မန္တလာဒီဂရီကောလိပ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် Bechelor of Tourism and Hospitality Management သင်တန်းအတွက် ပထမနှစ်သင်တန်းသား လျှောက်လွှာခေါ်ယူနေပါသည်။
သင်တန်းကာလ (၄) နှစ်ဖြစ်ပြီး သင်တန်းသား (၂၀၀) ဦးလက်ခံပေးမှာဖြစ်ပါသည်။ အဆိုပါဘွဲ့သင်တန်းအတွက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေသာ လျှောက်ထားရမှာဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ်မှာ အနည်းဆုံးအမှတ် (၆၀) ရရှိကာ စုစုပေါင်းအမှတ် (၄၀၀) နှင့် အထက်ရရှိသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါသည်။
လျှောက်လွှာတွေကို မန္တလာဒီဂရီကောလိပ် ကျောင်းသားရေးရာ ဌာနမှာလည်းကောင်း၊ https://www.md;.edu.mm/wpcontent/uploads/2019/06/BTHM.pdf မှ လည်းကောင်းရယူလျှောက်ထားရမည်။ သင်တန်းကို ဒီဇင်ဘာ (၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လျှောက်လွှာတွေကို သြဂုတ် (၁) ရက်မှ စတင်ကာရယူလျှောက်ထားနိုင်ပါသည်။
Read More>>>> အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်းများကို တက္ကသိုလ်အလိုက်ထုတ်မည်
ဝင်ခွင့်ရရှိသူတွေကို အောက်တိုဘာ (၁၅) ရက်မှာ ကြေညာပေးမှာ ဖြစ်ပြီး လျှောက်လွှာနှင့်အတူ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲရရှိသည့် ရမှတ်စာရင်းမူရင်း၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ(၂) ပုံနှင့်အတူ ပူးတွဲလျှောက်ထားရမည်ဖြစ်ပါသည်။
အသေးစိတ်ကို မန္တလာဒီဂရီကောလိပ် သင်တန်းရေးရာဌာန ဖုန်း ၀၂-၅၁၅၄၈၅၆၊ ၀၉-၄၇၀၅၂၁၅၉ သို့ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါသည်။
Source: Internet