ဖင်လန်နိုင်ငံပညာရေး အဘယ်ကြောင့် ကမ္ဘာ့အကောင်းဆုံးဖြစ်ရသနည်း

ဖင်လန်နိုင်ငံပညာရေး အဘယ်ကြောင့် ကမ္ဘာ့အကောင်းဆုံးဖြစ်ရသနည်း

PISA (Program for International Student Assessment) အဖွဲ့၏ သုံးသပ်ချက်အရ ဖင်လန်နိုင်ငံသည် ကမ္ဘာ့ပညာရေးတွင် အကောင်းဆုံး ဖြစ်သည်ဆိုသော်လည်း လက်ရှိ အနေအထားအရ PISA တွင် နံပါတ် ၁၂ နေရာရှိနေသည်။

အမေရိကန် ပြည်ထောင်စုက နံပါတ် ၃၆ ချိတ်ထားသောကြောင့် ဖင်လန်က PISA ကို ပိုပြီးသာသည်ဟု ဆိုရခြင်းဖြစ်သည်။

ဖင်လန်နိုင်ငံသည် နော်ဒစ်ဒေသအတွင်း အသေးဆုံး တိုင်းပြည်လေး တစ်ပြည်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုထက် ၂၉ ဆ ပိုပြီး ငယ်သည်။ လူဦးရေ ၅ ဒသမ ၅ သန်းသာ ရှိသည်။ အမေရိကန် ပြည်ထောင်စုက လူဦးရေ ၃၂၆ ဒသမ ၅ သန်း ရှိသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ဖင်လန်နိုင်ငံတွင် လူမျိုးစုများ ကွဲပြားမှု မရှိ၊ အမေရိကတွင် လူမျိုးစုပေါင်း များစွာ စုပေါင်း နေထိုင်ကြသည်။ နိုင်ငံသေးသေး၊ လူဦးရေနည်းနည်း၊ မတူကွဲပြားမှု သိပ်မရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ပညာရေးကို အကောင်အထည် ဖော်ရသည်မှာ ပိုမိုလွယ်ကူပြီး စိတ်ကြိုက်လုပ်နိုင်သဖြင့် အကောင်းဆုံး ဖြစ်နေရသည်ဟုလည်း ဆိုနိုင်သည်။

ဖင်လန်နိုင်ငံမှ ပညာရေးနှင့် ပတ်သက်ပြီး ဖော်ရသည်မှာ ပိုမိုလွယ်ကူပြီး စိတ်ကြိုက်လုပ်နိုင်သဖြင့် အကောင်းဆုံး ဖြစ်နေရသည်ဟုလည်း ဆိုနိုင်သည်။ ဖင်လန်နိုင်ငံမှ ပညာရေးနှင့် ပတ်သက်ပြီး အတုယူစရာတွေ များလှပါသည်။

အရိုးထုံး ချဉ်းကပ်မှုများ

ဖင်လန်ပညာရေးစနစ်သည် သူတို့တွင်ရှိသမျှကို အကောင်းဆုံးဖြစ်စေရန် အားထုတ်တတ်ခြင်းမှာ အတုယူစရာ ကောင်းလှသည်။

အစောပိုင်း ပညာရေးစနစ်တွင် ဖိစီးမှုများကို အလေးထားပြီး သင်ကြားသော်လည်း နောက်ပိုင်းတွင် ကလေးကို ကလေးကဲ့သို့ သဘောထားပြီး သင်ကြားမှုကြောင့် ပိုပြီး အောင်မြင်မှုများ ရလာသည်ဟု ဆိုရမည်။

သူတို့ဆရာတွေ ကလေးတွေနှင့်အတူ ကစားကြသည်။ ကလေးဆိုသည်မှာ ကစားမက်သည်။ အသစ် အဆန်းကို စိတ်ဝင်စားသည်ဆိုသည့် အခြေခံအချက်ပေါ်တွင် ပညာရေးကို လမ်းကြောင်းချကာသင်သည်။

ကလေးတိုင်း လမ်းကြောင်းမှန်ကို လျှောက်နိုင်ရန် တည့်ပေးလိုက်ပါက သူတို့ဘာသာ လျှောက်သွားရင်းက ရင့်ကျက်သွားနိုင်မည်ဆိုသည်ကို ကောင်းစွာ သဘောပေါက်ထားသည်။

အရွယ်အလိုက် ရင့်ကျက်သွားစေရန် လမ်းဖွင့်ပေးထားခြင်းမှာ ဖင်လန်ပညာရေး၏ အားသာချက်များဖြစ်သည်။ စံပြုလောက်အောင် ပညာရေးကို မြှင့်တင်ရန် ဖင်လန်နိုင်ငံ ပညာရေး သုတေသီများက သူတို့၏ ပညာရေးစနစ်သည် အမေရိကန် ပြည်ထောင်စုက ပညာရေးစနစ်ကို အခြေခံထားကြောင်း ပြောလိမ့်မည်။

