ေအာက္တုိဘာလ ၅ ရက္ သည္ ကမၻာ့ဆရာမ်ားေန႔ ျဖစ္သည္။ အမွတ္တမဲ့ျဖင့္ မေက်ာ္လြန္ေအာင္ အထိမ္းအမွတ္ အခမ္းအနားပြဲမ်ားကုိ အေရွ႕ေတာင္အာရွ ႏုိင္ငံတုိ႔တြင္ က်င္းပခဲ့ၾကသည္။ ပညာေရး အနာဂတ္အတြက္ ေမွ်ာ္မွန္းခ်က္မ်ား ဖြင့္ဟ ေျပာဆုိခဲ့ၾကသည္။
ထုိ္င္း ၀န္ႀကီးခ်ဳပ္က ၂၀၃၆ ခုႏွစ္တြင္ ထုိင္းႏုိင္ငံကုိ ဖြံ႕ၿဖိဳးၿပီး ႏုိင္ငံအဆင့္သုိ႔ ေရာက္ရွိေအာင္ ေဆာင္ရြက္ရာ၌ ပထမတန္းစား ပညာေရး ရရွိေအာင္ ေဆာင္ရြက္သြားမည္ဟု ဆုိသည္။
ကေမၻာဒီးယားႏွင့္ လာအုိ ႏုိင္ငံ အစုိးရတုိ႔က တုိင္းျပည္ စီးပြားေရး အဆင့္အတန္း ျမင့္မားဖုိ႔ ဆုိသည္မွာ ပညာေရး အဆင့္အတန္းကုိ တုိးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ရမည္ဟု ဆုိသည္။ သုိ႔မွသာလွ်င္ လုပ္ခတန္ဖုိးနည္း၊ ကၽြမ္းက်င္မႈနည္း အျဖစ္မွ အဆင္ျမင့္ကၽြမ္းက်င္မႈမ်ားႏွင့္အတူ လုပ္ခလစာ ျမင့္မားသည့္ဆီသုိ႔ ကူးေျပာင္းေရာက္ရွိႏုိင္မည္ဟု ေျပာၾကားခဲ့ၾကသည္။
အင္ဒုိနီးရွားႏုိင္ငံက ၂၀၂၅ ခုႏွစ္တြင္ ကမၻာ့ပညာေရး အဆင့္အတန္း ရရွိေစရမည္ဟု ကတိက၀တ္ ျပဳသည္။
ျမန္မာႏုိင္ငံတြင္ ပညာေရး၀န္ႀကီးက အခမ္းအနား အဖြင့္အမွာစကားတြင္ ယခုႏွစ္ ေဆာင္ပုဒ္သည္ " လူငယ္ ဆရာမ်ား ခန္႔ထားလုိ႔ အနာဂတ္ စြမ္းေဆာင္ရည္ ျမႇင့္တင္စုိ႔ " ျဖစ္ၿပီး ေနာင္အနာဂတ္တြင္ တာ၀န္ယူ တာ၀န္ခံ၍ ေဆာင္ရြက္တတ္ၿပီး ႏုိင္ငံတကာႏွင့္ ယွဥ္ၿပိဳင္ႏုိင္စြမ္းရွိေသာ လူငယ္ ဆရာ ဆရာမ အင္အားစုမ်ားအျဖစ္ ျပဳစုပ်ဳိးေထာင္ ေမြးထုတ္ေပးရန္ ႀကိဳးပမ္းၾကရမည္ဟု ေျပာၾကားခဲ့သည္။
ပညာရည္ တတ္ေျမာက္မႈအေပၚ ေလ့လာစူးစမ္းမႈမ်ားကုိ အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားတြင္ ျပဳလုပ္ခဲ့ရာ၌ အုိအီးစီဒီမွ ၂၀၁၅ ခုႏွစ္တြင္ Programme for International Students Assessment (PISA) အစီအစဥ္အရ ဆန္းစစ္ခဲ့သည္။ ႏုိင္ငံေပါင္း ၇၂ ႏိုင္ငံတြင္ စစ္တမ္းရယူခဲ့ျခင္း ျဖစ္ၿပီး ျမန္မာႏုိင္ငံ မပါ၀င္ေပ။
