စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကလွဲ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အားလုံးကို မေးခွန်း ပုံစံသစ် ပြောင်းမည်

စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကလွဲ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အားလုံးကို မေးခွန်း ပုံစံသစ် ပြောင်းမည်

တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ် ၁၀ ခုအနက် စိတ် ကြိုက်မြန်မာစာဘာသာရပ်က လွဲ ၍ ကျန်ဘာသာရပ်များကို မေးခွန်းပုံစံအသစ် ပြောင်းလဲမည်ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက 7Day သတင်းစာအား ပြောသည်။

‘‘အရင်တုန်းက ပညာရေး စနစ်ကိုရော၊ စာမေးပွဲစနစ်ကို ရော အလွတ်ကျက်ပြီး ပြန်ဖြေတဲ့ စနစ်လို့ ပြောကြတယ်။ အဲဒါတွေ လျော့သွားအောင် လုပ်တာပေါ့။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတွေးခေါ် မှုကို ဖြေရမယ့် မေးခွန်းပုံစံမျိုး ရောက်အောင် ပြောင်းတာပါ’’ ဟု ဒေါက်တာအောင်အောင်မင်းက ဆိုသည်။

မေးခွန်းပုံစံသစ်များတွင် သီ အိုရီပိုင်းဆိုင်ရာ အလွတ်ကျက် ဖြေဆိုရသည့် မေးခွန်းများနှင့် စဉ်း စားတွေးခေါ်မှုကို စစ်ဆေးသည့် မေးခွန်းများ ပါဝင်လာမည်ဟု ၎င်းက ပြောသည်။

ပြောင်းလဲအသုံးပြုမည့် မေး ခွန်းပုံစံသစ် တည်ဆောက်ပုံနှင့် ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြထားသော သတင်းဆောင်း ပါးတို့ကို မေလ ၂ ရက်မှ မေလ ၁၀ ရက်အထိ နေ့စဉ်ထုတ်သ တင်းစာများတွင် ဖော်ပြပေးမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေ ညာထားသည်။

READ - တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံသစ်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်

မေလ ၂ ရက်တွင် မြန်မာ စာ၊ ၃ ရက်တွင် အင်္ဂလိပ်စာ၊ ၄ရက်တွင် သင်္ချာ၊ ၅ ရက်တွင် ဓာတုဗေဒ၊ ၆ ရက်တွင် ရူပဗေဒ၊ ၇ရက်တွင် ဇီဝဗေဒ၊ ၈ရက်တွင် ပထဝီဝင်၊ ၉ ရက်တွင် သမိုင်းနှင့် ၁၀ ရက်တွင် ဘောဂဗေဒဘာသာ ရပ်တို့၏ မေးခွန်းပုံစံများ ဖော်ပြ မည်ဖြစ်သည်။

မေးခွန်းပုံစံသစ်များကို တစ် နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ဘာ သာရပ်ဆိုင်ရာ ပါမောက္ခများက ပြုစုထားပြီး ပြောင်းလဲရန် လိုအပ် သည့် ဘာသာရပ်များကိုသာ ပုံစံအသစ် ပြောင်းထားသည်ဟု ဒေါက်တာအောင်အောင်မင်းက ရှင်းပြသည်။

၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို သင်ရိုး သစ်မပြောင်းလဲဘဲ လက်ရှိသင် ရိုးအတိုင်း သင်ကြားမည်ဖြစ်ပြီး စာမေးပွဲမေးခွန်းသာ စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစိုးရ ၂ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းရာတွင် ပြောကြားထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲမေး ခွန်းပုံစံပြောင်းမည်ဟု ပြီးခဲ့သည့် ၂၀၁၇ အတွင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ၂၀၁၈ မတ်လ တက္ကသိုလ်ဝင်စာမေးပွဲမှ စတင်ကာ တွေးခေါ်မြော်မြင်နိုင်မှုကို အားပြုသော မေးခွန်းများ ပိုမိုထည့်သွင်းမည်ဟု ပညာရေးဝန်ကြီး ဌာနက ၂၀၁၇ သြဂုတ်တွင် ကြေ ညာခဲ့သည်။

ထို့နောက် ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာမေးခွန်း တွင် စဉ်းစားတွေးခေါ်မှုကို အခြေ ခံသည့် မေးခွန်းအချို့ပါဝင်လာသည်။ ‘‘မေးခွန်းပုံစံနဲ့ စာမေးပွဲစနစ် ပြောင်းဖို့က အားလုံးမျှော် လင့်နေကြတာပေါ့။ ဘယ်လိုပုံစံ ဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးရှိ ကိုယ်ပိုင် ကျောင်းသင် ရူပဗေဒဆရာတစ် ဦးက မှတ်ချက်ပြုသည်။

ယခင်က တက္ကသိုလ်စာမေး ပွဲ မေးခွန်းများကို တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ခုလျှင် မေးခွန်း တစ်စုံစီ ထုတ်ခဲ့သည်။

၂၀၁၅-၁၆ ပညာသင်နှစ်က စတင်ကာ တစ်နိုင်ငံလုံးတွင် မေးခွန်းတစ်စုံသာထုတ်၍ စစ်ဆေးသည့်စနစ်ကို ပြောင်းလဲခဲ့သော်လည်း မေးခွန်းပုံစံပြောင်း လဲမှု မရှိခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ပြီဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 3256 times