ဘွဲ့ရစလူငယ်များအတွက် စီးပွားရေးဆိုင်ရာ အခြေခံကျွမ်းကျင်မှုများသိရှိပြီး လုပ်ငန်းခွင်တွင် တိုးတက်မှုမြန်ဆန်စေရန် သင်ကြားပေးသော (၇) ရက် သင်တန်းဖြစ်သည်။
သင်တန်းအစ အဆုံးတက်ရောက်ပြီး စာမေးပွဲအောင်မြင်သော သင်တန်းသား၊ သင်တန်းသူများကို Strategy First University ၏ မိတ်ဖက် ကုမ္ပဏီအဖွဲ့အစည်းများတွင် အလုပ်အကိုင်များရရှိနိုင်ရန် အခမဲ့ပြန်ရည်ညွှန်းပေးပါသည်။
Strategy First University မှ မည်သည့်ငွေကြေးအကျိုးအမြတ်မှ ရည်မှန်းခြင်းမရှိဘဲ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေ တိုးတက်စေဖို့ အတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
Strategy First University သင်တန်းကျောင်း၊ ဆရာ/မ များ၊ ကျောင်းသား/သူများ၊ ဝန်ထမ်းများ၏ စုပေါင်းပညာဒါန အစီအစဉ်ဖြစ်သည်။ Strategy First University တွင် ICM နှင့် အင်္ဂလိပ်စာ သင်တန်းများ ဆက်လက် တက်ရောက်ရန်လည်း 465,000 တန် Scholarship တစ်တန်းလျှင် (၂) ဆု စီစဉ်ထားပါသည်။ လစဉ်ဖွင့်လှစ်သွားပါမည်။
Certificate in Essential Skills for Business Careers (Batch-34)
သင်ကြားပေးမည့် ခေါင်းစဉ်များ-
1. Introduction to Business Organizations
2. Effective Communications Skills
3. Job Hunting, CV and Job Interviews
4. Personal Leadership & Interpersonal Skills
5. Basic Selling Skills & Customer Service
6. Basic Financial Literacy
သင်ကြားပေးမည့် ဆရာ/မ များ -
1. ဒေါ်အေးအေးဝင်း : M.A, Int'l Business Studies (Sophia University, Japan), M. Com, B. Com (Hons, YIE), Dip in English.
2. ဦးအောင်သူ , M. Com (MEUE),B. Com(Q**)
3. ဦးအားဇဲဇာဆာ : Diploma in Business Law (Yangon University), LL.B (Dagon University), MBA (Assumption University of Thailand)
4. ဒေါ်နှင်းနုအောင် : M. Com, B. Com (Q**,MEUE)
5. ဒေါ်သွယ်သွယ်အေး : M. Com, B. Com (Q**,MEUE)
သင်တန်းချိန် - နေ့လည် (၁) နာရီ မှ ညနေ (၄) နာရီ ထိတက်ရောက်ရမည်ဖြစ်သည်။
သင်တန်းရက် - ဧပြီလ (၁)ရက်နေ့ (တနင်္လာနေ့) မှ (၉)ရက်နေ့ (အင်္ဂါနေ့) အထိဖြစ်သည်။
သင်တန်းတက်ရမည့်ရက်များ ဧပြီလ ၁, ၂, ၃, ၄, ၅, ၈, ၉ရက်နေ့ အထိ တက်ရောက်ရမည် (ဧပြီလ ၆, ၇) ရက်နေ့သည် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက် ဖြစ်သည်။
စာမေးပွဲရက် - ဧပြီလ (၉) ရက် (အင်္ဂါနေ့) စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ မည့်သည့် အခကြေးငွေမှပေးရန်မလိုအပ်ပါ။
-----------------------------
ဝင်ခွင့်သတ်မှတ်ချက် - တက္ကသိုလ်ကျောင်းသား/သူ (သို့) ဘွဲ့ရစ ဖြစ်ရမည်။
အသက် ၁၈မှ ၂၅ နှစ်ကြား၊ လက်ရှိအလုပ်အကိုင် မရှိသေးသူများသာ လျှောက်ထားပါ။
လျှောက်ထားလိုသူများအနေဖြင့်အောက်ပါ link တွင်ဝင်ရောက်ဖြည့်စွက်ပေးပါခင်ဗျာ။
https://www.surveymonkey.com/r/CSRBatch34
ရွေးချယ်ခံရပါက Email ဖြင့် ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ပါသည်။
သတ်မှတ်ချက် ကိုက်ညီသူအားလုံးကို ဦးရာလူစနစ်ဖြင့် ရွေးချယ်ပြီး ဧပြီလအတွက် ကျောင်းသား/သူ ၂၀၀ ပြည့်သွားပါက မေလ အတွက် စီစဉ်ပေးပါမည်။ လစဉ်အခမဲ့ဖွင့်လှစ်သွားပါမည်။
အလုပ်အကိုင်အတွက် ချိတ်ဆက်ပေးသည့် မိတ်ဖက်အဖွဲ့အစည်းများ-
1.ABC Convenience Stores
2.Ayar Myanmar Insurance
3.AYA Bank
4.Blue Ocean Operating Management
5.Capital Insurance
6.CP Myanmar
7.Elite Express
8.Future Com Advertising
9.Htoo Group of Companies
10.High Tech Concrete Co., Ltd.
11.Mandalay Advertising
12.Myanmar Jobs DB
13.Premier Coffee
14.Putet Comics
15.R.Oasis Limited
16.SAI Sexy and Intelligent
17.SAM Field Marketing Services
18.Strategy First Institute
19.Technoland
20.Thuriya Win Co.,Ltd ( Nagar Pyan Tea)
21.United Pharma
22.Unilever Myanmar
23.UAB Bank
24.Yum Yum Instant Noodles
25.Zifam Pharmaceuticals
26.Mega Lifesciences Ltd.,
27.CB Bank
သင်ကြားမည့်နေရာ - အမှတ် (၂၃၉)၊ ပြည်လမ်း (မြေနီကုန်း City Mart အနီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ ။
ဖုန်းနံပါတ်- ၀၉ ၂၅၀၇၁၇၁ ၆၆ ~ ၆၈, ၀၉ ၄၄၂၅၃၂၅၄၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Strategy First University တွင်ဖွင့်လှစ်သင်ကြားပေးနေသော အခြားသော Programများကို enroll.strategyfirst.edu.mm တွင် အသေးစိတ် လေ့လာနိုင်ပါသည်။
မှတ်ချက် - Strategy First University သည် ဆေးလိပ်၊ ဘီယာ၊ အရက်ကုမ္ပဏီများ၊ အချို့ MLM ကုမ္ပဏီများနှင် ၄င်းတို့၏ ဝန်ထမ်းများကို ဝန်ဆောင်မှုမပေးပါ။