ဝင်ခွင့်ရတက္ကသိုလ်တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ဖို့ လိုအပ်သည့် အချက်အလက်များ

ဝင်ခွင့်ရတက္ကသိုလ်တစ်ခုမှ အခြားတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့ဖို့ လိုအပ်သည့် အချက်အလက်များ

ဥပမာ - ရန်ကုန်နည်းပညာတက္ကသိုလ် မှ ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် မှ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ရေကြောင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်မှ မှ ကွန်ပျုတာတက္ကသိုလ်၊ ဘာသာရပ်ထူးချွန် (COE) မှ နိုင်ငံခြားဘာသာတက္ကသိုလ် စသဖြင့် အမှတ်မီလျှင် တက္ကသိုလ်တစ်ခု မှ အခြား တက္ကသိုလ်တစ်ခု သို့ အပြန်အလှန်ပြောင်းရွှေ့ခွင့်ရှိပါသည်။

() ထိုသို့ ပြောင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ပြုလုပ်ရပါမည်။

- မိမိ ဝင်ခွင့်ရရှိသည့် တက္ကသိုလ်၌ ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ထောက်ခံစာကို အဆိုပါဝင်ခွင့်ရ တက္ကသိုလ်၌ သွားရောက်ယူဆောင်ရပါမည်။

- ထိုထောက်ခံစာနှင့်အတူ အမှတ်စာရင်းမိတ္တူ ၊ အောင်လက်မှတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူ တို့ကိုယူဆောင်၍ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ဝင် စိစစ်ရွေးချယ်ရေးအဖွဲ့၊ (သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) သို့ သွားရောက်၍ မိမိတက်ရောက်လိုသည့် တက္ကသိုလ်သို့ ပြောင်းရွှေ့ခွင့်ကို လျှောက်ထားနိုင်ပါသည်။

- ပြောင်းရွှေ့ခွင့်စာကို အဆိုပါဌာနမှ ရရှိပြီးသည့်အခါတွင် မိမိပြောင်းရွှေ့ခွင့်ရသည့် တက္ကသိုလ်သို့ သွားရောက် အကြောင်းကြားပြီး လူတွေ့စစ်ဆေးခြင်း၊ ကျောင်းအပ်ခြင်း အစရှိသည့် ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက် ရပါမည်။

- သို့ရာတွင် ကျောင်းဖွင့်အပြီး တစ်လအတွင်း၌ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

လိုအပ်သည့် စာရွက်စာတမ်းများ

() မိမိ ဝင်ခွင့်ရရှိသည့် တက္ကသိုလ်၌ ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ထောက်ခံစာ

() အမှတ်စာရင်းမိတ္တူ

() အောင်လက်မှတ်မိတ္တူ၊

() အိမ်ထောင်စုစာရင်းမိတ္တူ၊

() မှတ်ပုံတင် မိတ္တူ

တက္ကသိုလ်အပြောင်းအရွှေ့လျှောက်ထားလိုသူများကို မိမိပြောင်းရွှေ့လိုသည့် တက္ကသိုလ်၏ဝင်ခွင့်အမှတ် ပြည့်မီပြီး သတ်မှတ် ဦးရေမပြည့်သေးပါက ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်သည်။ ဝင်ခွင့်အမှတ်ပြည့်မီသော်လည်း သတ်မှတ်ဦးရေ ပြည့်နေပါက ပြောင်း

ရွှေ့ခွင့်ရမည်မဟုတ်သည့်အပြင် တက္ကသိုလ်၏ ဝင်ခွင့်အမှတ်မြင့်နေပါ က ပြောင်းရွှေ့ခွင့်ရမည် မဟုတ်ကြောင်း သိရသည်။

တက္ကသိုလ်ပြောင်းရွှေ့မည်ဆိုပါက မိမိဝင်ခွင့်ရရှိထားသည့်တက္ကသိုလ်မှ ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ထောက်ခံစာယူဆောင်ပြီး အမှတ်စာရင်း မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို တက္ကသိုလ်ဝင်ခွင့် ရွေးချယ် ရေးအဖွဲ့၊ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့အပြောင်းအရွှေ့ တင်ရမည်ဖြစ်သည်။

ထို့ပြင် တက္ကသိုလ်ပြောင်းရွှေ့ရာတွင် နည်းပညာ တက္ကသိုလ်ချင်းသော်လည်းကောင်း၊ ဆေးတက္ကသိုလ်ချင်းသော် လည်းကောင်း ပြောင်းရွှေ့ခွင့်ပြုမည်မဟုတ်ကြောင်း၊ ယခုပညာသင်နှစ် တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများကို နောက်ပညာသင်နှစ် များတွင် နေ့သင်တန်း ပုံမှန်ကျောင်းသားအဖြစ် တက္ကသိုလ်၊ ဒီဂရီကော လိပ်များတွင် တက်ရောက်ခွင့် မပြုထားကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ဝင်ခွင့်ရရှိပြီး ဝင်ခွင့်ရရှိသည့်နှစ်တွင် တက္ကသိုလ်များ သို့ လာရောက်ဆက်သွယ်ခြင်းမပြုသည့် ကျောင်းသား၊ ကျောင်းသူများ အား ကပ်လျက်ပညာသင်နှစ်တွင် ဝင်ခွင့်ရသည့် တက္ကသိုလ်များတွင် ဝင်ခွင့်ပြန်လည်လျှောက်ထားပါက မူလဝင်ခွင့်ရ အထူးပြုဘာသာရပ်များ အတိုင်းသာ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ ဝင်ခွင့်ပြုထားသော ကျောင်းသား၊ ကျောင်းသူများကို မိမိတက်ရောက်လိုသော တက္ကသိုလ် များအား သတ်မှတ်ရက်များအတွင်း ပြောင်းရွှေ့ခွင့်နှင့် လျှောက်ထား ခွင့်ပြုထားသည်။

အပြောင်းအရွှေ့များတွင် သတ်မှတ်ချက်များ ရှိသည့်အတွက် ပြောင်းရွှေ့လိုတိုင်း ပြောင်းရွှေ့ခွင့်ပြုမည် မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် အမှတ်နှင့် တက္ကသိုလ် သတ်မှတ်ဦးရေပြည့်မီမှုရှိ၊ မရှိအား တွက်ဆပြီးမှသာ အပြောင်းအရွှေ့ကို ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: university of yangon

News Read 10674 times