"နိုင်ငံရေးသိပ္ပံ" ဘာသာရပ်ကို မြန်မာမီဒီယာများ အခမဲ့ တက်ရောက်လေ့လာနိုင်

"နိုင်ငံရေးသိပ္ပံ" ဘာသာရပ်ကို မြန်မာမီဒီယာများ အခမဲ့ တက်ရောက်လေ့လာနိုင်

ထိုအခမဲ့သင်တန်းကို သြဂုတ်လ ၂ ရက် ညနေ ၃ နာရီမှ ညနေ ၄ နာရီခွဲအထိ Pansodan Business Tower တွင် ဖွင့်လှစ်ထားသည့် Connect University တွင် သင်ကြားပို့ချမည်ဖြစ်သည်။

"အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်မှ နိုင်ငံရေးပညာရှင် ပါမောက္ခဌာနမှူး Dr.Russell Mardon ကိုယ်တိုင် နိုင်ငံရေးအခြေခံ သဘောတရားများကို Guest Lecture အနေဖြင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မီဒီယာတွေလည်း လာရောက်ပြီး အခမဲ့တက်ရောက်နိုင်ပါတယ်။ အခြားစိတ်ဝင်စားသူတွေလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်"ဟု ပြောသည်။

ယခုသင်ကြားမည့် နိုင်ငံရေးသိပ္ပံဘာသာရပ်တွင် အမေရိကန်နိုင်ငံနှင့် ကယ်လီဖိုးနီးယား ပြည်နယ်မှ အုပ်ချုပ်မှုစနစ်များ၏ အခြေခံသဘောတရားများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအကြောင်း သိရှိစေရန် ရည်ရွယ်သင်ကြားမည်ဖြစ်သည်။

အထူးပြုဘာသာရပ်များမှာအမေရိကန်နိုင်ငံနှင့် ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရများ၏ အဓိက ခွဲဖြာချက်သုံးချက်၊ အမေရိကန်နိုင်ငံ၏ ဗျူရိုကရေစီစနစ်ကျင့်သုံးပုံ၊ ဆန္ဒမဲပေးခြင်းစနစ် စသည်တို့ပါဝင်သည်။

နိုင်ငံရေးစနစ်မူဝါဒများ၊ ဖွဲ့စည်းတည်ဆောင်ပုံများနှင့် ထုံးတမ်းဓလေ့များအား ဖြစ်ပေါ်စေခဲ့သော အတွေးအမြင်များ၊ တည်တံ့စေခဲ့သော သူများအကြောင်း သင်ကြားရမည်ဖြစ်သည်။

မီဒီယားများအနေဖြင့် အမေရိကန်ပါမောက္ခဌာနမှူးအား တွေ့ဆုံးမေးမြန်းခွင့်ရမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 2652 times