ရန်ကုန်တက္ကသိုလ်တွင်အလှကုန် လုပ်ငန်း အတတ်ပညာသင်တန်း (Certificate in CosmeticTech-nology) ကို ဒီဇင်ဘာအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်မှ ၂၃ ရက်အထိ သင်တန်းဝင်ခွင့် လျှောက်ထားရမည်ဖြစ် သည်။
ရန်ကုန်တက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနက ထိုသင်တန်းကို သင်ကြားပေးမည်ဖြစ်ပြီး ခေါင်းလျှော်ရည် (Shampoo) သွားတိုက်ဆေးနှင့် ဆံပင်လိမ်း ခရင်မ် (Toothpaste and Hair Cream)၊ အသားအရေထိန်းသိမ်း သည့် ပစ္စည်း၊ နှုတ်ခမ်းဆိုးဆေး (Cream and Lotion)၊ Lipstick and Lip Gloss ထုတ်လုပ်ခြင်း ပ ညာရပ်များပါဝင်သည်ဟုရန်ကုန် တက္ကသိုလ်က ကြေညာသည်။
‘‘သုံးလသင်တန်းပါ။ ကုန် ထုတ်ဓာတုဗေဒဌာနက ဖွင့်တာ ပါ။ အရင်ကတည်းကတော့ဒီသင် တန်းကို ဖွင့်လေ့ရှိပါတယ်။ သိပ် မသိကြတာဖြစ်မယ်’’ ဟု ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာဌာန လက်ထောက်မော်ကွန်းထိန်း ဦး အောင်စိုးကပြောသည်။
ထိုသင်တန်းသို့ တက္ကသိုလ် ၀င်တန်း အောင်မြင်သူများ၊ ဘွဲ့ ရသူများ တက်ရောက်နိုင်ပြီး သင် တန်းဝင်ခွင့် လျှောက်ထားရာတွင် တက္ကသိုလ်ဝင် အောင်လက်မှတ် မိတ္တူနှစ်စုံ၊ ဘွဲ့ရဖြစ်ပါက ဘွဲ့ လက်မှတ် မိတ္တူနှစ်စုံ၊ ဓာတ်ပုံငါးပုံ ဖြင့် လျှောက်ထားရမည်ဖြစ် သည်။
အစိုးရ၀န်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းဖြစ်ပါက ဌာနကတက် ရောက်ခွင့်ပြုကြောင်း ထောက်ခံ ချက်တင်ပြရမည်ဖြစ်သည်။
သင်တန်းကြေးကျပ်ခြောက် သောင်း ပေးသွင်းရမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် သင်တန်းစ တင် ဖွင့်လှစ်မည်ဖြစ်သည်။
သင်တန်းပြီးဆုံးပါက ရန်ကုန်တက္က သိုလ်ကပေးမည့် Cerficate in Cosmetic Technology လက် မှတ်ရရှိမည်ဖြစ်သည်။