ပညာရေးကောလိပ်များမှ ဒီပလိုမာလက်မှတ်ရရှိသူများနှင့် ဘွဲ့မရရှိသေးသည့်သူများအား ပညာရေးဘွဲ့စာပေးစာယူသင်တန်းအတွက် သင်တန်းသားရွေးချယ်မှုများကို အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်လိုက်ကြောင်းသိရပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည့် B.A(Education), B.Sc (Education) Correspondence Course စာပေးစာယူသင်တန်းသား ရွေးချယ်ရေးမှုကို ယခုလ (၂၀) ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
၎င်းသင်တန်းကို ပညာရေးကောလိပ်များမှ လုပ်ငန်းခွင် အကြိုမူလတန်းဆရာ အတတ်ပညာဒီပလိုမာသင်တန်း (DTEd) ဒီပလိုမာလက်မှတ်ရရှိပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့မရရှိသေးသည့်သူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရပါတယ်။
တောင်းဆိုထားတဲ့အတိုင်း သင်တန်းတက်ရောက်နိုင်ဖို့ တိကျတဲ့မှု ဘယ်လိုရှိတယ်ဆိုတာကို ထုတ်ပြန်ပေးလိုက်တာပါ။ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေလုပ်ကတည်းက ကောလိပ်တွေမှာ ဆရာတို့ရှင်းလင်းပွဲတွေလုပ်ပြီး ဒါတွေလုပ်ပေးမယ်လို့ သဘောတူထားပြီးသား။ အဲ့ဒါကြောင့် အခုထုတ်ပြန်ပေးလိုက်တာ။ လာမယ့်တစ်သောင်းခွဲနဲ့ နောက်နှစ်နှစ်လောက် တစ်သောင်းစီ ဖွင့်ပေးလိုက်ရင် အကုန်နီးနီးလောက်ဖြစ်သွားမှာ ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ အရာရှိတစ်ဦးက စက်တင်ဘာ (၂၁) ရက်ကပြောကြားပါတယ်။
၎င်းပညာရေးဘွဲ့စားပေးစားယူသင်တန်းကို လာမည့် ၂၀၂၀ ပြည့်နှစ်ဇွန်လတွင် ဖွင့်လှစ်နိုင်ရန် လျာထားပြီး သင်တန်းတက်ရောက်ရန်အခြေခံပညာဦးစီးဌာနတွင် ပညာရေးဝန်ထမ်းအဖြစ် အနည်းဆုံး လုပ်သက်တစ်နှစ်ရှိပြီးသူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော ပညာရေးတက္ကသိုလ်၊ ကောလိပ်အလိုက် Catchment Area (သတ်မှတ်နယ်မြေ) အလိုက်တက်ရောက်မည်ဖြစ်ကြောင်းသိရပါတယ်။
ယင်းကဲ့သို့ ပညာရေးဘွဲ့စာပေးစာယူသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန်အတွက် ပညာရေးကောလိပ်များတွင် ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့သလို စတစ်ကာကမ်ပိန်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More:>>> ပထမဆုံးဖွင့်လှစ်မည့် B.A/B.Sc စာပေးစာယူသင်တန်းအတွက် သင်တန်းသားများခေါ်ယူမည်
လာမည့်နှစ်တွင် စာပေးစာယူဘွဲ့သင်တန်းကို သတ်မှတ်ချက်နှင့် ကိုက်ညီသူတစ်သောင်းခွဲခန့်ကိုသင်တန်းပေးနိုင်ရန်လျာထားကြောင်းသိရပါတယ်။
Source: Democracy