ရန်ကုန်တွင်ရှိသော နည်းပညာတက္ကသိုလ် သုံးခုနှင့် ပြည် နည်းပညာတက္ကသိုလ်မှလွှဲ၍ ကျန်နည်းပညာတက္ကသိုလ်များတွင် ဒေသခံကျောင်းသား/သူများအား ဦးစားပေးခေါ်ယူသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောခိုင်က ပြောကြားပါတယ်။
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှောဘီ) နှင့် ပြည် နည်းပညာတက္ကသိုလ်တို့တွင်သာ မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့်စာစစ်ဌာနတွင် အောင်မြင်သူများမဆို တက်ရောက်နိုင်ကြောင်းသိရပါတယ်။
ကျန်နည်းပညာတက္ကသိုလ်များသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ကျောင်းသားများကို ဦးစားပေးခေါ်ယူမည် ဖြစ်ပြီး ၄င်းတက္ကသိုလ်များတွင် သတ်မှတ်ဦးရေ မပြည့်ပါက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်မှ လျှောက်ထားသည့် ကျောင်းသားများကို လက်ခံမည်ဖြစ်ပါတယ်။
ယခုနည်းပညာတက္ကသိုလ် လေးခု ကလွဲပြီး တခြားနည်းပညာတက္ကသိုလ်တွေမှာ သူ့ဒေသမှာ ရှိတဲ့ ကျောင်းသူကျောင်းသားတွေကို ဦးစားပေးခေါ်ယူမှာ။ ဒေသမှာရှိတဲ့ ကျောင်းသား/သူ တွေကို ဦးစားပေးခေါ်ယူပြီးမှ တခြားနယ်ကျော် ကျောင်းသားတွေအတွက် လက်ခံမှာ ဟု ညွှန်ကြားရေးမှူး ဦးစောခိုင် ကပြောကြားပါတယ်။
နည်းပညာတက္ကသိုလ်များတွင် အမျိုးသား (၆၀%) နှင့် အမျိုးသမီး (၄၀ %) ရာခိုင်နှုန်း လက်ခံသွားမည်ဖြစ်ပါတယ်။
နည်းပညာတက္ကသိုလ်များ၏ ဝင်ခွင့်အမှတ်ကို (၃၈၀) သတ်မှတ်ထားပြီး လက်ခံမည့် လူဦးရေအလိုက် ရမှတ်အများ/အနည်း အလိုက် ရွေးချယ်သွားမည်ဖြစ်ပါတယ်။
Read More: ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနှင့်လှိုင်နယ်မြေ ဘာသာရပ်လေးခုစီတိုး၍ဖွင့်လှစ်မည်
ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နk in ည်းပညာ တက္ကသိုလ်(မန္တလေး) နှင့် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တို့သည် သီးခြားဝင်ခွင့် ရွေးချယ်သည့် တက္ကသိုလ်များ ဖြစ်ပြီး ၄င်းကျောင်းများသို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇွန် (၂၄) မှ ဇူလှိုင် (၂၇) ရက်အထိ တက္ကသိုလ်များသို့ တင်သွင်းလျှောက်ထားရမည်ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်ခွင့် စာရင်းများကို နိုဝင်ဘာလတွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ပထမနှစ် သင်တန်းများကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။
Source: Daily Eleven