တက္ကသိုလ်ဝင်တန်းအဖြေလွှာ ပြန်လည်စစ်ဆေးရန် တောင်းဆိုခဲ့မှု ယခင်နှစ်ထက်ပိုမို များပြားလာ

တက္ကသိုလ်ဝင်တန်းအဖြေလွှာ ပြန်လည်စစ်ဆေးရန် တောင်းဆိုခဲ့မှု ယခင်နှစ်ထက်ပိုမို များပြားလာ

"ပြီးခဲ့သည့် အပတ်လောက်က ကျွန်တော်သိရတာကတော့ သုံးရာကျော်လေးရာလောက်ရှိတယ်လို့ သိရတယ်။ ပြန်စစ်ဆေးပေးဖို့ တောင်းဆိုတာကတော့ တစ်နှစ်ထက်တစ်နှစ် များလာတယ်လို့ပဲ ပြောရမယ်။

မနှစ်ကဆိုရင် ဒီလောက်မရှိဘူး။ တစ်ရာကျော်လောက်ပဲ ရှိမယ်ထင်တယ်။ စစ်ပြီးတော့လည်း အဖြေလွှာက အမှားအယွင်းမရှိပါဘူး"ဟု မြန်မာနိုင်ငံစာစစ်ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်းကျော်အောင်မြင်ထားပြီး ဂုဏ်ထူးရရှိသူအရေအတွက်မှာ ၅၆၇၁၈ ဦး ရှိခဲ့ပြီး ခုနှစ်နှစ်အတွင်း ဂုဏ်ထူးရရှိသူအရေအတွက် အများဆုံးနှစ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများထဲတွင် ယင်းကဲ့သို့ ဂုဏ်ထူးရရှိခဲ့သူများလည်း ပါဝင်ကြောင်းသိရသည်။

"အခုနောက်ပိုင်းက ဂုဏ်ထူးရတဲ့သူတွေလည်း ပြန်စစ်ဆေးပေးဖို့ တောင်းဆိုလာရင် လုပ်ပေးနေတယ်။ ဖြေလျှော့ပေးထားတာပေါ့။ သူတို့ ပြန်စစ်ဖို့ တောင်းဆိုတယ်ဆိုတာက ရတဲ့အမှတ်အပေါ် ကျေနပ်အားရမှုမရှိလို့ လာကြတာ။

အခုနောက်ပိုင်းတော့ ပြန်စစ်ပေးဖို့ တောင်းဆိုတဲ့သူက ပါးသွားပြီ။ ဝင်ခွင့်တွေလည်း လျှောက်နေပြီဆိုတော့လေ" ဟု သူက ဆက်လက်ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း အဖြေလွှာများ ပြန်လည်စစ်ဆေးပေးစေလိုပါက တစ်ဘာသာလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 4282 times