ဘာသာရပ်နှင့်မကိုက်ညီသော အထက်တန်းပြ ဆရာ/မ များကို စာစစ်တာဝန်ပေးခြင်းမပြုရန် ဒေါက်တာမျိုးသိမ်းကြီးပြောကြား

ဘာသာရပ်နှင့်မကိုက်ညီသော အထက်တန်းပြ ဆရာ/မ များကို စာစစ်တာဝန်ပေးခြင်းမပြုရန် ဒေါက်တာမျိုးသိမ်းကြီးပြောကြား

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှ အဖြေလွှာများကို ဘာသာရပ်နဲ့ မကိုက်ညီတဲ့ အထက်တန်းပြ ဆရာဆရာမတွေကို စာစစ်တာဝန်ပေးခြင်းမပြုဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်ပါတယ်။

” စာစစ်လုပ်ငန်းဆောင်ရွက်ရာမှာ ကိုယ်ဝန်ဆောင်ဆရာမတွေ၊ အသက် ၅၈ နှစ်အထက် အသက်အရွယ်ကြီးတဲ့ ဆရာဆရာမတွေ၊ ကျန်းမာရေးမကောင်းတဲ့ ဆရာဆရာမတွေနဲ့ ဘာသာရပ်နှင့် မကိုက်ညီသော အထက်တန်းပြ ဆရာ၊ ဆရာမတွေကို စာစစ်တာဝန်ပေးခြင်းမပြုဖို့နဲ့ ဘာသာရပ်နဲ့ ကိုက်ညီသော အထက်တန်းပြ လုပ်သက် ၂ နှစ် အထက်ရှိတဲ့ ဆရာဆရာမတွေကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ တာဝန်ပေးဖို့နဲ့ ပျက်ကွက်မှုမရှိအောင် အလေးထားပူးပေါင်းဆောင်ရွက်ကြဖို့ လိုကြောင်း ” ၎င်းက ပြောကြားခဲ့ပါတယ်။

စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေနဲ့ စာမေးပွဲခန်း ကြီးကြပ်မယ့် ဆရာ၊ ဆရာမတွေ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းအစမှအဆုံးအထိ အကောင်းဆုံးပံ့ပိုး ဖြည့်ဆည်းဆောင်ရွက် ပေးသွားရ မှာဖြစ်ပါတယ်။

စာမေးပွဲစည်းမျဉ်း စည်းကမ်းနဲ့ အညီမေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းနဲ့ သက်ဆိုင်ရာကို လက်ဆင့်ကမ်းအပ်နှံ ဆောင်ရွက်ကြဖို့နဲ့ ကုဒ်လုပ်ငန်းဆောင်ရွက်ဖို့အတွက် လုံလောက်သော ဆရာဆရာမ အရေအတွက်နဲ့ တာဝန်ပေးအပ်ဖို့လိုအပ်ကြောင်း ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနဲ့ စာဖြေသူများလိုက်နာရန် စည်းကမ်းချက် များဆိုင်ရာ ဆွေးနွေးပွဲမှ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် က ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

News Read 4935 times