ကနေဒါနိုင်ငံ Royal Crown College ရဲ့ ဒီပလိုမာသင်တန်းကို MSI ပညာရေးဝန်ဆောင်မှုမှတစ်ဆင့်လျှောက်ထားတက်ရောက်နိုင်ပါသည်။
သင်တန်းကာလ(၂) နှစ်ဝန်းကျင် ကြာမြင့်မှာဖြစ်ပါသည်။ကနေဒါနိုင်ငံ ဒီပလိုမာတန်းတွေကို အသက် (၁၈) နှစ်ပြည့်ပြီး ပညာအရည်အချင်းအနေဖြင့် (၁၀) တန်း၊IGCSE အောင်မြင်ထားသူများမှ စကာမြန်မာနိုင်ငံမှာ တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသား/ကျောင်းသူများ တက်ရောက်နိုင်ပါသည်။
စာသင်ကာလ ၁၀ လနှင့် ဝင်ငွေလုပ်ခလစာရ အလုပ်သင်ကာလ ၁၀ လ ပါဝင်မည်ဖြစ်ပါသည်။Business,Technology နှင့် Medical ဆိုင်ရာဘာသာရပ်တွေကို အဓိကသင်ကြားပေးနေတဲ့ RCCBT College မှာ Business Administration, Business ESL, Pre-Medical and Basic Life Science, Pre-Medical Post Baccalaureate, Hospitality and Tourism Mangement, TESOL အစရှိသည့် ဘာသာရပ်တွေကို အချိန်တိုကာလအတွင်း ထိရောက်စွာလေ့ကျင့် သင်ကြားပေးလျက်ရှိသည့်အတွက် ဒီပလိုမာသင်တန်းစုစုပေါင်းကြာချိန် လ ၂၀ ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ကနေဒါနိုင်ငံမှာ အလုပ်နှင့်နေထိုင်ခွင့် ဆက်လက်လျှောက်ထားနိုင်မှုာ ဖြစ်ပါတယ်လို့သိရပါသည်။
RCCBT မှာ Diploma တန်းအပြင် Certificate တန်းတွေကိုလည်းဖွင့်လှစ်ထားပြီး American International School of Medicine (AISM), Saint James School of Medicine, ST.Maritnus Uaniversity, Spartan Health Sciences University, Cape Breton University (CBU) စသော အဖွဲ့များမှအသိအမှတ်ပြုထားသည့် အာမခံချက်ရှိသည့် College ဖြစ်တယ်လို့သိရပါသည်။
တက်ရောက်လိုသူများအနေဖြင့် MSI ရန်ကုန်ရုံး ဖုန်း ၀၉-၅၁၀၃၉၁၅၊ ၀၉-၄၂၀၀၃၇၆၁၆၊ မန္တလေးရုံး ဖုန်း ၀၉-၄၀၂၅၁၇၅၄၉၊ ၀၉-၇၈၈၄၉၃၂၄၃ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Source: Internet Journal