၁.ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)၊
၂. ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊
၃. မွေးမြူရေး တက္ကသိုလ်၊
၎. အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၊
၅. အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) တို့ဖြစ်သည်။
Related Article -->> တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ် ၁၁ ခု နှင့် ၀င်ခွင့်ရမှတ်အပြင် လူတွေ့စစ်ဆေးရမည့် တက္ကသိုလ် ၆ ခု
ယင်းတက္ကသိုလ်များ၏ ဝင် ခွင့်ကို သတင်းစာများ၌ သီးခြား ကြော်ငြာကာ ခေါ်ယူလေ့ရှိပြီး တက္ကသိုလ်သို့ တိုက်ရိုက်လျှောက် ထားရခြင်းဖြစ်သည်။
ယင်းတက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များအနေဖြင့် ဝင်ခွင့်လျှောက်လွှာများကို ဇွန်လ ၂၆ ရက်နောက် ပိုင်းတွင် ခေါ်ယူရန် စီစဉ်နေသည်။
ပညာရေးကောလိပ်များ၏ ဝင်ခွင့်များကိုလည်း သက်ဆိုင်ရာ ပညာရေး ကောလိပ်များက သတင်းစာမှတစ်ဆင့် ခေါ်ယူမည် ဖြစ်ပြီး မြို့နယ်ပညာရေးမှူးရုံးများ မှတစ်ဆင့် ဝင်ခွင့်လျှောက်ထား တက်ရောက်ရမည်ဖြစ်သည်။
အထူးသတိပြုရန်မှာ တိုက် ရိုက်လျှောက်ရမည့် တက္ကသိုလ် များတွင် ဝင်ခွင့်ရွေးချယ်ခြင်းမခံရ ပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးခြင်း မဖြစ်စေရန် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအိတ်ပါ တက္ကသိုလ် ဝင်ခွင့်သင်တန်း ရွေးချယ်မှုကတ် ပြားဖြင့် အခြားတက္ကသိုလ်များသို့ လျှောက်ထားရမည်ဖြစ်သည်။
အချို့ ကျောင်းသား၊ ကျောင်းသူများသည် သီးခြားခေါ် ယူလေ့ရှိသော တက္ကသိုလ်၊ ကောလိပ်များတွင် လျှောက်ထားရန် ရည်ရွယ်ကာ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့သို့ လျှောက်ထားရသည့် တက္ကသိုလ်၊ အထူးပြု ဘာသာရပ်များကို မလျှောက်ထားဘဲ နေခြင်းကြောင့် သီးခြားခေါ်ယူသည့် တက္ကသိုလ်၊ ကောလိပ်များတွင် ဝင်ခွင့်မရရှိပါ က တက္ကသိုလ်တက်ခွင့် ဆုံးရှုံးခြင်း မျိုး နှစ်စဉ်ဖြစ်ပေါ်လေ့ရှိသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: 7day daily