ပညာရေးတက္ကသိုလ်တွင် B.Edစာပေးစာယူ သင်တန်းတက်ရောက်သူများအားသင်တန်းမှ ကင်းကွာခွင့်ကို ငါးနှစ်အထိ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
ရန်ကုန်ပညာရေး တက္ကသိုလ်ပညာရေးဘွဲ့ B.Ed စာပေးစာယူ (ပထမနှစ်၊ ဒုတိယနှစ်) သင်တန်းကို ကျောင်းဝင်မှတ်ပုံတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ရောက်ရန် ပျက်ကွက်သူ စာမေးပွဲကျရှုံးသူများ စာမေးပွဲဖြေဆိုရန် ပျက်ကွက်နေသူများသည် သင်တန်းနှင့် ကင်းကွာနေပြီးမှ သင်တန်းပြန်လည်တက်ရောက်ရန် လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ သင်တန်းအသီးသီးတွင် ကျောင်းဝင်မှတ်ပုံတင်ပြီးအကြောင်း အမျိုးမျိုးကြောင့် သင်တန်းနှင့် အများဆုံးကင်းကွာခွင့်ကို ကျောင်းဝင်မှတ်ပုံတင်သည့် ပညာသင်နှစ်နှင့် နောက်ထ်ပညာသင်နှစ် (၄) နှစ် စုစုပေါင်းပညာသင်နှစ် (၅) နှစ်ကင်းကွာခွင့်ပြုမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
Soap Maker Training (3) ဆပ်ပြာပြုလုပ်နည်းသင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။
“တချို့ဆရာတွေက သင်တန်းတက်ချင်ပေမယ့် တက်ဖို့အတွက် အခြေအနေမပေးဘူး။ အခြေအနေပေးတော့လည်း သင်တန်းတက်ရမယ်နေရာနဲ့ တကူးတက ဖြစ်တာမျိုးတွေအကြောင်းအမျိုးမျိုးပေါ့။ ဒီလိုအခြေအနေတွေထဲက သင်တန်းပြန်တက်ချင်တဲ့သူတွေက ပြန်ပြီး တင်ပြလာတော့ သူတို့အတွက် ပညာရေးဘွဲ့ရရှိဖို့ အခွင့်အလမ်းတစ်ခုအနေနဲ့ သတ်မှတ်ပေးထားတာ" ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားပါတယ်။
၎င်းသို့ ပညာသင်နှစ် (၅) နှစ်အထက်ကျော်လွန်ကင်းကွာနေသူများရှိပါကလည်း မည်သည့်သင်တန်းနှစ်မဆို ရန်ကုန်ပညာရေး တက္ကသိုလ်ပညာရေးဘွဲ့ B.Ed စာပေးစာယူ ပထမနှစ်သင်တန်းဝင်ခွင့်စာမေးပွဲကို ပြန်လည်ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး ဝင်ခွင့်စာပေးပွဲ ဖြေဆိုအောင်မြင်မှသာ ပထမနှစ်သင်တန်းကို ပြန်လည်တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရပါတယ်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမများထဲမှ လက်မှတ်မဲ့ဆရာ/ဆရာမများကို စာပေးစာယူသင်တန်းများပေးပြီး ဆရာအတတ်လက်မှတ်ရရှိစေရန် ဆောင်ရွက်ပေးနေသလိုပညာရေးဘွဲ့ရရှိစေရန် ပညာသင်နှစ်အလိုက် ပညာရေးတက္ကသိုလ်များတွင် စာပေးစာယူ သင်တန်းများပို့ချပေးနေပါတယ်။
Read More:>>> သူနာပြုလိုအပ်ချက်မြင့်မားနေ၍ အကူသူနာပြုသင်တန်းများ ပြန်လည်ဖွင့်လှစ်မည်
Source: Democracy