သို့သော် သူတို့က အခြေခံပဲယူပြီး သူတို့နည်း သူတို့ဟန် သူတို့စနစ် ဖင်လန်နိုင်ငံ ပညာရေးသုတေသီများက သူတို့၏ ပညာရေးစနစ်သည် အမေရိကန် ပြည်ထောင်စုက ပညာရေးစနစ်ကို အခြေခံထားကြောင်း ပြောလိမ့်မည်။ သို့သော် သူတို့က အခြေခံပဲယူပြီး သူတို့နည်း သူတို့ဟန် သူတို့စနစ် သူတို့စိတ်ကူးများဖြင့် ဖောက်ထွက်သွားသည်။

ကမ္ဘာပေါ်ရှိ အခြားသော တိုင်းပြည်များတွင် တိုးတက်သည့် နိုင်ငံကြီးများက ပညာရေးစနစ်ကို အတုခိုးသည် ဆိုသော်လည်း ပုံတူကူးချသောကြောင့် မအောင်မြင်သည်က များသည်။ ဖင်လန်နိုင်ငံ ပညာရေးစနစ်က ပညာရေးကို တစ်ဦးကောင်းတစ်ယောက် ကောင်းဖြင့် ကောင်းအောင် ဖော်ဆောင်ခြင်းထက် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်သည့်နည်းကို ကျင့်သုံးသောကြောင့် အခြားသော သူများထက် ပိုပြီး အောင်မြင်သွားရသည်။

ဖင်လန်ပညာရေးစနစ်တွင် အားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းသည် အသက်ဖြစ်သည်။ ကျောင်းများ အချင်းချင်း ပူးပေါင်းခြင်းဖြင့် ပညာရေးကို ကောင်းအောင်လုပ်ရန် သူတို့ စီစဉ်ထားကြသည်။

ထို့ကြောင့် ဖင်လန်တွင် ပုဂ္ဂလိကကျောင်း မရှိ။ ပုဂ္ဂလိက ပညာရေးစနစ် မထွန်းကားစေရန် အစိုးရကိုယ်တိုင်က ကျောင်းများကို ဝိုင်းကြီးချုပ် စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခိုင်းထားသည်။

ဖင်လန်နိုင်ငံကျောင်းများသည် ပြည်သူ့ငွေဖြင့် ရပ်တည်နေသည့် အစိုးရကျောင်းများသာ ဖြစ်သည်။ ထို့ကြောင့် ကလေးတိုင်း အစိုးရကျောင်းများကို တက်ရောက် ပညာသင်ကြားခွင့်ရှိသည်။ ဆင်းရဲချမ်းသာ မရွေး မည်သည့်

ကျောင်းတွင်မဆို တက်ရောက်နိုင်ပြီး တစ်တန်းတည်းအဖြစ် ခံယူထားသည်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်ဒေသနှင့် အနီးဆုံးကျောင်းတွင် တက်ရောက်နိုင်ပြီး အားလုံး အတူတူ တန်းတူညီမျှ ဆက်ဆံ သင်ကြားခြင်း ခံကြရသည်။

ကျောင်းများတွင် စာမေးပွဲ မရှိခြင်းကလည်း ထူးခြားချက်ဖြစ်သည်။ ဆရာ၏ အကဲဖြတ်စစ်ဆေးခြင်းကို ဆရာတိုင်းသည် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိသည်။ သူတို့ဘဝတွင် စာမေးပွဲဆိုသည်ကို နားမလည်။ မူလတန်းမှ အထက်တန်းအောင်သည်အထိ စာမေးပွဲဆို၍ တစ်ကြိမ်လောက်သာ ကြုံတွေ့ဖူးကြပေလိမ့်မည်။

သူတို့ကျောင်းသားဘဝတွင် ရင်ဆိုင်ရမည့် တစ်ခုတည်းသော စာမေးပွဲမှာ တက္ကသိုလ်ဝင် (National Matriculation Examination) တစ်ခုသာ ဖြစ်သည်။

အထက်တန်းရောက်မှ နောက်ဆုံးအဆင့်တွင် ဖြေဆိုကြရသော စာမေးပွဲဖြစ်သည်။ ကလေးများ၏ အဆင့်ကို ဆရာက သတ်မှတ်သည်။ သူတို့ဆရာတွေကလည်း ကလေးကို အမြဲ အကဲဖြတ်နေကြသူများ ဖြစ်သည်။

ကောလိပ်ပညာရေးတွင်လည်း သူတို့ အခမဲ့ သင်ယူနိုင်သည်။ မာစတာတန်း၊ ပါရဂူတန်းများကိုပင် အခမဲ့ တက်နိုင်သည်။ ထူးချွန်သူများ နိုင်ငံခြားထွက်ပြီး ပညာသင်နိုင်ရန်လည်း အထောက်အပံ့ ပေးသည်။