အေရွ႕ေတာင္အာရွႏုိင္ငံတစ္ခုျဖစ္ေသာ စင္ကာပူသည္ ၇၂ ႏုိင္ငံတြင္ နံပါတ္(၁) ေနရာတြင္ ေရာက္ရွိေနသည္ကုိ ေတြ႕ရသည္။ ဒုတိယ ေနရာတြင္ ဂ်ပန္ႏုိင္ငံ ရွိသည္။ တတိယေနရာတြင္ အက္စ္တုိနီးယား ရွိၿပီး တရုတ္(တုိင္ေပ)သည္ စတုတၳေနရာတြင္ ရွိသည္။
အင္ဒုိနီးရွား ႏုိင္ငံ၌ စစ္ေဆးမႈမ်ား ျပဳခဲ့ရာ ေျဖဆုိသူဦးေရ၏ ၄၂ ရာခုိင္ႏႈန္းသည္ သိပၸံ ၊ သခၤ်ာႏွင့္ စာဖတ္စြမ္းရည္တုိ႔တြင္ နိမ့္က်လ်က္ ရွိေၾကာင္း အေျဖထြက္ခဲ့သည္။
အေရွ႕ေတာင္အာရွႏုိင္ငံမ်ားတြင္ အေျခခံပညာေရး ၿပီးဆုံးသည္အထိသာ သင္ယူမႈ မ်ားျပားၿပီး အဆင့္ျမင့္ ပညာေရး ၿပီးဆုံးသည္အထိ သင္ယူမႈ နည္းပါးသည္ကုိ ေတြ႕ရသည္။ ကေမၻာဒီးယားတြင္ ေက်ာင္းေနအရြယ္ လူဦးေရ၏ ၆၇ ရာခုိင္ႏႈန္း၊ လာအုိတြင္ ၎လူဦးေရ၏ ၇၇ ရာခုိင္ႏႈန္းသည္ အဆင့္ျမင့္ ပညာေရး ၿပီးဆုံးသည့္အဆင့္သုိ႔ ေရာက္ၾကသည္။
UNDP၏ Human Development Index (HDI) အဆင့္အတန္းအရ ၂၀၁၈ ခုႏွစ္အတြက္ ထိပ္တန္း ၁၀ ႏုိင္ငံတြင္ အာရွေဒသမွ ႏွစ္ေနရာ ပါ၀င္သည္။နံပါတ္(၇) ေနရာ၌ ေဟာင္ေကာင္(တရုတ္) ေရာက္ရွိေနၿပီး
စင္ကာပူသည္ နံပါတ္(၉) ေနရာတြင္ ရွိေနသည္။
( http://hdr.undp.org/en/2018-update )
ႏုိင္ငံေပါင္း ၁၈၉ ေနရာ စာရင္းျပဳစုထားရာ၌ နံပါတ္ (၁၉) တြင္ ဂ်ပန္၊ နံပါတ္ (၂၂)တြင္ ေတာင္ကုိရီးယား ၊နံပါတ္ (၅၇) မေလးရွား ၊ နံပါတ္ (၇၆) သီရိလကၤာ၊ နံပါတ္ (၈၃) ထုိင္း၊ နံပါတ္ (၈၆) တရုတ္၊ နံပါတ္ (၁၁၃) ဖိလစ္ပုိင္၊ နံပါတ္ (၁၁၆) အင္ဒုိနီးရွား ႏွင့္ ဗီယက္နမ္၊ နံပါတ္ (၁၃၆) ဘဂၤလားေဒ့ရွ္၊ နံပါတ္ (၁၄၆) ကေမၻာဒီးယား၊ နံပါတ္ (၁၄၈) ျမန္မာ၊ နံပါတ္ (၁၄၉) နီေပါ၊ နံပါတ္ (၁၅၀) ပါကစၥတန္ တို႕ ေရာက္ရွိေနၾကသည္ကုိ ေတြ႕ရသည္။
လူအမ်ားတုိ႔ အေျခခံ ပညာေရး ရရွိေစေရးအတြက္ ပညာေရးဘတ္ဂ်က္ကုိ သုံးစြဲၾကရသည္။ ပညာေရး အေျခခံ အေဆာက္အအုံမ်ား ထူေထာင္ျခင္း၊ ဆရာျဖစ္သင္တန္းမ်ားကုိ ႏုိင္ငံေတာ္မွ အကုန္အက်ခံ၍ ေဆာင္ရြက္ေပးျခင္းမ်ားကုိ အာရွႏုိင္ငံ အစုိးရတုိ႔ လုပ္ေဆာင္ၾကရသည္။
