ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အရ ဖွင့်လှစ်တဲ့ နိုင်ငံတကာဆက်ဆံရေး ဒီပလိုမာ (Diploma In International Relations) သင်တန်းကို မေ (၂) ရက်မှာအွန်လိုင်းကတစ်ဆင့် ဝင်ခွင့်ခေါ်ယူမယ်လို့ သိရပါသည်။
အွန်လိုင်းဝင်ခွင့်ကို http://www.yufl.edu.mm/chrdir ကနေလျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဧပြီ (၂၂) ရက်ထုတ်သတင်းစာတွေမှာ ဖတ်ရှုနိုင်မှာဖြစ်ပါသည်။သင်တန်းကိုဘွဲ့တစ်ခုခုရရှိထားသူတွေ တက်ရောက်နိုင်ပြီး ဝင်ခွင့်အဖြစ်ရေးဖြေစာမေးပွဲ၊ နှုတ်ဖြေစာမေးပွဲတွေကို ဖြေဆိုရမှာဖြစ်ပါသည်။သင်တန်းကို ဇွန် (၃) ရက်နေ့မှာ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးမှာဖြစ်ပါသည်။
Source:Internet Journal