အစဉ်အလာ ပညာရေးလမ်းကြောင်းထက် နည်းပညာဖြင့် လမ်းကြောင်းသစ် ထွင်ထားသည့် ပညာရေးတွင် သင်ရိုး ညွှန်းတမ်းများ၊ ပြဋ္ဌာန်းချက် များကို အလွယ်တကူရနိုင်ခြင်း သင်ကြားသူ ဆရာများသည် မိမိတို့ မည်သည့် အကြောင်းအရာကို သင်ကြားမည်ကို ကြိုတင်ပြောပြီး ကြိုတင်ပြင်ဆင်ခိုင်းနိုင်သည်။
ထိုအကြောင်းအရာကို မည်သည့်နေရာများတွင် အသေးစိတ် ကြည့်ရှုနိုင်ကြောင်း Link များပေးခြင်းဖြင့် ကျောင်းသားများ ကြိုတင်လေ့လာမှု ပြုခဲ့ပြီး သင်ကြားရာတွင် ထိရောက်မှု ရှိစေနိုင်သည်။
ဆရာတစ်ဦးတည်း သင်သည့် တစ်လမ်းသွား စနစ်မှ လမ်းကြောင်းစုံ ရွေးချယ်ခွင့်ကို ပေးထားခြင်း ဖြစ်သည်။
ကျောင်းသားများကို တွန်းအားပေးလှုံ့ဆော်ရာ ရောက်ခြင်း
ကွန်ပျူတာဆိုသည်မှာ တိကျစွာ တုံ့ပြန်ပေးနိုင်သည့်သဘော ရှိသည်။ ကွန်ပျူတာကို သုံးရခြင်းဆိုသည်မှာ အားကိုး အားထား ပြုထိုက်သော အရည်အချင်းများနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်။
ယုံကြည်ကိုးထားမှု မရှိလျှင် ဆက်သုံးနေစရာ အကြောင်းလည်း မရှိပေ။ ကွန်ပျူတာ သုံးခြင်းကြောင့် အချိန်ကုန်သက်သာစေသည်၊ လိုချင်သည်ကို ချက်ချင်း တုံ့ပြန်နိုင်သည်၊ မြန်ဆန်တိကျသည့် ရလဒ်ကောင်းကို လိုချင်သောကြောင့် သုံးခြင်းဖြစ်သည်ဟု ဂျိမ်းစ်ကူလစ်က ဆိုသည်။
READ - ကျောင်းသား၊ ကျောင်းသူတိုင်း စာတော်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ လိုက်လုပ်ပါ
ကျယ်ပြန့်နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိခြင်း
အဝေးသင်ပညာရေးစနစ်၊ အွန်လိုင်းပညာရေး စနစ်တို့တွင် ကွန်ပျူတာ၏ ပံ့ပိုးမှု မပါဘဲ အောင်မြင်နိုင်မည် မဟုတ်ပေ။ သင်ကြားသူနှင့် သင်ယူသူတို့သည် နယ်စည်းမခြား ဆက်သွယ်နိုင်ခြင်း၊ ကျောင်းသားများသည် မိမိတို့ သင်ချင်သည့်ဘာသာ၊ သင်လိုသည့်ဆရာ၊ သင်ကြားချင်သည့်နေရာကို ရွေးချယ်ခွင့် ရှိလာသည်။ ပိုမို ကျယ်ပြန့်သည့် ပညာလူ့ဘောင်သစ် တစ်ခုကို ထူထောင်နိုင်သည်။
ကျောင်းသားများ၏ စာရေးသားမှုစွမ်းရည် တိုးတက်လာခြင်း