အားနည္းခ်က္တစ္ခုျဖစ္ၿပီး အဓိကေနရာ၌ ေရာက္ရွိေနသည္မွာ ဘတ္ဂ်က္ကုိ သုံးစြဲရာ၌ ဆရာဆရာမတုိ႔၏ လခမ်ားကုိ ျဖစ္ျဖစ္ေျမာက္ေျမာက္ ေပးရန္ မစဥ္းစားၾကျခင္း ျဖစ္သည္။ သုိ႔ျဖစ္ရာ လူေနမႈ အဆင့္အတန္း မီေစရန္ ပညာေရး၀န္ထမ္းတုိ႔သည္ ေဘးရေပါက္ရလမ္းမ်ား ဖန္တီးၾကရေလ့ရွိသည္။ ေက်ာင္းစာကုိ က်ဴရွင္တြင္ သင္ၾကားျခင္း၊ ေက်ာင္းအပ္လက္ခံစဥ္ အခေၾကးေငြ ရယူျခင္း အစရွိသည္တုိ႔မွာ ျဖစ္ေနက် ျဖစ္သည္။
ဆရာတစ္ဦးလွ်င္ တပည့္ ၄၃ ဦး ပ်မ္းမွ်အခ်ဳိးက် ရွိေသာ ကေမၻာဒီးယားႏုိင္ငံတြင္ စာေရးကိရိယာႏွင့္ ဖတ္စာအုပ္တုိ႔အတြက္ အပုိေဆာင္းၿပီး ေပးေဆာင္ရသည္။ သင္ခန္းစာမွတ္စုစာရြက္တုိ႔ကုိ ၀ယ္ယူရသည္။ ေအာင္စာရင္းမွာ အေျခအေနေကာင္းဖုိ႔ ဆရာဆရာမကုိ ကန္ေတာ့လက္ေဆာင္ ေပးရသည္။ ၀န္ႀကီးအဆက္ဆက္ ၎ကိစၥမ်ဳိးတုိ႔ကုိ ကုိင္တြယ္ ခဲ့ၾကေသာ္လည္း ပေပ်ာက္ေအာင္ မေဆာင္ရြက္ႏုိင္ခဲ့ေခ်။ ၂၀၁၄ ခုႏွစ္တြင္ ၁၂ တန္း ေနာက္ဆုံးအတန္းတင္ စာေမးပြဲကုိ ၾကပ္မတ္ခဲ့ရာ ယခင္ႏွစ္ကထက္ ေအာင္ခ်က္ က်ဆင္းသြားသည္။ ယခင္ ၈၃ ရာခုိင္ႏႈန္း ရွိခဲ့ရာမွ ယခု ၂၆ ရာခုိင္ႏႈန္းသာ ေအာင္ခ်က္ရာခုိင္ႏႈန္း ရွိေတာ့သည္။
အင္ဒုိနီးရွား၊ ထုိင္းႏွင့္ မေလးရွားတုိ႔သည္ ႏုိင္ငံဘတ္ဂ်က္၏ ၂၀ ရာခုိင္ႏႈန္း၀န္းက်င္ကုိ ပညာေရးဘတ္ဂ်က္အျဖစ္ သုံးစြဲၾကသည္။ အင္ဒုိနီးရွားသည္ သဲထဲေရသြန္ ျဖစ္ေနဆဲ ရွိသည္။ ၂၀၁၅ ခုႏွစ္တြင္ ကမၻာ့ အဆင့္အတန္း world-class ျဖစ္ရမည္ဟု ရည္မွန္းခ်က္ ထားရွိေသာ အင္ဒုိနီးရွား ႏုိင္ငံ၏ ပညာေရးအေျခအေနကုိ Lowy Institute က ဆန္းစစ္ခဲ့ၿပီး အစီရင္ခံစာ ထုတ္ျပန္ခဲ့ရာ၌ ကမၻာ့အဆင့္ ေရာက္ဖုိ႔ အေ၀းႀကီး လုိေနေသးသည္ဟု မွတ္ခ်က္ျပဳထားသည္။
အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားတြင္ သက္တမ္းအငယ္ဆုံးႏွင့္ အဆင္းရဲဆုံးျဖစ္ေသာ အေရွ႕တီေမာႏုိင္ငံသည္ ပညာရည္အဆင့္အတန္း၌ နိမ့္က်ျခင္း မရွိသည္ကုိ ေတြ႕ရသည္။ ပညာသင္သည့္သူဦးေရ၏ ၉၆ ရာခုိင္ႏႈ္းသည္ တကၠသုိလ္၀င္တန္း အဆင့္အထိ ေရာက္ရွိၾကသည္။ ထုိအခ်က္က လူမႈပတ္၀န္းက်င္တြင္ ျဖစ္ေပၚေနေသာ ပညာေရးအေပၚ ခံယူခ်က္ သေဘာထားသည္ မည္သည့္အတန္းအထိ ပညာေရးၿပီးဆုံးေအာင္ သင္ယူမည္ကုိ အဆုံးအျဖတ္ ျပဳေနေပသည္။