ဆရာပညာတတ်များ တန်ဖိုးထား

ဖင်လန်နိုင်ငံမှ ဆရာများသည် အလွန်အဆင့်မြင့်စွာ နေထိုင်နိုင်ကြပြီး လစာလည်းကောင်း၊ လူ့ဘောင်ကလည်း တန်ဖိုးထား လေးစားခြင်း ခံရသူများဖြစ်သည်။ သူတို့ပညာရေးစနစ်က ပညာတတ် ဆရာများ အပေါ်တွင် ပုံအပ်ထားသည့် သဘောရှိသောကြောင့် ဆရာများကို အလွန် တန်ဖိုးထားခြင်း ဖြစ်သည်။

ဆရာလုပ်မည်ဆိုလျှင် အနိမ့်ဆုံးကိုပင် အရည်အချင်းမှာ Master ဘွဲ့ရထားသူကိုသာ လက်ခံသည်။ ဆရာတစ်ယောက် ထူးချွန်စွာ ပေါ်ပေါက်လာစေရေးအတွက်လည်း အစိုးရက ပိုးမွေးသလို မွေးထားပေးသည်။

ဆရာအလုပ်သည် ထိပ်တန်းအလုပ် ဖြစ်သောကြောင့် ဆရာအတတ်သင်နေသူများကို ကောင်းကောင်း ထားသည်။ အတော်ဆုံးသူကိုသာ ပညာရေးတွင် ခေါ်ယူပြီး ဆရာအဖြစ် အသုံးပြုသည် ဆိုခြင်းမှာ အခြားနိုင်ငံများတွင် ဆေးပညာဘွဲ့ဖြင့် ဆရာဝန်များ မွေးထုတ်နေပုံအတိုင်း ဖြစ်နေသောကြောင့် နှိုင်းယှဉ် လေ့လာစရာဖြစ်သည်။

ဆရာတွေ အလကား မနေရပါ။ သူတို့ အမြဲ ပညာရေးဆိုင်ရာ သုတေသနတွေ လုပ်နေကြရသည်။ သူတို့ ကလေးတွေကို အမြဲလေ့လာနေကြရသည်။ မည်သည့် ပညာသင်ကြားနည်းက ပိုပြီး ထိရောက်မည်ကို အမြဲတမ်း လေ့လာကာ စာတမ်းတွေ တင်နေကြရသည်။

သူတို့ပညာရေးစနစ်က သုတေသနကို အခြေခံသည့် ပညာရေးစနစ်ဖြစ်သည်။ သင်ကြားနည်းအတွက် သုတေသန လုပ်နေသည့် ဆရာများကို အစိုးရက အမြဲ ထောက်ပံ့ အားပေးထားသည်။ မအောင်မြင်သည့် စနစ်များကို အမြဲစွန့်ပစ်သည်။ အကောင်းဆုံး နည်းများဖြင့် အမြင့်ဆုံးဖြစ်အောင် ပူးပေါင်း လုပ်ဆောင်ကြသည်။

ကစားခြင်းသည်သာ ပညာပါ

ဖင်လန်နိုင်ငံ ပညာရေးစနစ်၏ ထူးခြားချက်မှာ ကလေးများကို ကစားချိန်၊ နားချိန် များစွာ ပေးထားခြင်းဖြစ်သည်။ အထူးသဖြင့် ကလေးငယ်များတွင် ကစားခြင်းဖြင့် ပညာရှာနိုင်မည့် နည်းလမ်းများကို အထူးဦးစားပေး စီစဉ်ထားသည်။ ၄၅ မိနစ် စာသင်ပြီးတိုင်း ၁၅ မိနစ် အနားပေးကာ ကစားခိုင်းတတ်သည်။ သူတို့က ကလေးကို ကလေးလိုမြင်၊ ကလေးလိုထား၊ ကလေးလို ကစားခိုင်းခြင်းက ပိုပြီး အရေးကြီးသည်ဟု
ယူဆကြသည်။
မိဘ၊ ဆရာ၊ ကျောင်းသားများကြားတွင် ယုံကြည်မှု အပြည့်အဝ ထားခြင်းကလည်း ဖင်လန်ပညာရေးစနစ်၏ အောင်မြင်ကြောင်းကို ဖြစ်စေသည်။ ကလေးတွေကို အိမ်စာပေးလေ့မရှိ။ လိုအပ်လျှင် အပိုလေ့ကျင့် ခိုင်းသည့် စာများကိုလည်း ကျောင်းတွင်သာ အပြီး လုပ်ခိုင်းသည်။ အိမ်ကို ဝန်ထုပ်ဝန်ပိုး ပြန်မသယ်ခိုင်းပေ။ သူတို့ပေးသည့် အိမ်စာ ဆိုသည်မှာလည်း နာရီဝက်လောက် လုပ်လိုက်လျှင် ပြီးနိုင်သည်။

မိဘများကလည်း သူတို့ သားသမီးများအတွက် တစ်နေ့တာ လိုအပ်ချက်များကို ဆရာများက ကျောင်းတွင် အပြည့်အဝ | သင်ပေးလိုက်ပြီဟု ယုံကြည်ကြသည်။ ထို့ကြောင့် အိမ်ရောက်လျှင် စာကျက်ဟု တိုက်တွန်း ပြောစရာမလို။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: thevoice

News Read 3282 times