စစ်ရှောင်စခန်း၊ အရေးပေါ်စခန်းများနှင့် ရွှေ့ပြောင်းမိသားစုများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေလိုပါက ပြင်ပဖြေဆိုခွင့်ပြုမည်

စစ်ရှောင်စခန်း၊ အရေးပေါ်စခန်းများနှင့် ရွှေ့ပြောင်းမိသားစုများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေလိုပါက ပြင်ပဖြေဆိုခွင့်ပြုမည်

အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘကကျောင်းများမှ မဟုတ်ဘဲ နယ်စပ်ဒေသများရှိ ရွှေ့ပြောင်းမိသားစုများ၊ စစ်ဘေးရှောင်စခန်းများနှင့် အရေးပေါ်ဖွင့်လှစ်ထားသော စခန်းများတွင် မိမိအစီအစဉ်ဖြင့် ပညာသင်ယူသူများကို တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပဖြေဆိုခွင့်ပြုမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။

ထိုသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ခြင်း ရှိ၊ မရှိ မြို့နယ် ပညာရေးမှူးရုံးများက assessment (အကဲဖြတ်ခြင်း)၊ ပြုလုပ်ပေးပြီး ပြင်ပဖြေအဖြစ် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနသို့ လျှောက်လွှာတင်ရန် မြိ့နယ်ပညာရေးမှူးရုံးများအား ညွှန်ကြားထားသည်။

"ထိုင်းနယ်စပ်က ရွှေ့ပြောင်းစခန်းတွေမှာ စာမေးပွဲဖြေဖို့ ဆက်သွယ်လာတာကြောင့် အဲဒီအစီအစဉ်လုပ်ပေးတာပါ။  ဖြေချင်ရင် မြို့နယ်ပညာရေးမှူးရုံးက assessment တော့ ဖြေခိုင်းမယ်။ အရမ်းခက်ခဲတာမျိုးတွေတော့ မမေးပါဘူး။ Assessment လုပ်ပြီး ဖြေဆိုခွင့်လျှောက်လွှာကို စာစစ်ကိုတင်ပေးမှာပါ" ဟုပြောသည်။

ယခင်နှစ်များက တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများ၊ န၀မတန်းကို ပြင်ပဖြေဆိုအောင်မြင်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်တက်ရောက်နိုင်ခြင်းမရှိဘဲ န၀မတန်း အောင်မြင်ပြီး ကျောင်းပြင်ပ ရောက်ရှိနေသူများကို တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပဖြေဆိုခွင့်ပြုမည်ဟု သတ်မှတ်ထားသည်။

ထိုသူများအပြင် စစ်ဘေးရှောင်စခန်း၊ အရေးပေါ်စခန်းများနှင့် ရွှေ့ပြောင်းမိသားစုများမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလိုသူများကိုပါ ပြင်ပဖြေဆိုခွင့်ပြုခြင်းဖြစ်သည်။

Assessment အောင်မြင်ပြီး ပြင်ပဖြေဆိုခွင့်ရရှိပါက မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၀ ကျပ်တန် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာ၊ ၇၀၀ ကျပ်တန် စာမေးပွဲဝင်ကြေး ငွေသွင်းတံဆိပ်ခေါင်း ၀ယ်ယူပြီး လျှောက်လွှာကို စက်တင်ဘာလ ၂၈ ရက် နောက်ဆုံးတင်သွင်းရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတင်သူများသည် ၀င်ခွင့်လျှောက်လွှာတွင် ဖြေဆိုမည့်ဘာသာတွဲကို ဖြည့်စွက်ရမည်ဖြစ်ပြီး ဖြည့်စွက်သည့် ဘာသာတွဲကိုသာ ဖြေဆိုခွင့်ပြုမည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day

News Read 1250 times