အေရွ႕ေတာင္အာရွႏုိင္ငံမ်ားတြင္ အစုိးရမွ အခမဲ့သင္ၾကားေပးေသာ ပညာေရးသည္ ညံ့ဖ်င္းေနလွ်င္ ပညာရွာလုိသူတုိ႔အတြက္ ပုဂၢလိကပညာေရးက႑ ရွိေနသည္မွာ ထြက္ေပါက္ တစ္ခု ျဖစ္သည္။
World Bank ႏွင့္ Oxford Economics တုိ႔၏ အခ်က္အလက္မ်ားကုိ Parthenon-EY analysisက ဆန္းစစ္ထားသည္မွာ အေရွ႕ေတာင္အာရွသည္ ပုဂၢလိက ပညာေရးအတြက္ ၂၀၁၅ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၆၀ ဘီလ်ံ သုံးစြဲခဲ့သည္။
တုိင္းျပည္ ႀကီးပြား တုိးတက္ျခင္းႏွင့္အတူ ပညာေရးအတြက္ ေတာင္းဆုိမႈ မ်ားျပားလာခဲ့ၿပီး ျမင့္မားေသာ ပညာအရည္အခ်င္းကုိ ရွာေဖြသင္ယူလာၾကသည္။ ထုိလုိလားခ်က္ကုိ အစိုးရပညာေရးက႑ အေနျဖင့္ ျဖည့္ဆည္းေပးႏုိင္ျခင္း မရွိေပရာ ပုဂၢလိက ပညာေရးက႑ကုိသာ အသုံးျပဳၾကရသည္။ ထုိသုိ႔ ပုဂၢလိကပညာေရးကုိ ပုိမုိသုံးစြဲလာေစသည့္ အေၾကာင္းရင္းခံမ်ားတြင္ အဓိကက်သည့္ အခ်က္မ်ားမွာ
၁။ မိသားစု အရြယ္အစား ေသးငယ္လာျခင္း (ကေလးမ်ား တစ္ၿပံဳတစ္မ မယူေတာ့ဘဲ တစ္ႏုိင္စာ ၂ ဦး ၃ ဦး ထက္မပုိ္ေတာ့ေခ်။ ကေလး တစ္ဦးတည္းသာ ယူသည့္ မိသားစုမ်ားလည္း မ်ားလာသည္)
၂။ ၿမဳိ႕ျပအသြင္ခံယူမႈ ျမန္ဆန္ျခင္း (ေခတ္မီၿမိဳ႕ျပတစ္ခု အျဖစ္ ျမန္ျမန္ ေရာက္ရွိသျဖင့္ အျမင္က်ယ္ၿပီး သားသမီးပညာေရးကုိ အေကာင္းစား ျဖင့္ ေပးအပ္ၾကသည္)
၃။ တတ္ႏုိင္ျခင္း (လူလတ္တန္းစား အလယ္လႊာႏွင့္ အထက္လႊာ ဦးေရ မ်ားျပားလာသျဖင့္ ပုဂၢလိကပညာေရး စရိတ္ကုိ တတ္ႏုိင္သည့္သူ ပုိမ်ားလာသည္)
၄။ အဂၤလိပ္ တတ္ကၽြမ္းမႈကုိ တန္ဖုိး ထားျခင္း ( ပုဂၢလိကေက်ာင္းမ်ားသည္ ႏုိင္ငံတကာ ပညာေရးႏွင့္ ခ်ိတ္ဆက္ထားသျဖင့္ အဂၤလိပ္စာ တတ္ကၽြမ္းမႈကုိ အထူးအေလးေပး သင္ၾကားၾကသည္)