ခေတ်သစ်တွင် ဘောပင်နှင့်စာရွက်သုံးပြီး ရေးသားခြင်းကို မဆိုလိုပါ။ ကွန်ပျူတာ စာစီစာရိုက်စနစ်နှင့် စာရေးသားရန် နေရာပေါင်းများစွာ ပေါ်လာသဖြင့် ရင်တွင်းခံစားချက်များ ဖော်ထုတ်နိုင်သည်။ တွေ့မြင် ချက်များကို ရေးသားနိုင်သည်။ ထင်မြင်ချက်ပေးနိုင် သည်။ မှတ်ချက်ရေးနိုင်သည်။ ထို့ကြောင့် စာရေးသားမှုစွမ်းရည် တိုးတက်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဘာသာရပ်များကို လေ့လာရပိုပြီးလွယ်ကူစေခြင်း
ပညာရေးဆိုင်ရာ ဆော့ဖ်ဝဲအများအပြားကို တီထွင်လာနိုင်ခြင်းကြောင့် ဘာသာရပ်တစ်ခုကို နက်နဲ ကျယ်ပြန့်စွာ လေ့လာနိုင်သည်။ ကျောင်းမတက်မီ ကတည်းက မူကြိုအဆင့်တွင် ကွန်ပျူတာဆော့ဖ်ဝဲ အကူအညီဖြင့် စာများ၊ ကဗျာများ၊ သီချင်းများ သင်ကြားနိုင်သည်။
ကွန်ပျူတာဖြင့် ပုံစံတူလုပ်ဆောင်မှုများ ပြုလုပ်နိုင်သည်။ လေယာဉ်အတုမောင်းခြင်း၊ ဆေးပညာ ရပ်ဆိုင်ရာ လူ့ခန္ဓာဗေဒကို လေ့လာနိုင်ခြင်း၊ ခွဲစိတ်မှုများ ကို အသေးစိတ်လေ့လာနိုင်ခြင်းအပြင် ဂရပ်ဖစ်ဆိုင်ရာ ပညာရပ်များကိုပါ ကြိုတင်သင်ယူနိုင်သည်။
READ - အမေရိကန်ပညာရေးနှင့် မြန်မာနိုင်ငံပညာရေးရဲ့ စာသင်ကြားပုံ ကွာခြားချက်
အကဲဖြတ်နိုင်မှု မြန်ဆန်လာခြင်း
ကွန်ပျူတာဖြင့် စစ်ဆေးမှုများသည် တိကျရုံသာမက ရလဒ်ကို အမြန်ဆုံး ထုတ်ပေးနိုင်သည်။ သို့ဖြစ်ရာ လုပ်ငန်းစဉ်တစ်ခုပြီးလျှင် နောက်တစ်ခု မည်သည့်အကြောင်း အရာကို ဆက်သွားမည်၊ ဘာတွေဆက်သင်ရမည်၊ ဉာဏ်ရည်မည်မျှရှိသည်ကို ချက်ချင်းသိနိုင်ခြင်းကြောင့် အချိန်တိုအတွင်း ကျောင်းသား သင်ယူတတ်မြောက်မှုကို အကဲဖြတ်နိုင်ခြင်းက ပိုပြီးထိရောက်မှု ရှိစေနိုင်သည်။
နည်းပညာကို ပညာရေးတွင် ထည့်သွင်းမည်ဆိုလျှင် အင်တာနက်ဆက်သွယ်ရေး လမ်းကြောင်းကို ကျောင်းတိုင်း ရနိုင်စေရန် ထူထောင်ပေးရမည်။
ကျောင်းသားတိုင်း အခမဲ့ အင်တာနက်သုံးပိုင်ခွင့် ရှိရမည်။ ကျောင်းသင် ပြဋ္ဌာန်းချက်အားလုံးကို ဒစ်ဂျစ်တယ်စနစ် ပြောင်းပြီး အွန်လိုင်းပေါ် တင်ထားပေးရမည်။
ကွန်ပျူတာနှင့် အခြားဆက်စပ်ပစ္စည်း များကို အခမဲ့သို့မဟုတ် ဈေးပေါပေါနှင့် ရစေရန် ကြံဆောင်ပေးနိုင်ရမည်။ မည်သူတွေက လုပ်ပေးမည်နည်း ဆိုသည့်အပေါ် မူတည်ပြီး သက်ရောက်မှု အနည်းအများ၊ အနှေးအမြန်တော့ ရှိနိုင်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: myanmardigital