ပညာရေးကောလိပ်များမှ လုပ် ငန်းခွင်ကြို ဆရာအတတ်ပညာဒီ ပလိုမာ (D.TEd) ရရှိထားသူအား လုံးကို ၂၀၁၉ ဒီဇင်ဘာတွင်ဖွင့် မည့် B.A (Education), B.Sc (Education) စာပေးစာယူသင်တန်းများ တက်ခွင့်ပြုမည်ဟု ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ယခု ၂၀၁၇-၁၈ ပညာသင် နှစ်အထိ D.TEd သင်တန်းကို အ ပတ်စဉ်(၁၂)ထိ ဖွင့်လှစ်ပြီးဖြစ်ရာ သင်တန်းဆင်း ဆရာ၊ဆရာမအား လုံး ထိုသင်တန်းတက်ခွင့်ရ၊မရဝေဖန်မေးခွန်းထုတ်မှုများရှိနေချိန်ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
‘‘၂၀၁၉ ဆိုရင် လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်တွေ အ ကောင်အထည်ဖော်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အကယ်၍ D.TEd ရပြီးတော့မှ ဘွဲ့တစ်ခု မရ သေးတဲ့ ဆရာ၊ ဆရာမများရှိရင် လည်း စိုးရိမ်စရာ မလိုပါဘူး။
ကျွန်တော်တို့ ဒီပလိုမာရတဲ့သူတွေ အားလုံးကို သူ့ရဲ့ဘာသာရပ် လိုက်လျောညီထွေဖြစ်မယ်ဆိုရင် ဆရာ၊ ဆရာမပြုစုပျိုးထောင်ရေး အစီအစဉ်ဖြစ်တဲ့ ပညာရေးတက္က သိုလ်နဲ့ ပညာရေးဒီဂရီကောလိပ် တွေက ဖွင့်လှစ်ပေးမယ့် တတိယ နှစ်၊ စတုတ္ထနှစ်စာပေးစာယူ သင် တန်းတွေကို ဆက်လက်ပြီးတော့ တက်လို့ရမယ်။ တတိယနှစ်၊ စတုတ္ထနှစ်တက်ပြီးသွားရင် B.A(Ed-ucation), B.Sc (Education) ဘွဲ့ရနိုင်တယ်။
ရပြီး Qualified ဖြစ်ရင်B.Ed တစ်နှစ်ဆက်တက်မဖြစ်ရင် ယှဉ်ပြိုင်စနစ်နဲ့ စာမေးပွဲဖြေပြီး ဆက်တက်လို့ရအောင် စီစဉ်ထား ပါတယ်’’ဟု ဒေါက်တာမျိုးသိမ်း ကြီးက အောက်တိုဘာ ၆ ရက်တွင်ရန်ကုန်တိုင်းဒေသကြီး အလက (၉)အင်းစိန်၌ ဆရာ၊ ဆရာမများ နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်နှင့် စစ်ကိုင်း ပညာရေးတက္ကသိုလ် နှစ်ခု၌ B.Ed(Bachelor of Education) ငါးနှစ်သင်တန်းများ ဖွင့်လှစ်နေပြီး၂၀၁၉-၂၀ ပညာသင်နှစ်က စတင်ကာ B.A (Education), B.Sc (Education) စာပေးစာ ယူသင်တန်းများ ထပ်မံဖွင့်ရန် ပ ညာရေးဝန်ကြီးဌာနက စီစဉ်နေ သည်။
B.A (Education), B.Sc(Education) စာပေးစာယူ စတုတ္ထနှစ်တွင် အရည်အချင်းပြည့်ပါက B.Ed ပဉ္စမနှစ်သင်တန်းတက်၍ B.Ed (Bachelor of Education)ကို ရယူနိုင်မည့်အပြင် သတ်မှတ်အရည်အချင်း မပြည့်သူများအတွက် B.Ed ပဉ္စမနှစ်သင်တန်း ၀င်ခွင့်စာမေးပွဲဖြေဆိုပြီး အောင်မြင်ပါက B.Ed (Bachelor of Educa-tion) ဆက်တက်ခွင့်ရမည် ဖြစ် သည်။
ပညာရေးကောလိပ်ဒီပလို မာရရှိထားသူများကို အဝေးသင် တက္ကသိုလ် တတိယနှစ်မှ စတက် ခွင့်ပြုရေး၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူရာတွင် အကန့် အသတ်များ ဖြေလျှော့ပေးရေး အချက်နှစ်ချက်ကို ပြီးခဲ့သည့် စက်တင်ဘာက နိုင်ငံအနှံ့ရှိ ပညာရေး ကောလိပ်များတွင် ကျောင်းသား၊ကျောင်းသူများက ကျောင်းတွင်း ဆန္ဒထုတ်ဖော်မှုများဖြင့် တောင်း ဆိုခဲ့သည်။