၅။ သင္ျပမႈ စြမ္းရည္ ေကာင္းဖုိ႔ လုိလားၾကျခင္း (အစုိးရ ေက်ာင္းမ်ားအေနျဖင့္ မႏုိင္၀န္ ထမ္းေနရျခင္း၊ ဆရာဆရာမတုိ႔ကုိ ခုိင္လုံေသာလစာ မေပးႏုိင္ျခင္းတုိ႔ေၾကာင့္ သင္ျပမႈစြမ္းရည္ ျမႇင့္တင္ဖုိ႔ မစြမ္းသာေခ်။ သင္ျပမႈ ပုံစံအသစ္ အမ်ဳိးမ်ဳိးတုိ႔အနက္ ဆီေလ်ာ္ရာနည္းလမ္းတုိ႔ကုိ က်င့္သုံးဖုိ႔လည္း မျဖစ္ႏုိင္ေပ။ ထုိအားနည္းခ်က္တုိ႔ကုိ ပုဂၢလိကက႑မွ ျဖည့္ဆည္းေပးလ်က္ ရွိသည္)
ပညာေရး နယ္ပယ္တြင္ ပုဂၢလိကက႑ ႀကီးထြားလာေနျခင္းသည္ စာသင္သားတု႔ိအၾကား ႏွစ္ပုိင္းကြဲေစသည္။ ေငြေၾကးတတ္ႏုိင္ၿပီး ပညာေရးကုိ အေလးေပးေသာ မိဘတုိ႔၏ သားသမီးမ်ားသည္ ပုဂၢလိကေက်ာင္းမ်ားတြင္ ပညာသင္ယူၾကမည္။ အစုိးရေက်ာင္း တက္သည္ဆုိလွ်င္လည္း က်ဴရွင္ေကာင္းေကာင္း တက္ေစမည္ ျဖစ္သည္။
ေက်ာမြဲတုိ႔မွာ မႏုိင္၀န္ထမ္းေနရသည့္ အစုိးရေက်ာင္းပညာေရးကုိသာ ေရြးခ်ယ္ၾကရသည္။
သုိ႔ျဖစ္ရာ ပညာေရးက႑တြင္ တစ္ဖက္ေစာင္းနင္း ျဖစ္ျခင္းမ်ား ျဖစ္ေပၚေနၿပီး အစုိးရေက်ာင္းပညာေရးကုိသာ တက္ႏုိင္သူဦးေရ ရာခုိင္ႏႈန္းက ပုိမ်ားေနမည္ ျဖစ္သည္။
မိဘတုိ႔၏ အေျခအေန၊ အိမ္ေတာင္စု ၀င္ေငြ၊ ေနထုိင္ရာ အရပ္ေဒသတုိ႔သည္ ပညာေရး သင္ယူရန္ အခြင့္အလမ္းတြင္ မမွ်မတ inequity ျဖစ္ေပၚေနေစသည္။
ပညာေရး စနစ္တစ္ခုတြင္ inequity ျဖစ္ေပၚေနပါက ပညာေရး အရည္အေသြး အဆင့္အတန္းကုိ တစ္ႏုိင္ငံလုံး အတုိင္းအတာျဖင့္ ျမႇင့္တင္ဖု႔ိ ပုိမုိခက္ခဲသြားေစသည္။ လုပ္ရကုိင္ရသည္တုိ႔မွာ ခုတ္ရာတျခား ရွရာတျခား ျဖစ္ကုန္ေစၿပီး ပညာေရး ဘတ္ဂ်က္တုိ႔သည္ သဲထဲေရသြန္ ျဖစ္ရေလ့ရွိသည္။
သုိ႔ျဖစ္ရာ အာရွ ပညာေရးက႑၏ ပညာရည္ ျမင့္မားေရးသည္ ေမွ်ာ္တုိင္း၀းေနဆဲ ျဖစ္သည္။
**Unicode**
အောက်တိုဘာလ ၅ ရက် သည် ကမ္ဘာ့ဆရာများနေ့ ဖြစ်သည်။ အမှတ်တမဲ့ဖြင့် မကျော်လွန်အောင် အထိမ်းအမှတ် အခမ်းအနားပွဲများကို အရှေ့တောင်အာရှ နိုင်ငံတို့တွင် ကျင်းပခဲ့ကြသည်။ ပညာရေး အနာဂတ်အတွက် မျှော်မှန်းချက်များ ဖွင့်ဟ ပြောဆိုခဲ့ကြသည်။
