နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ အငြိမ်းစားသံတမန်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာ/ဆရာမကြီးများနှင့်
ကျွမ်းကျင်သူပညာရှင်များ၊ ကိုယ်တိုင်သင်ကြားပို့ချမည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မင သင်တန်းအမှတ်စဉ် (၄၂) ကို ၂၀၁၉ ခုနှစ်၊
မေလအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ပါ၍ နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာကိစ္စရပ်များတွင် စိတ်ပါဝင်စားသူများ စာရင်းသွင်းတက်ရောက်နိုင်ပါသည်။
သင်တန်းတွင် သံတမန်ရေးရာ သဘောတရားများကို သိရှိနားလည်စေရန် (Diplomacy နှင့် ပတ်သက်သော ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာ ညီိလာခံနှင့်
အစည်းအဝေးကျင်းပခြင်း (Informational Conferencing) စေ့စပ်ညှိနှိုင်းပြောဆိုမှု နည်းလမ်းများ (Negotistion Techniques) အပြည်ပြည်ဆိုင်ရာဥပဒေ ဘာသာရပ်များ၊
(International Law) စီးပွားရေးဘာသာရပ်မျာ၊ (Economics) အပါအဝင် သံတမန်ရေးရာ (Protocol) နှင့် သက်ဆိုင်သည့် အခြေခံဘာသာရပ်များကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
(က) တက်ရောက်နိုင်သူများ -တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီးသူများ
(ခ) သင်တန်းကာလ -ရက်သတ္တပတ် (၁၂) ပတ်
(ဂ) သင်တန်းချိန်များ -အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ
(နံနက်ပိုင်းတန်းခွဲ ၁၇း၀၀ နာရီမှ ၁၉း၀၀ နာရီအထိ)
(ညနေပိုင်းတန်းခွဲ ၁၇း၀၀ နာရီမှ ၁၉း၀၀ နာရီအထိ)
(ဃ) သင်တန်းနေရာ -အမှတ်(၃၆)၊ဝန်ဇင်းမင်းရာဇာခန်းမဆောင်၊ စကားဝါလမ်း၊
နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ရန်ကုန်မြို့။
(င) လျှောက်လွှာရောင်း/လက်ခံမည့် -(၂၅-၄-၂၀၁၉) ရက်နေ့မှ (၃-၅-၂၀၁၉) ရက်နေ့အထိ
နေ့ရက်နှင့်အချိန် -(ရုံးဖွင့်ရက်များ၊ ရုံးချိန်အတွင်း)
(စ) လက်ခံမည့်နေရာ -မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နိုင်ငံ
ခြားရေးဝန်ကြီးဌာန၊စကားဝါလမ်း၊ ရန်ကန်မြို့။
(ဆ) လျှောက်လွှာတင်သွင်းရာတွင် -ပတ်စ်ပို့စ်ဓာတ်ပုံ(၁) ပုံ၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ
လိုအပ်သည့်အချက်များ (၆ လအတွင်း)၊ ဘွဲ့လက်မှတ် (မူရင်း၊မိတ္တူ)၊ နိုင်ငံသားစိ
စစ်ရေးကတ်ပြား (မူရင်း၊မိတ္တူ)၊ အစိုးရဝန်ထမ်းဖြစ်ပါက
သင်တန်းတက်ရောက်ခွင့်ပြုကြောင်းဌာနဆိုင်ရာထောက်
ခံချက်(မူရင်း)
၂။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းကြပါရန် ကြေညာအပ်ပါသည်။
၃။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်တွင် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဖုန်း (၀၁-၂၂၁၅၃၇၊ ၀၁-၂၂၁၅၃၁၊ ၀၁-၂၂၂၀၂၈)
မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့။