ထိုတောင်းဆိုချက်များကို ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးရာတွင် B.A (Educ-ation), B.Sc (Education) စာ ပေးစာယူသင်တန်းများ ထပ်မံ ဖွင့်လှစ်မည့် အစီအစဉ်ပါဝင်လာ ခြင်းဖြစ်သည်။
ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော် မတီနှင့် အဆင့်မြင့်ပညာဦးစီးဌာ နတို့ တွေ့ဆုံညှိနှိုင်းမှုအပြီးတွင် D.TEd သင်တန်းဆင်းများအ တွက် ပညာရေးစာပေးစာယူ သင်တန်းများ ဖွင့်လှစ်ပေးမည်ဟု ပညာရေးဝန်ကြီးဌာနဘက်က ကတိပြုခဲ့သည်။
ထို့ပြင် D.TEd ရရှိသူများသည် ပညာရေးကော လိပ်တွင် အထူးပြုယူခဲ့သော ဘာ သာတွဲနှင့် အဝေးသင်တက္ကသိုလ် ၌ ဆက်လက်တက်ရောက်မည့် ဘာသာတွဲ လိုက်လျောညီထွေ ဖြစ်ပါက ၂၀၁၈ ဒီဇင်ဘာကစ၍ အဝေးသင်တက္ကသိုလ်ကို ဒုတိယနှစ်မှ စတင်တက်ရောက်နိုင်မည် ဟု ပညာရေးပြည်ထောင်စုဝန်ကြီး က ဆိုသည်။
‘‘အဝေးသင် တက္ကသိုလ် သည် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့တွေပေးတာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမ ပြုစု ပျိုးထောင်ပေးတဲ့ ဘွဲ့အစီအစဉ် မဟုတ်ပါဘူး။ မဟုတ်တဲ့အတွက် လိုက်လျောညီထွေဖြစ်ရင် ဒုတိယ နှစ်က တက်လို့ရတယ်။ လိုက် လျောညီထွေမဖြစ်ရင်တော့ ပထ မနှစ်ကနေ တက်ရမှာပါ’’ ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။
လက်ရှိ စနစ်အရ တက္က သိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ပါက ပညာရေးကောလိပ်တွင် D.TEd ၂ နှစ်သင်တန်းကို ရွေး ချယ်တက်ရောက်နိုင်ပြီး သင်တန်း ပြီးဆုံးပါက သတ်မှတ်အရည်အ ချင်းပြည့်မီလျှင် ပညာရေးတက္က သိုလ်တွင် B.Ed သင်တန်းဆက် လက်တက်ခွင့်ရှိသည်။
ပညာရေး ကောလိပ်မှ B.Ed သို့ ဆက်တက် ခွင့်သတ်မှတ်ချက်များ တင်းကျပ် နေခြင်းကြောင့် လူအနည်းငယ် သာ B.Ed တက်ခွင့်ရသည်ဟု မုံရွာပညာရေးကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမြင့်ထွေးက ဆိုသည်။
B.Ed ဆက်လက် တက်ခွင့်မရသူများကို အခြေခံပညာ ကျောင်းများတွင် မူလတန်းပြအ ဖြစ် ခန့်ထားသော်လည်း ပညာရေးဝန်ကြီးဌာန ရာထူးတိုးမူဝါဒအရ တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိထားရန် လိုအပ်သဖြင့် အဝေးသင်တက္ကသိုလ် ဆက်လက်တက်ရောက်ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးတွင် ပညာရေး ကောလိပ် ၂၅ ခုရှိပြီး ထိုကောလိပ် များအနက် မည်သည့်ပညာရေး ကောလိပ်၌ ပညာရေး စာပေးစာ ယူ သင်တန်းများ ဖွင့်လှစ်နိုင်ခြင်း ရှိ၊မရှိ စီစဉ်ဆောင်ရွက်နေသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7day