ထိုင်း ဝန်ကြီးချုပ်က ၂၀၃၆ ခုနှစ်တွင် ထိုင်းနိုင်ငံကို ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက်ရာ၌ ပထမတန်းစား ပညာရေး ရရှိအောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံ အစိုးရတို့က တိုင်းပြည် စီးပွားရေး အဆင့်အတန်း မြင့်မားဖို့ ဆိုသည်မှာ ပညာရေး အဆင့်အတန်းကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဟု ဆိုသည်။ သို့မှသာလျှင် လုပ်ခတန်ဖိုးနည်း၊ ကျွမ်းကျင်မှုနည်း အဖြစ်မှ အဆင်မြင့်ကျွမ်းကျင်မှုများနှင့်အတူ လုပ်ခလစာ မြင့်မားသည့်ဆီသို့ ကူးပြောင်းရောက်ရှိနိုင်မည်ဟု ပြောကြားခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံက ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ပညာရေး အဆင့်အတန်း ရရှိစေရမည်ဟု ကတိကဝတ် ပြုသည်။
မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးက အခမ်းအနား အဖွင့်အမှာစကားတွင် ယခုနှစ် ဆောင်ပုဒ်သည် " လူငယ် ဆရာများ ခန့်ထားလို့ အနာဂတ် စွမ်းဆောင်ရည် မြှင့်တင်စို့ " ဖြစ်ပြီး နောင်အနာဂတ်တွင် တာဝန်ယူ တာဝန်ခံ၍ ဆောင်ရွက်တတ်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ် ဆရာ ဆရာမ အင်အားစုများအဖြစ် ပြုစုပျိုးထောင် မွေးထုတ်ပေးရန် ကြိုးပမ်းကြရမည်ဟု ပြောကြားခဲ့သည်။
ပညာရည် တတ်မြောက်မှုအပေါ် လေ့လာစူးစမ်းမှုများကို အရှေ့တောင်အာရှ နိုင်ငံများတွင် ပြုလုပ်ခဲ့ရာ၌ အိုအီးစီဒီမှ ၂၀၁၅ ခုနှစ်တွင် Programme for International Students Assessment (PISA) အစီအစဉ်အရ ဆန်းစစ်ခဲ့သည်။ နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် စစ်တမ်းရယူခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ မပါဝင်ပေ။
အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော စင်ကာပူသည် ၇၂ နိုင်ငံတွင် နံပါတ်(၁) နေရာတွင် ရောက်ရှိနေသည်ကို တွေ့ရသည်။ ဒုတိယ နေရာတွင် ဂျပန်နိုင်ငံ ရှိသည်။ တတိယနေရာတွင် အက်စ်တိုနီးယား ရှိပြီး တရုတ်(တိုင်ပေ)သည် စတုတ္ထနေရာတွင် ရှိသည်။
