အောက်တိုဘာလကုန်ခေါ်ယူမည့် ယဉ်ကျေးမှုတက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့သင်တန်းဝင်ခွင့်

အောက်တိုဘာလကုန်ခေါ်ယူမည့် ယဉ်ကျေးမှုတက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့သင်တန်းဝင်ခွင့်


 

ရန်ကုန်မြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ ဟူသည့်အထူးပြုဘာသာရပ်() ခုကို မဟာဝိဇ္ဇာဘွဲ့သင်တန်းဖွင့်သင်ကြားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ဂီတ၊ အနုပညာတက္ကသိုလ်တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုမဟာဝိဇ္ဇာဘွဲ့သင်တန်း () ခုဖွင့်လှစ်မည်ဖြစ်ပါတယ်။

 


 


 


 


 


 


 


 

Source; 7Day News

 

**Unicode**

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့သင်တန်းများ တက်ရောက်လိုသူများ အောက်တိုဘာလကုန်တွင် ဝင်ခွင့်ခေါ်ယူမည်ဖြစ်ပါတယ်။


ရန်ကုန်မြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ ဟူသည့်အထူးပြုဘာသာရပ်(၅) ခုကို မဟာဝိဇ္ဇာဘွဲ့သင်တန်းဖွင့်သင်ကြားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ဂီတ၊ အနုပညာတက္ကသိုလ်တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုမဟာဝိဇ္ဇာဘွဲ့သင်တန်း (၄) ခုဖွင့်လှစ်မည်ဖြစ်ပါတယ်။


“ မဟာဝိဇ္ဇာဘွဲ့ သင်တန်းတွေက အင်္ဂလိပ်စာရယ် ကိုယ်တက်မယ့် အနုပညာဘာသာရပ်ရယ်ကို ရေးဖြေစစ်ပါမယ်။ ပြီးရင်လူတွေ့ရှိပါမယ်" ဟုအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ ဘွဲ့လွန်အနုပညာဒီပလိုမာရရှိသူများအနက် မဟာဝိဇ္ဇာသင်တန်းတက်ရောက်ရန် အဆင့်မီသူများ၊ ဝိဇ္ဇာဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ရရှိသူများအနက် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်ရန် အဆင့်မီသူများသင်တန်းဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။


Fitness Centre (352) Fitness Centre များနှင့်ပတ်သက်ပြီး (352) ခုရှာရန်နှိပ်ပါ။


မဟာဝိဇ္ဇာဘွဲ့သင်တန်းများအတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တစ်ခုစီတွင် အထူးပြုဘာသာရပ်တစ်ခုလျှင် သင်တန်းသား (၂၅) ဦးနှုန်းလက်ခံရန်လျာထားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ ဆရာ/ဆရာမ များ၊ ပြင်ပပညာရှင်များက သင်တန်းပို့ချမည်ဖြစ်ပါတယ်။


၎င်းသင်တန်းများကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အနုပညာဘာသာရပ်များနှင့် ပတ်သက်၍ အဆင့်မြင့်ပညာရပ်များကို ပိုမိုသင်ကြားနိုင်စေရေး၊ ပိုမိုထူးချွန်သော အနုပညာရှင်များပေါ်ထွန်းရေးသုတေသနနှင့် လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရေး၊ တက္ကသိုလ်ကျောင်းဆင်းများအား နိုင်ငံတကာသို့ Professional Career ရောက်ရှိစေရေး ရည်ရွယ်ဖွင့်လှစ်ခြင်းဖြင့်သည်ဟု ထိုတက္ကသိုလ်များက ကြေညာထားပါတယ်။


Read More:>>> သုံးထောင်ကျော်ခေါ်ယူမည့် လေးနှစ်သင်ပညာရေးဘွဲ့သင်တန်း


အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ကို ၁၉၉၃ နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ကို ၂၀၀၁ ကစတင်ဖွင့်လှစ်ပြီး တစ်နှစ်လျှင်ကျောင်းသား/သူ (၁၀၀၀) ကျော်ကို လက်ခံသင်ကြားပေးနေပါတယ်။


Source; 7Day News

 

News Read 3035 times