ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းများ ဧပြီ (၁၉) ရက်တွင်ဖွင့်မည်

**Unicode**

ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းတွေကို ဧပြီ (၁၉) ရက်မှာ ဖွင့်လှစ်မည်ဟုသိရသည်။

စာပေးစာယူ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများကို ဧပြီ (၁၉) ရက်မှ မေ (၃) အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းများအတွက် စာမေးပွဲများကို မေ (၇) ရက်မှ (၁၃) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Catering (7) ဧည်ခံကျွေးမွေးခြင်းသင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို ဒီဇင်ဘာ (၂၄) ရက်တွင် နောက်ဆုံးထားတင်သွင်းစေခဲ့ကြောင်း၊ ဝင်ခွင့်စာမေးပွဲများကို ဖေဖော်ဝါရီ (၂) ရက်တွင် ကျင်းပခဲ့သည်။ သင်တန်းသားရွေးချယ်ရာတွင် ဝင်ခွင့်ဖြေဆိုသော အထက်ပြ (၆၇၅) ဦး၊ ဒုဦးစီးမှူး၊ ဒုကြီးကြပ်ရေးမှူး၊ PGDMA ဘွဲ့ရ ကွန်ပျူတာလုပ်ဆောင်ရေးမှူးများ၊ ဒုလက်ထောက်ကြီးကြပ်ရေးမှူးများနှင့် PGDMA ဘွဲ့ရလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၇၅) ဦး၊ ဝင်ခွင့်ဖြေဆိုသည့် အလယ်တန်းပြနှင့် မူလတန်းကျောင်းအုပ် (၁၅၀) ဦး၊ ဝင်ခွင့်ဖြေဆိုသည့် ပညာရေးကောလိပ်များမှ နည်းပြ (၁၅၀) ဦး၊ ဝင်ခွင့်ဖြေဆိုသည့် လုပ်သက်ကြီးစဉ်အုပ်စုမှ လျှောက်ထားသော သင်ကြားရေးအထက်တန်းပြများနှင့် အလယ်တန်းပြ (၄၅၀) ဦး၊ စုစုပေါင်း (၁၅၀၀) ဦးရေလက်ခံမည်ဖြစ်ကြောင်းသိရပါသည်။

Read More:>>>  စာစစ်တာဝန် မပျက်ကွက်ရန် ဆရာ/ဆရာမများကို အသိပေး

ပညာရေးဘွဲ့ (B.Ed) စာပေးစာယူပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းတွေမှာကျောင်းအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် သင်တန်းနဲ့ အများဆုံးကင်းကွာခွင့်ကို ကျောင်းဝင်မှတ်ပုံတင်တဲ့ ပညာသင်နှစ်နှင့် နောက်ထပ်ပညာသင်နှစ် (၄) နှစ်၊ စုစုပေါင်း (၅) နှစ်သာကင်းကွာခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ကာလ ပညာသင်နှစ် (၅) နှစ်ထက်ကျော်လွန်ပါက မည်သည့်သင်တန်းနှစ်မဆို B.Ed စာပေးစာယူ ပထမနှစ်သင်တန်းဝင်ခွင့်စာမေးပွဲကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။ 

Source: Internet Journal

 

**Zawgyi**

 



Catering (7) ဧည်ခံကျွေးမွေးခြင်းသင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


Read More;>>>  စာစစ်တာဝန် မပျက်ကွက်ရန် ဆရာ/ဆရာမများကို အသိပေး



Latest Post News Read 14866 times