တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များကို ဇူလိုင်လဆန်းပိုင်းတွင် ထုတ်ပေးနိုင်ရန် မျှော်မှန်း

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များကို ဇူလိုင်လဆန်းပိုင်းတွင် ထုတ်ပေးနိုင်ရန် မျှော်မှန်း

 

“အမှတ်စာရင်းထုတ်ပြီး နောက်ပိုင်းမှ အောင်လက်မှတ်ထုတ်ပေးနိုင်မှာပါ။ အမှတ်စာရင်းလာရောက် ထုတ်ယူတဲ့ သူနည်းသွားရင် ၀န်ထမ်းတချို့ကို အောင်လက်မှတ် ထုတ်ပေးဖို့ တာဝန်ပေးလို့ ရပြီဆိုတော့

အောင်လက်မှတ်ထုတ်ပေးမယ့်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အချိန်ပေးရဦးမယ်။ ပုံမှန်အားဖြင့် ဇူလိုင်လဆန်းပိုင်းမှာ ထုတ်ပေးနိုင်လိမ့်လို့တော့ မျှော်မှန်းထားပါတယ်” ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များထုတ်ပေးရန် ရုံးတွင်း လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရသည့်အတွက် ၀န်ထမ်းအင်အား လိုအပ်သည်။

လက်ရှိတွင် စာမေးပွဲရမှတ်များ ထုတ်ပေးရန် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရှိ ၀န်ထမ်းအားလုံးကို တာဝန်ပေးထားသည့်အတွက် အမှတ်စာရင်းထုတ်သူ နည်းသွားသည့်အချိန် ဖြစ်သော ဇူလိုင်လဆန်းပိုင်းလောက်မှာ အောင်လက်မှတ်များ ထုတ်ပေးနိုင်မည် ဖြစ်သည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၂ ရက်က ထုတ်ပြန်ပေးခဲ့သည်။

ယမန်နေ့က အမှတ်စာရင်းများ ထုတ်ပေးခဲ့ရာ အမှတ်စာရင်းများကို လျင်မြန်လွယ်ကူစွာ ထုတ်ယူနိုင်ရန် ကွန်ပျူတာ ပရိုဂရမ်ဖြင့် အမှတ်စာရင်းများ ထည့်ပြီး ခုံအမှတ်ရိုက်လိုက်ရုံဖြင့် အမှတ်စာရင်းရရှိအောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: မြ၀တီ

News Read 2576 times