ပညာရေးဝိဇ္ဇာ၊ သိပ္ပံစာပေးစာယူ သင်တန်းများကို ဆရာအတတ်ပညာ ဒီပလိုမာရသူအားလုံး တက်ခွင့်ရမည်ဟုဆို

ပညာရေးဝိဇ္ဇာ၊ သိပ္ပံစာပေးစာယူ သင်တန်းများကို ဆရာအတတ်ပညာ ဒီပလိုမာရသူအားလုံး တက်ခွင့်ရမည်ဟုဆို

ပညာရေးကောလိပ်များမှ လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာ ဒီပလိုမာ (D.TEd) ရရှိထားသူ အားလုံးကို ၂၀၁၉ ဒီဇင်ဘာတွင် ဖွင့်မည့် ပညာရေးဒီဂရီကောလိပ် များ၌ B.A (Education), B.Sc (Education) စာပေးစာယူသင် တန်းများ တက်ခွင့်ပြုမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်က ထားဝယ်မြို့တွင် ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများတွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ယခု ၂၀၁၇-၁၈ ပညာသင် နှစ်အထိ  D.TEd သင်တန်းကို အပတ်စဉ် (၁၂) ထိ ဖွင့်လှစ်ပြီး ဖြစ်ရာ သင်တန်းဆင်းအားလုံးထို B.A (Education), B.Sc (Edu-cation) စာပေးစာယူသင်တန်းများ တက် ခွင့်ရ၊ မရကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုအ ပေါ် ထိုသို့ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

‘‘လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ်တွေကို အကောင် အထည်ဖော်ဖို့ လုပ်နေပါတယ်။ B.A (Education)နဲ့ B.Sc (Edu-cation) ကို Distance Education အနေနဲ့ပို့ချပေးသွားမှာဖြစ်ပြီး လူ ဦးရေ ကန့်သတ်မှု မရှိပါဘူး။ လုပ် ငန်းခွင်ထဲက ဆရာ၊ဆရာမတွေပါ တက်နိုင်ပါတယ်’’ဟုပြည်ထောင် စုဝန်ကြီးကဆိုသည်။

လက်ရှိတွင် ရန်ကုန်ပညာရေးတက္ကသိုလ် နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် နှစ်ခု၌ B.Ed (Bachelor of Education) ငါးနှစ်သင်တန်းများ ဖွင့်လှစ်နေပြီး ၂၀၁၉-၂၀ ပညာ သင်နှစ်ကစတင်ကာ B.A (Edu-cation), B.Sc (Education) စာပေးစာယူ သင်တန်းများ ထပ်မံ ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်သည်။

READ - နေ့သင်တန်းကျောင်းသားများ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

B.A (Education), B.Sc (Education) စာပေးစာယူစတုတ္ထ နှစ်တွင် အရည်အချင်းပြည့်ပါက B.Ed ပဉ္စမနှစ်သင်တန်းတက်၍ B.Ed (Bachelor of Education)ကို ရယူနိုင်မည့်အပြင် သတ်မှတ် အရည် အချင်း မပြည့်သူများအ တွက် B.Ed ပဉ္စမနှစ်သင်တန်း ၀င်ခွင့်စာမေးပွဲဖြေဆိုပြီး အောင် မြင်ပါက B.Ed (Bachelor of Education) ဆက်တက်ခွင့်ရမည် ဖြစ်သည်။

ပညာရေးကောလိပ် ဒီပလို မာရရှိထားသူများကို အဝေးသင် တက္ကသိုလ် တတိယနှစ်မှ စတက် ခွင့်ပြုရေး၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူရာတွင် အကန့် အသတ်များ ဖြေလျှော့ပေးရေး အချက်နှစ်ချက်ကို ၂၀၁၈ စက်တင်ဘာက နိုင်ငံ အနှံ့ရှိပညာရေး ကောလိပ်များတွင် ကျောင်းသား၊ ကျောင်းသူများက ကျောင်းတွင်း ဆန္ဒထုတ်ဖော်မှုများဖြင့် တောင်း ဆိုခဲ့သည်။

ထိုတောင်းဆိုချက်များကို ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးရာတွင် B.A (Education), B.Sc (Education) စာပေးစာယူသင်တန်းများ ထပ်မံ ဖွင့်လှစ်မည့်အစီအစဉ် ပါဝင်လာ ခြင်းဖြစ်သည်။

လက်ရှိစနစ်အရတက္ကသိုလ် ၀င်စာမေးပွဲ အောင်မြင်ပြီးပါက ပညာရေးကောလိပ်တွင် D.TEd ၂ နှစ်သင်တန်းကို ရွေးချယ်တက် ရောက်နိုင်ပြီး သင်တန်းပြီးဆုံးပါ က သတ်မှတ်အရည်အချင်းပြည့်မီ လျှင် ပညာရေးတက္ကသိုလ်၌ B.Ed သင်တန်း ဆက်လက်တက်ခွင့်ရှိ သည်။

ပညာရေးကောလိပ်မှ B.Ed သို့ ဆက်တက်ခွင့်သတ်မှတ် ချက်များ တင်းကျပ်နေ၍ လူအနည်းငယ်သာ B.Ed တက်ခွင့်ရသည်ဟု ပညာရေးကောလိပ် ကျောင်းဆင်းများကဆိုသည်။

B.Ed ဆက်လက်တက်ခွင့်မရသူများကို အခြေခံပညာ ကျောင်းများတွင် မူလတန်းပြအဖြစ် ခန့်ထားသော်လည်းပညာရေး ၀န်ကြီးဌာန ရာထူးတိုး မူဝါဒအရ တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိထားရန် လိုအပ် သဖြင့် D.TEd သင်တန်းပြီးသူ များသည် အဝေးသင်တက္ကသိုလ် ဆက်လက်တက် ရောက်သည်။

တစ်နိုင်ငံလုံးတွင် ပညာရေး ကောလိပ် ၂၅ ခုရှိပြီး ယခုနှစ်ကုန် ၌ ထိုကျောင်းအားလုံးကို ဒီဂရီ ကောလိပ်အဆင့် တိုးချဲ့ဖွင့်လှစ် မည်ဖြစ်သည်။

READ - TOP ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာဒါန လျှောက်လွှာ ခေါ်ယူခြင်း

source: 7day

News Read 5617 times