ရန်ကုန်အဝေးသင်တက္ကသိုလ်လက်အောက်ရှိ အဝေးသင်ဌာနခွဲများတွင် တက်ရောက်နေသော အဝေးသင် ကျောင်းသား၊ ကျောင်းသူများသည် ၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် Assignment များကို အဝေးသင်ဌာနခွဲများသို့ သွားရောက်ထုတ်ယူရန် မလိုအပ်တော့ပဲ ရန်ကုန်အဝေးသင် တက္ကသိုလ် Website မှတစ်ဆင့် ဒေါင်းလုတ်ရယူဖြေဆိုပြီး အွန်လိုင်းမှ ပြန်လည်တင်ရသည့်စနစ်ကို ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သိရသည်။
ပထမအဆင့်က စာစဉ်တွေကို အွန်လိုင်းကနေ ဒေါင်းလုတ်လုပ်ပြီး ဖြေခိုင်းမှာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
သွားထုတ်စရာမလိုတော့ဘူး။ စက်ပစ္စည်းစုံတယ်ဆိုရင် ဖြေပြီးသားအဖြေလွှာများကို အွန်လိုင်းကနေ တိုက်ရိုက်စစ်နိုင်တဲ့ အထိသွားမယ်။ အွန်လိုင်းကနေ အွန်လိုင်းနဲ့ ပြန်တဲ့ပုံစံပေါ့။
နောက်ဆိုရင် လက်ရှိလုပ်နေတဲ့ Online LLB သင်တဲ့ပုံစံမျိုး၊ ၀င်ခွင့်ဖြေတဲ့ပုံစံမျိုး လုပ်မယ်လို့ ထင်ပါတယ်။
ရန်ကုန်အဝေးသင်တက္ကသိုလ်အနေဖြင့် လက်ရှိတွင် အွန်လိုင်းဒီပလိုမာ ဥပဒေသင်တန်းနှင့် အွန်လိုင်းဥပဒေ ပညာဘွဲ့သင်တန်းနှစ်မျိုးကို ဖွင့်လှစ်ထားပြီး ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ စာစဉ်တင်ခြင်း၊ သင်ခန်းစာပို့ချခြင်း များကို အွန်လိုင်းမှ တိုက်ရိုက်ပြုလုပ်ဆောင်ရွက်လျက်ရှိသည့်အတွက် ထိုကဲ့သို့သော ပုံစံမျိုးကို အဝေးသင် ကျောင်းသား၊ ကျောင်းသူများအတွက် ပြုလုပ်ပေးနိုင်ရန် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လက်အောက်တွင် အဝေးသင်ဌာနခွဲပေါင်း ၂၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူ တစ်သိန်းကျော် တက်ရောက်နေသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today