မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပထမဆုံး ဖွင့်လှစ်မည့် လုပ်ငန်းစီးပွားရေးပညာဘွဲ့လွန် ဒီပလိုမာသင်တန်း

မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပထမဆုံး ဖွင့်လှစ်မည့် လုပ်ငန်းစီးပွားရေးပညာဘွဲ့လွန် ဒီပလိုမာသင်တန်း

စစ်ကိုင်းတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မုံရွာစီးပွားရေးတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ၀ါဏိဇ္ဇဗေဒဌာနက တာဝန်ယူပြီး လုပ်ငန်းသုံးစီးပွားရေးပညာ ဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်းသင်တန်းကို ဖွင့်လှစ်သွားမည် ဖြစ်သည်။

ထိုသင်တန်းကို သြဂုတ်လမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအပိုင်းအခြားသုံးခုဖြင့် စုစုပေါင်းကိုးလ ကြာမြင့်မည်ဖြစ်သည်။

“လူဦးရေကန့်သတ်တာတော့ မရှိသေးဘူး။ လျှောက်မယ်ဆိုရင် ဘယ်သူမဆို လျှောက်နိုင်ပါတယ်။ ဒီသင်တန်းက ပထမဆုံးအကြိမ်စဖွင့်တာပါ၊ အစကတော့ Certificate ပဲ ပေးခဲ့တာ၊ လက်ရှိတော့ သင်တန်းအတွက် ကမ်းစာဆောင်တွေ စဝေတော့မှာပါ” ဟု ပြောသည်။

သင်တန်းတက်ရောက်လိုသူများသည် အနိမ့်ဆုံးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရန် လိုအပ်ပြီး လုပ်ငန်းသုံးအဆင့်မြင့်စီးပွားရေးသင်တန်း လက်မှတ်ရရှိထားသူများကို တိုက်ရိုက်ဝင်ခွင့်ပြုမည်ဖြစ်သည်။

အခြားသူများကို သတ်မှတ်ဦးရေထက် ကျော်လွန်နေပါက လူတွေ့စစ်ဆေးရွေးချယ်ခြင်းဖြင့် ၀င်ခွင့်ပြုမည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းအတွေ့အကြုံရှိပြီး လက်ရှိ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများအား ဦးစားပေးရွေးချယ်မည်ဖြစ်သည်။

သင်တန်းကြေးမှာ ကိုးလစာအတွက် တစ်လလျှင် ကျပ်နှစ်သောင်းနှုန်း၊ စုစုပေါင်း ၁၈၀၀၀၀ ကျပ်ကို သင်တန်းမစမီတွင် တစ်ပေါင်းတည်းပေးသွင်းရမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1971 times