ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော်၌ အင်္ဂလိပ်ဘာသာစာအုပ် တစ်သန်း ရောင်းချမည်

ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော်၌ အင်္ဂလိပ်ဘာသာစာအုပ် တစ်သန်း ရောင်းချမည်

မြန်မာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးပွဲတော် Big Bad Wolf Books Sale တွင် ကမ္ဘာကျော် စာရေးဆရာများ၏ အင်္ဂလိပ်ဘာသာစာအုပ်ပေါင်း တစ်သန်းကျော်ကို ပါဝင်ရောင်းချမည်ဖြစ်ကြောင်း Big Bad
Wolf Books Sale–MM ထံမှ သိရသည်။

စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ လ ၁၈ ရက်မှ၂၈ ရက်အထိ ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) တွင်စာအုပ်များကို ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးများဖြင့် ၂၄ နာရီ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Big Bad Wolf Book Sale စာအုပ်ဈေးရောင်းပွဲတော်ကို နိုင်ငံပေါင်း ၇ နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ရာ မလေးရှား နိုင်ငံကွာလာလမ်ပူမြို့တွင် စာအုပ်ပေါင်း ၄ သန်းကျော်၊ အင်ဒိုနီးရှား နိုင်ငံဂျကာတာမြို့တွင် စာအုပ်ပေါင်း ၃ သန်း  ကျော်၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် စာအုပ် ပေါင်း ၁ သန်းကျော်၊ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် စာအုပ်ပေါင်း ၃ သန်းကျော်နှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် စာအုပ်ပေါင်း ၂ သန်းကျော်ကို အထူးဈေးနှုန်းများဖြင့် ရောင်းချခဲ့သည်။

source: thevoice

News Read 4571 times