သင်္ချာမေးခွန်းပုံစံသစ်တွင် ဓမ္မဓိဋ္ဌာန်မေးခွန်းများပယ်ဖျက်

သင်္ချာမေးခွန်းပုံစံသစ်တွင် ဓမ္မဓိဋ္ဌာန်မေးခွန်းများပယ်ဖျက်

၂၀၁၉ မတ်လတွင် ကျင်းပ မည့် တက္ကသိုလ်ဝင်စာမေးပွဲကစ ကာ ဘာသာရပ် ကိုးခုကို မေးခွန်း ပုံစံသစ်ပြောင်းလဲမည်ဖြစ်ရာ မေး ခွန်းပုံစံသစ်များကို ပညာရေးဝန် ကြီးဌာနက တစ်ဘာသာချင်းကြေ ညာပေးနေသည်။

သင်္ချာမေးခွန်းပုံစံသစ်တွင် A, B, C, D, E ငါးခုပေးထားသည့် အနက် အဖြေမှန်တစ်ခု ရွေးချယ် ရသည့် ဓမ္မဓိဋ္ဌာန်မေးခွန်း ၂၅ မှတ် ဖိုးကို ပယ်ဖျက်ထားသည်။ မေး ခွန်းကို သေချာစွာနားမလည်ဘဲ အဖြေကို မှန်းဆထည့်ခြင်း၊ အက္ခ ရာစဉ်ကို တန်းစီရေးချဖြေဆိုခြင်း များဖြင့် အမှတ်ရသော မေးခွန်း များမပါဝင်စေရန် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာ သည်။

‘‘အရင်မေးခွန်းဟောင်းနဲ့ ကွာခြားသွားတာက ဓမ္မဓိဋ္ဌာန်မေး ခွန်းလို့ခေါ်တဲ့ Multiple Choice မေးခွန်းတွေကို အခုဖြုတ်လိုက်ပါ တယ်။ ရမ်းတုတ်ဖမ်းတုတ်လုပ် ကြတာကိုး။ ဒီမှာကတော့ မှားရင် ဇီးရိုးပဲ ဖြစ်ခဲ့တာ။ နိုင်ငံတကာ IGCSE စာမေးပွဲမှာ ဓမ္မဓိဋ္ဌာန်ပါခဲ့ တုန်းက မှားရင် Minus (အနုတ်) နဲ့သွားတာ။ IGCSE မှာလည်း အရင်တုန်း က  ဓမ္မဓိဋ္ဌာန်ထည့် တယ်။ အခုနောက်ပိုင်းမှာတော့ မထည့်တာ တော်တော်ကြာပြီ’’ဟု ၀ါရင့်သင်္ချာဆရာ သင်္ချာသန်းနိုင် က ပြောကြားသည်။

ထို့အပြင် မေးခွန်းပုံစံသစ်အ ရ ကျောင်းသား၊ ကျောင်းသူများ သည် ယခင်ကဲ့သို့ ပြဋ္ဌာန်းစာအုပ် ပါသင်ခန်းစာများကို အပိုင်ရွေး ကျက်ခြင်းမျိုး မပြုလုပ်နိုင်တော့ ဘဲ သင်ရိုးကုန်လေ့လာရမည့် အနေအထားဖြစ်လာသည်ဟု သင်္ချာဆရာအချို့က မှတ်ချက်ပြုသည်။

သင်္ချာမေးခွန်းပုံစံသစ်တွင် Section A, B, C အပိုင်းသုံးပိုင်း ပါဝင်မည်ဖြစ်ပြီး မေးခွန်းတစ်ခု လုံးတွင် သင်ခန်းစာအားလုံးလွှမ်း ခြုံအောင် မေးမြန်းမည်ဟု ပညာ ရေးဝန်ကြီးဌာနက ကြေညာထား သည်။

‘‘နဂိုတုန်းက Chapter (1) ကနေ (7) ကိုကြည့်ရင် အမှတ်က ၇၀ ၀န်းကျင်ရတယ်။ အခု Chapter (1) ကနေ (7) ကြည့်ရင် ၅၈ မှတ်ဝန်းကျင်လောက်ပဲရတော့မယ်။ သူ့ရဲ့အမှတ်က အတိမ်းအစောင်းဖြစ်သွားရင်တော့ အကျဘက်ကို ဦးတည်မှာပေါ့’’ဟု မန္တလေးတိုင်းဒေသကြီးမှ ကိုယ်ပိုင်ကျောင်းသင် သင်္ချာဆရာမ ဒေါ်မြင့်မြင့်ခိုင်က ဆိုသည်။

သင်္ချာမေးခွန်းပုံစံသစ်တွင် စဉ်းစားတွေးခေါ်မှုကို အခြေခံ သော လွယ်၊ သင့်၊ ခက်မျှတသည့် မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ် ပြီး ကျောင်းသား၊ ကျောင်းသူများ သင်ရိုးပြဋ္ဌာန်း ချက်သင်ခန်းစာ အားလုံးကို လွှမ်းခြုံလေ့လာနိုင်စေ ရန်၊ သင်ခန်းစာအချို့ကို ရှောင် လွှဲ ဖြေဆိုခြင်းဖြင့် တတ်မြောက် မှုအားနည်းခြင်းများ ကင်းဝေးစေ ရန်၊ အခန်းအချို့ကိုသာ အပိုင် ကျက်မှတ်ဖြေဆိုပြီး အမှတ်များ များရခြင်း လျော့ပါးစေရန် ရည်ရွယ်၍ မေးခွန်းပုံစံသစ် ပြောင်း လဲမည်ဟု မေးခွန်းပုံစံသစ်ရေးဆွဲ ရေးတွင် ပါဝင်သူ ရန်ကုန်တက္က သိုလ် သင်္ချာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ချိုဝင်းက ပြော ကြားသည်။

၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို သင်ရိုး ဟောင်းဖြင့် သင်ကြားမည်ဖြစ်ပြီး စာမေးပွဲမေးခွန်းပုံစံကိုသာ စဉ်းစားတွေးခေါ်ဖြေဆိုရသည့် မေးခွန်းပုံစံ ပြောင်းလဲမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 2597 times