ပုဂံ၌ ဒေသတွင်းဧည့်လမ်းညွှန်သင်တန်း ဖွင့်လှစ်

ပုဂံ၌ ဒေသတွင်းဧည့်လမ်းညွှန်သင်တန်း ဖွင့်လှစ်

ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိလာနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သော ဒေသတွင်း ဧည့်လမ်းညွှန်အခြေခံသင်တန်းအမှတ် စဉ် (၃၉) ဖွင့်လှစ်ခဲ့သည်။

ထိုသင်တန်းကို သင်တန်းနည်းပြများ အဖြစ် ၀ါရင့်ဧည့်လမ်းညွှန်များ သဘာဝဂေဟဗေဒနှင့် နယ်ပယ်အသီးသီးရှိ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ပညာရှင်များ၊ တက္ကသိုလ်၊ ကောလိပ်များရှိ ကထိက နှင့် ဌာနမှူးများ၊ ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိများက သင်ကြားပို့ချပေးမည် ဖြစ်သည်။

ဒေသတွင်း ဧည့်လမ်းညွှန်အခြေခံပသင်တန်းများကို ပုဂံဒေသတွင် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဖွင့်လှစ်ပေးခဲ့ရာ ၂၀၁၃ ခုနှစ်က ဒေသတွင်း ဧည့်လမ်းညွှန် ၁၀၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် ဒေသခံ ဧည့်လမ်းညွှန် ၁၂၃ ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ယခုနှစ်သင်တန်းတွင် သင်တန်းသား/သူ ၁၂၆ ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှ တစ်လ ခန့် ကြာမြင့်မည် ဖြစ်သည်။

အဆိုပါသင်တန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်လမ်းညွှန်မှုဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာ့ခရီးသွား လုပ်ငန်းစနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုလုပ်ငန်းတစ်ခု အနေဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 2714 times