BBM majorမှာတော့ လုပ်ငန်းခွင်လိုအပ်ချက်အပေါ်မူတည်တဲ့ သင်ကြားမှုတွေရှိလို့ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု အရမ်းကောင်းပြီး၊ ကျောင်းတွင်းလှုပ်ရှားမှု activity တွေကိုပါ တွေ့ရှိရမယ့်ဘွဲ့ဒီဂရီသင်တန်းတစ်ခုဖြစ်ပါတယ်။
BBM (Bachelor of Business Management) ကိုတော့ မြန်မာလို “စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာ”လို့ခေါ်ပါတယ်။
ဒီဘွဲ့ဟာဆိုရင် NMDCနဲ့ စီးပွားရေးတက္ကသိုလ်ကျောင်း ၂ကျောင်း တွဲဖက် affiliate ပြုလုပ်ပြီးပေးတဲ့ ဘွဲ့ပဲဖြစ်ပါတယ်။ ဒါကြောင့် NMDC မှာ ကျောင်းတက်ပြီး စီးပွားရေးတက္ကသိုလ်မှ အပ်နှင်းတဲ့ ဘွဲ့ကို ရမှာဖြစ်ပါတယ်။
ဗိုလ်တစ်ထောင်ကျောင်းဝင်းအတွင်းမှာ သင်တန်းကာလ (၄)နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။
၁။ ဘယ်လိုဘာသာရပ်တွေ အဓိကသင်ကြားရမှာလဲ
BBM မှာ အဓိကသင်ကြားပေးတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ထူထောင်မယ်၊ ထူထောင်တဲ့အခါမှာ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားရမယ်၊ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းကိုလည်း စနစ်တကျနဲ့အကျိုးအမြတ် အများဆုံးရရှိအောင် ဘယ်လိုစီမံမလဲ ဆိုတာတွေကို သင်ကြားရပါတယ်။
Human Resource, Marketing, Finance, Operating အစရှိတဲ့ Business Functions ကြီးလေးခုကို အခြေခံတဲ့ဘာသာရပ်တွေအပြင် မိမိလုပ်ငန်းတစ်ခုတည်းရဲ့ အကျိုးအမြတ်ချည်းပဲမဟုတ် ပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုနိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ဖို့ CSR စတာတွေကိုလည်း သင်ကြားရပါတယ်။
ဘာသာရပ်အားလုံးအတွက် သင်ရိုးညွှန်းတမ်းများကိုတော့ U.S.A. နဲ့ U.K မှရိုက်နှိပ်ထုတ်ဝေတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ebook များနဲ့ Reference Book များကိုအသုံးပြုသင်ကြားပေးပါတယ်
၂။ ဘယ်လိုမျိုးသင်ကြားရမှာလဲ
စာသင်ကြားတဲ့နေရာမှာတော့ စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေကပဲ သင်ကြားပေးခြင်း (One Way) မျိုးမဟုတ်ဘဲ ကျောင်းသားနှင့်ဆရာ အပြန်အလှန် ဆွေးနွေးခြင်း၊ ကျောင်းသား အချင်းချင်း အုပ်စုများဖွဲ့၍ ဆွေးနွေးခြင်းစသည့် multi-way learning method ဖြင့် သင်ကြားပေးပါတယ်။
ဒီလို activity တွေပြုလုပ်ရတဲ့အတွက် ကျောင်းသားအချင်းချင်း ဆွေးနွေးတိုင်ပင်တတ်မှု၊ စည်းလုံးညီညွတ်မှုတွေကို ရရှိစေတဲ့အပြင် public speaking skills တွေပါ တိုးတက်လာစေနိုင်ပါတယ်။
သင်ကြားပို့ချပေးတဲ့ ဆရာဆရာမတွေကတော့ NMDC မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမများအပြင် နိုင်ငံခြားတက္ကသိုလ်များနှင့် အဖွဲ့အစည်းများမှဆရာဆရာမများ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကလည်း Visiting Lecturers များအဖြစ် လာရောက်သင်ကြားပို့ချပေးပါတယ်။
၃။ စာသင်ခန်းတွင်း ဘာသာရပ်တွေအပြင်.....
ကျောင်းသားများအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုကတော့ အပတ်စဉ် ဟောပြောပွဲ Seminar များ၊ အလုပ်သင် internship များအပြင် လုပ်ငန်းခွင်လေ့လာရေးခရီးများဖြစ်တဲ့ plant trip များ သွားရောက်ရခြင်းများလည်းရှိပါတယ်။
Seminar တွေမှာ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ စိတ်ဝင်စားစရာ လုပ်ငန်းခွင်နှင့် စီးပွားရေးလုပ်ငန်း အတွေ့အကြုံတွေကို ကျောင်းသားများ ဗဟုသုတ ရရှိပြီး လေ့လာနိုင်စေဖို့အတွက် လာရောက်ပြောပြကြပါတယ်။
လုပ်ငန်းခွင်လက်တွေ့လေ့လာရေးခရီး ( Plant Trips ) တွေမှာတော့ ကျောင်းမှာ စာတွေ့သင်ကြားထားတဲ့ အကြောင်းအရာတွေကို အခြေခံပြီး လုပ်ငန်းများရဲ့ လက်တွေ့လည်ပတ်မှု၊ထုတ်လုပ်မှုများကို လေ့လာရပါတယ်။
လေ့လာရေးအပြီးမှာတော့ အုပ်စုလိုက် Report တင်ရပါတယ်။
အလုပ်သင်(Internship program) မှာတော့ ကျောင်းသား၊ကျောင်းသူများက မိမိစိတ်ကြိုက် ကုမ္ပဏီများကို ရွေးချယ်ပြီး (၂)လ တာ internship ဆင်းရင်း လုပ်ငန်းတွေရဲ့ သဘောတရား၊ လုပ်ဆောင်မှုတွေကို သင်ယူလေ့လာရပါတယ်။
ဒီအတွေ့အကြုံဟာ စာသင်ခန်းမှာ စာတွေ့သင်ယူရတဲ့ဗဟုသုတတွေကို လုပ်ငန်းတစ်ခုရဲ့ လက်တွေ့မှာ ဘယ်လိုမျိုးပြန်အသုံးချရမလဲ၊ လူတွေနဲ့ ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ အကြောင်းအရာတွေကိုသိရှိစေနိုင်ပါတယ်။
အလုပ်သင်လျှောက်ထားရာမှာလည်း ကျောင်းတွင်းအလုပ်အကိုင်ပြပွဲကနေ လျှောက်ထားနိုင်သလို၊ ဆရာဆရာမများမှလည်း company များနှင့် ချိတ်ဆက်ပေးပါတယ်။
စာတွေ့ချည်းပဲမဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်ပါဝင်ခဲ့လို့ ကျောင်းသားတွေဟာ ဘွဲ့ရတာနဲ့တစ်ပြိုင်နက် အလုပ်ခွင်မှာ ကိုယ်တကယ် အလုပ်လုပ်နိုင်ပြီဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုကို ရစေပါတယ်။
၎။ အမှတ်ဘယ်လောက်ဆိုလျှောက်လို့ရမလဲ ??
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်ပေါင်း ၄၅၀ နှင့် အထက် ရရှိထားသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာတော့ ၄၄၀ မှစတင်ခေါ်ခဲ့ပြီး နောက်ဆုံးအမှတ် ၄၈၈ နဲ့ ဖြတ်ခဲ့ပြီး ယခုနှစ်အတွက် အမှတ်ကတော့ လျှောက်တဲ့ လူအရေအတွက် ပေါ်မူတည်ပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။
သင်တန်းလျှောက်လွှာခေါ်ယူမယ့်နေ့ကိုတော့ သတင်းစာနှင့် official page ကနေ တစ်ဆင့်ကြေညာပေးမှာဖြစ်ပြီး သတ်မှတ်ကာလမတိုင်ခင်အထိ လျှောက်ထားနိုင်ပါတယ်။
အသေးစိတ်သိရှိလိုပါက ၉.၈.၁၈( ကြာသပတေးနေ့ )၊ မနက် ၉ နာရီ ၊ NMDC Tourism Hall၊ NMDC campus မှာ ကျင်းပမယ့် Open Campus သို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ပါတယ်။
လူကိုယ်တိုင်လာရောက်စုံစမ်းချင်ရင်လည်း National Management Degree College - အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကျောင်းသားရေးရာဌာန (ဖုန်း ၀၁ ၂၉၂၅၆၆) သို့ လာရောက်စုံစမ်းနိုင်ပါတယ်နော် ။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source:National Management Degree College