B.Tech ဘွဲ့ရရှိထားသူများ ကို ယခု ၂၀၁၇-၁၈ ပညာသင် နှစ်တွင် B.E ဘွဲ့သင်တန်းများ တက်ရောက်ခွင့်ပြုမည်ဟု နည်း ပညာတက္ကသိုလ်များ၏ နိုဝင်ဘာ ၁၅ ရက်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးနောက် နည်းပညာတက္ကသိုလ် အချို့၌ B.E ဘွဲ့ တက်ရောက်လိုသူများ အား လျှောက်လွှာများခေါ်ယူခဲ့ သည်။
ထို့နောက် အရည်အချင်းစစ် စာမေးပွဲကျင်းပပြီးအောင်မြင်သူ ကိုသာ ဆက်လက်တက်ရောက် ခွင့်ပြုမည်ဟု နည်းပညာတက္က သိုလ်အချို့က ထပ်မံကြေညာခဲ့ ပြီး စာမေးပွဲအတွက်ပြင်ဆင်ရ မည့်သင်ခန်းစာများကို ထုတ်ပြန် ခဲ့သည်။
စာမေးပွဲဖြေဆိုရန် ပြင် ဆင်နေချိန် ဒီဇင်ဘာ ၆ ရက်တွင် B.Tech ဘွဲ့ရထားသည့်ကျောင်း သား၊ ကျောင်းသူအားလုံးကို တက်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ အရည်အချင်းစစ်စာမေးပွဲအောင် မြင်သည့်သင်ကြားရေးဝန်ထမ်း များသာ တက်ရောက်ခွင့်ရမည်ဟု ထပ်မံကြေညာသည်။
‘‘B.Tech ဘွဲ့ရတဲ့သူတွေ ကို ဒီနှစ်နောက်ဆုံး B.E ဘွဲ့သင် တန်းပေးတက်မယ်လို့ ပထမက ကြေညာလို့ အကုန်လုံးကရောက် တဲ့နေရာက ပြန်လာလျှောက်ကြ တယ်။ ပြီးတော့ ၀င်ခွင့်ဖြေရမယ် ဆိုလို့ ဖြေဖို့Scope တွေပေးလို့ စာကြည့်နေကြတာ။ အခုလည်း ကျရော နည်းပညာတက္ကသိုလ် တွေက သင်ကြားရေးဝန်ထမ်းတွေ ပဲဆိုတဲ့ကြေညာချက်က ထပ် ထွက်လာတော့ မကျေနပ်ကြဘူး။ အလုပ်ထွက်ပြီး B.E ဆက်တက် ဖို့ စာကြည့်နေတဲ့သူတွေတောင် ရှိတယ်’’ ဟု ပြည်နည်းပညာတက္က သိုလ်မှ B.Tech ဘွဲ့ရတစ်ဦးက ပြောသည်။
READ - နိုင်ငံခြားဘာသာစကား အခြေခံ ၁ သင်တန်း လျှောက်လွှာခေါ်ယူ
B.Tech ဘွဲ့ရကျောင်းသား များအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ သမ္မတရုံး၊ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အသနားခံစာ ပေးပို့ထားပြီး တစ်ပတ်အတွင်း အကြောင်းပြန်ပေးရန် တောင်းဆိုထားသည်။
အသနားခံစာ ပေးပို့ထား ကြောင်းကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းအထိ ၎င်းအနေဖြင့် မသိရှိ သေးကြောင်းနှင့် B.Tech ဘွဲ့ရများအား B.E ဘွဲ့သင်တန်း တက်ရောက်ခွင့်ပြုသည့်အစီအ စဉ်ကို အဆင့်မြင့်ပညာဦးစီးဌာန အနေဖြင့် မူလကတည်းက သင် ကြားရေးဝန်ထမ်းများအတွက် ရာထူးတိုး အခက်အခဲဖြစ်နေ၍ ၎င်းတို့အတွက်သာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းက ပြောသည်။
အဆင့်မြင့်ပညာ ဦးစီးဌာန ၏ ဒီဇင်ဘာ ၆ ရက်ညွှန်ကြား ချက်အရ B.E ဘွဲ့သင်တန်းဆက် လက်တက်ရောက်လိုသည့် နည်း ပညာတက္ကသိုလ်များရှိ သင်ကြား ရေးဝန်ထမ်းများသည် ဒီဇင်ဘာ ၁၆၊ ၁၇ ရက်တွင် အင်္ဂလိပ် စာနှင့် သက်ဆိုင်ရာဘာသာရပ် အရည်အချင်း စစ်စာမေးပွဲဖြေဆို ရမည်ဖြစ်ပြီး အောင်မြင်သူကို သာတက်ရောက်ခွင့်ပြုမည်ဖြစ် သည်။
နည်းပညာတက္ကသိုလ်များ တွင် ယခင်က AGTI ၂ နှစ်၊ B.Tech ၂ နှစ်နှင့် B.E တစ်နှစ် ငါးနှစ်သင်ကြားပြီး B.Tech ၂ နှစ်အပြီးတွင် သတ်မှတ်အရည်အ ချင်းပြည့်မီမှသာ B.E တစ်နှစ်သို့ ကူးပြောင်းခွင့်ပြုသည်။
၂၀၁၄-၁၅ ပညာသင်နှစ်ကစကာ ပထမ နှစ်မှ နောက်ဆုံးနှစ်အထိ B.E ဘွဲ့ရရန် ခြောက်နှစ် တိုက်ရိုက် တက်ရောက်ရသည့် စနစ်သို့ ပြောင်းလဲခဲ့သည်။
လက်ရှိတွင် တစ်နိုင်ငံလုံး၌ နည်းပညာတက္ကသိုလ် ၃၃ ခု ရှိသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7day daily