၁။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာ/ဆရာမကြီးများနှင့် ကျွမ်းကျင်သူပညာရှင်များ ကိုယ်တိုင်သင်ကြားပို့ချမည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄၁)ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလအတွင်း စတင် ဖွင့်လှစ်မည်ဖြစ်ပါ၍ နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကိစ္စရပ်များတွင် စိတ်ပါဝင်စားသူများ စာရင်းသွင်း တက်ရောက်နိုင်ပါသည်။
သင်တန်းတွင် သံတမန်ရေးရာသဘောတရားများကို သိရှိနားလည်စေရန် Diplomacy နှင့် ပတ်သက်သော ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အစည်းအဝေးကျင်းပခြင်း (International Conferencing)၊ စေ့စပ်ညှိနှိုင်းပြောဆိုမှု နည်းလမ်းများ (Negotiation Techniques)၊ အပြည်ပြည်ဆိုင်ရာဥပဒေ ဘာသာရပ်များ (International Law)၊ စီးပွားရေးဘာသာရပ်များ (Economics) အပါအဝင် သံတမန်ရေးရာ (Protocol) နှင့် သက်ဆိုင်သည့် အခြေခံဘာသာရပ်များကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်-
(က) တက်ရောက်နိုင်သူများ - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ
(ခ) သင်တန်းကာလ - ရက်သတ္တပတ် (၁၂)ပတ်
(ဂ) သင်တန်းနေရာ - အမှတ်(၃၆)၊ “ဝန်ဇင်းမင်းရာဇာ ခန်းမဆောင်၊ ပြည်လမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့
(ဃ) လျှောက်လွှာရောင်း/ လက်ခံမည့်- ၂၇-၈-၂၀၁၈ ရက်နေ့မှ ၃၁-၈-၂၀၁၈ ရက်နေ့အထိ
နေ့ရက်နှင့်အချိန် - (ရုံးချိန်အတွင်း)
(င) လက်ခံမည့်နေရာ - မဟာဗျူဟာလေ့လာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်လမ်း၊ ရန်ကုန်မြို့၊
(ပဲခူးကလပ်မှတ်တိုင်)
(စ) လျှောက်လွှာတင်သွင်းရာတွင် - ပတ်စ်ပို့ဆိုဒ်ဓါတ်ပုံ (၅)ပုံ၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ လိုအပ်သည့်အချက်များ (၆လအတွင်း)၊ ဘွဲ့လက်မှတ် (မူရင်း၊ မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း၊ မိတ္တူ)၊ အစိုးရဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာထောက်ခံချက် (မူရင်း)
၂။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းကြပါရန် ကြေညာအပ်ပါသည်။
၃။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်
ဖုန်း - ၀၉ ၆၉၂၇၉၉၉၀၆, ၀၉ ၉၇၀၀၀၀၂၃၄, ၀၉ ၆၉၁၁၈၈၂၃၁, ၀၉ ၂၅၃၁၀၅၄၇၂
မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။