သင်တန်းကာလ နှစ်နှစ်ကြာမြင့်မှာ ဖြစ်ပြီး သူနာပြု ဒီပလိုမာလက်မှတ် ပေး အပ်မှာ ဖြစ်ပါတယ်။
တက္ကသိုလ်တစ်ခုခုက သိပံ္ပဘွဲ့ရရှိပြီးသူတွေ လျှောက်ထားနိုင်ပြီး အိမ်ထောင်မရှိသူတွေသာ လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၅ ရက် နေ့ နောက်ဆုံးထားလျှောက်ရမှာ ဖြစ်ပြီး အသက် ၂၅ နှစ်ထက်မကြီးသူ ဖြစ်ရပါ မယ်။
သင်တန်းတက်ရောက်အောင်မြင်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရပါက သုံးနှစ်ဆက်တိုက် တာဝန်ထမ်းဆောင်နိုင် သူဖြစ်ဖို့ လိုပါတယ်။
သင်တန်းတက် ရောက်ခွင့်ရရှိပြီး သင်တန်းကို ပြီးဆုံးအောင် မတက်တာ၊ သင်တန်းပြီးဆုံးပါက တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ပါက နိုင်ငံတော်က သတ်မှတ်ထားတဲ့ လျော်ကြေးငွေကို ပေးလျော်ပါမယ့် အကြောင်း ဝန်ခံ ကတိချုပ်ဆိုရမယ်လို့ သိရပါတယ်။
လျှောက်လွှာနဲ့အတူ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ် မိတ္တူတစ်စောင်နဲ့ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူတစ်စောင်၊ နိုင်ငံရေးနဲ့ပြစ်မှုကင်းရှင်းကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းရဲ့ ထောက်ခံစာမူရင်း၊ အိမ်ထောင်မရှိသူ လူပျို၊ အပျို ဖြစ် ကြောင်း သက်ဆိုင်ရာ မြို့နယ် ရပ်ကွက် ဒါမှမဟုတ် ကျေးရွာ အထွေထွေ အုပ်ချုပ် ရေးမှူးရုံးရဲ့ ထောက်ခံစာ မူရင်းတစ်စောင်၊ ခြောက်လအတွင်း ရိုက်ကူးထားတဲ့ လိုင် စင်ဓာတ်ပုံ နှစ်ပုံ၊ ကျန်းမာရေးကောင်းမွန် ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ဆေးထောက်ခံစာမူရင်း တစ်စောင်စတာတွေကို ပူးတွဲပေးပို့ရမှာ ဖြစ်ပါတယ်။
လျှောက်လွှာများကို သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန် ) အမှတ် (၅၂၈) ဈ သံသုမာလမ်း၊ သွပ်ဝိုင်းကြီး ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်မြို့ကို လိပ်မူပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ရေးဖြေ စာမေးပွဲဖြေဆိုရမှာဖြစ်တယ်။
ရေးဖြေစာ မေးပွဲဖြေဆိုခွင့်ရရှိသူတွေ စာရင်းကို နိုဝင်ဘာ ၂၉ရက်နေ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) မှာ ကြေညာပေးမှာ ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေကို နိုဝင်ဘာ ၃၀ ရက်နေ့ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
သင်တန်းဝင်ခွင့်ရေးဖြေ စာမေးပွဲကို ဒီဇင်ဘာလ ၈ ရက်နေ့ ဖြေဆိုရမှာ ဖြစ် ပြီး အခြား အချက်အလက် တွေကို အသေးစိတ်သိရှိလိုပါက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)မှာ သွားရောက် စုံစမ်းနိုင်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudranews