ကသိုလ် ခြောက်ခု၊ မန္တလေးရှိ တက္ကသိုလ် ငါးခုတွင် စတင်ပြောင်းလဲ မည်ဖြစ်သည်။
ရန်ကုန်စီးပွားရေး တက္ကသိုလ်က ၀င်ခွင့်ကို တိုက်ရိုက်လက်ခံပြီး ၀င်ခွင့်ရွေးချယ်ရာတွင် ယခင်ကဲ့သို့ အဆင့်မြင့်ပညာဦးစီးဌာနက ရွေးချယ်ပေးခြင်း မဟုတ်ဘဲ တက္ကသိုလ်ကသာ တိုက်ရိုက်ရွေးချယ်မည်ဖြစ်သည်။
ရန်ကုန်စီးပွားရေးတက္က သိုလ် (လှိုင်နယ်မြေ)တွင် စာရင်း ကိုင်ပညာ၊ လူဦးရေပညာ၊ ပြည် သူ့ရေးရာစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေး ပညာဘွဲ့ကြိုသင်တန်းများ၊ ရန် ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)တွင် ဘောဂဗေဒ၊ စာရင်းအင်း၊ ၀ါဏိဇ္ဇဗေဒ၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်မည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: 7day daily