အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာသမိုင်းနှင့်ရိုးရာဓလေ့ဌာန SEAMEO CHAT မှ ဖွင့်လှစ် သင်ကြားပေးမည့် Chat Communication in English Language Course, Basic Level I (1/2019) သင်တန်းကို အောက်ပါ အစီအစဉ်ဖြင့် လက်ခံဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
သင်တန်းအမည် - Chat Communication in English Language Course, Basic Level I (1/2019)
သင်တန်းဖွင့်လှစ်မည့်နေရာ - ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာန၊ ပြည်လမ်း၊ ရန်ကုန်။
သင်တန်းဝင်ခွင့်အရည်အချင်း - သင်တန်းတက်ရောက်လိုသူများသည် အနိမ့်ဆုံးအခြေခံပညာ အထက်တန်းအောင်မြင်ပြီး CHAT Communication in English Course ဝင်ခွင့်စာမေးပွဲတွင် သင်တန်းက လက်ခံနိုင်သော လူဦးရေနှင့်အညီ သတ်မှတ်ထားသော အောင်မှတ်ရရှိသူများဖြစ်ရမည်။
သင်တန်းလက်ခံမည့်ပုံစံ - ၃-၁၂-၂၀၁၈ရက် နံနက် ၉းဝဝ နာရီတွင် SEAMEO CHAT Facebook တွင် ဖော်ပြထားသော Link မှတစ်ဆင့် သင်တန်း ဝင်ခွင့်ပုံစံ (online registration form) ကို ဖြည့်သွင်းပြီး တင်သွင်းရန်ဖြစ်ပါသည်။
(ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်အချိန်၊ နေ့ရက်၊ နေရာတို့ကို SEAMEO CHAT Facebook တွင်လည်းကောင်း SEAMEO CHAT ဌာနတွင် လည်းကောင်း ဖော်ပြထားမည်ဖြစ်ပါသည်။)
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။