B.E ငါးနှစ် သင်တန်းများတွင် ကျရှုံး ခဲ့သော ကျောင်းသားများအတွက် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ တောင်းခံထား

B.E ငါးနှစ် သင်တန်းများတွင် ကျရှုံး ခဲ့သော ကျောင်းသားများအတွက် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ တောင်းခံထား

ထိုစနစ်သစ်နှင့် စနစ်အဟောင်း ကြား တွင် ကျောင်းသား ၊ ကျောင်းသူ အချို့ကျန်ရှိနေခဲ့ရာ အဆိုပါကျောင်းသားများအတွက် မည်ကဲ့သို့ဆောင် ရွက်ပေးရမည်ကို အဆင့်မြင့်ပညာ ဦးစီးဌာနမှ နည်းပညာတက္ကသိုလ်များသို့ သဘောထားမှတ်ချက် တောင်းခံ ထားကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သိရသည်။

စာမေးပွဲကျခဲ့သောကျောင်းသားတွေကို စနစ်သစ်ရဲ့ ပညာသင်နှစ်တစ်နှစ်ထဲကိုပဲ တက်ခိုင်းမလား၊ ကုစားလုပ်ပေးမလား ၊ သူတို့ပဲ သက်သက်စာမေးပွဲတစ်ခု လုပ်ပေးရမလားဆိုတာ နည်းပညာ တက္ကသိုလ်တွေကို တောင်းထားပါသည်။

စနစ်ဟောင်းတွင်ကျရှုံးခဲ့သော ကျောင်းသား ၊ ကျောင်းသူများရှိသည့် နည်းပညာတက္ကသိုလ်များ အနေဖြင့် စနစ်ဟောင်းတွင် ကျရှုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများအတွက် ပြန်လည်ပြုလုပ်ပေးလိုသည့် အစီအစဉ်ကို တက္ကသိုလ်အလိုက်ပညာရေး အဖွဲ့များဖြင့် ညှိနှိုင်းပြီး သဘောထား မှတ်ချက်များကို တောင်းခံထားပါသည်။

ယခင်က AGTI နှစ်နှစ်သင်တန်း၊ B.Tech နှစ်နှစ်သင်တန်း၊ B.E တစ်နှစ်သင်တန်းဟုသတ်မှတ် ထားခဲ့ရာမှ ၂၀၁၄-၂၀၁၅ ပညာသင် နှစ်မှ စတင်ပြီး B.E ငါးနှစ်သင်တန်းကို တစ်နှစ်ထပ်မံ တိုးမြှင့်ပြီးပညာသင်နှစ်ခြောက်နှစ် အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

လက်ရှိတွင် AGTI ၊ B.Tech အဆင့်များကိုမခံတော့ဘဲ နည်းပညာတက္ကသိုလ်များတွင်
B.E ခြောက်နှစ် သင်တန်းကို တိုက်ရိုက် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

Source: maukkha

News Read 3332 times