အင်ဒိုနီးရှား နိုင်ငံ၌ စစ်ဆေးမှုများ ပြုခဲ့ရာ ဖြေဆိုသူဦးရေ၏ ၄၂ ရာခိုင်နှုန်းသည် သိပ္ပံ ၊ သင်္ချာနှင့် စာဖတ်စွမ်းရည်တို့တွင် နိမ့်ကျလျက် ရှိကြောင်း အဖြေထွက်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများတွင် အခြေခံပညာရေး ပြီးဆုံးသည်အထိသာ သင်ယူမှု များပြားပြီး အဆင့်မြင့် ပညာရေး ပြီးဆုံးသည်အထိ သင်ယူမှု နည်းပါးသည်ကို တွေ့ရသည်။ ကမ္ဘောဒီးယားတွင် ကျောင်းနေအရွယ် လူဦးရေ၏ ၆၇ ရာခိုင်နှုန်း၊ လာအိုတွင် ၎င်းလူဦးရေ၏ ၇၇ ရာခိုင်နှုန်းသည် အဆင့်မြင့် ပညာရေး ပြီးဆုံးသည့်အဆင့်သို့ ရောက်ကြသည်။
UNDP၏ Human Development Index (HDI) အဆင့်အတန်းအရ ၂၀၁၈ ခုနှစ်အတွက် ထိပ်တန်း ၁၀ နိုင်ငံတွင် အာရှဒေသမှ နှစ်နေရာ ပါဝင်သည်။နံပါတ်(၇) နေရာ၌ ဟောင်ကောင်(တရုတ်) ရောက်ရှိနေပြီး
စင်ကာပူသည် နံပါတ်(၉) နေရာတွင် ရှိနေသည်။
( http://hdr.undp.org/en/2018-update )
နိုင်ငံပေါင်း ၁၈၉ နေရာ စာရင်းပြုစုထားရာ၌ နံပါတ် (၁၉) တွင် ဂျပန်၊ နံပါတ် (၂၂)တွင် တောင်ကိုရီးယား ၊နံပါတ် (၅၇) မလေးရှား ၊ နံပါတ် (၇၆) သီရိလင်္ကာ၊ နံပါတ် (၈၃) ထိုင်း၊ နံပါတ် (၈၆) တရုတ်၊ နံပါတ် (၁၁၃) ဖိလစ်ပိုင်၊ နံပါတ် (၁၁၆) အင်ဒိုနီးရှား နှင့် ဗီယက်နမ်၊ နံပါတ် (၁၃၆) ဘင်္ဂလားဒေ့ရှ်၊ နံပါတ် (၁၄၆) ကမ္ဘောဒီးယား၊ နံပါတ် (၁၄၈) မြန်မာ၊ နံပါတ် (၁၄၉) နီပေါ၊ နံပါတ် (၁၅၀) ပါကစ္စတန် တို့ ရောက်ရှိနေကြသည်ကို တွေ့ရသည်။
လူအများတို့ အခြေခံ ပညာရေး ရရှိစေရေးအတွက် ပညာရေးဘတ်ဂျက်ကို သုံးစွဲကြရသည်။ ပညာရေး အခြေခံ အဆောက်အအုံများ ထူထောင်ခြင်း၊ ဆရာဖြစ်သင်တန်းများကို နိုင်ငံတော်မှ အကုန်အကျခံ၍ ဆောင်ရွက်ပေးခြင်းများကို အာရှနိုင်ငံ အစိုးရတို့ လုပ်ဆောင်ကြရသည်။
အားနည်းချက်တစ်ခုဖြစ်ပြီး အဓိကနေရာ၌ ရောက်ရှိနေသည်မှာ ဘတ်ဂျက်ကို သုံးစွဲရာ၌ ဆရာဆရာမတို့၏ လခများကို ဖြစ်ဖြစ်မြောက်မြောက် ပေးရန် မစဉ်းစားကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ လူနေမှု အဆင့်အတန်း မီစေရန် ပညာရေးဝန်ထမ်းတို့သည် ဘေးရပေါက်ရလမ်းများ ဖန်တီးကြရလေ့ရှိသည်။ ကျောင်းစာကို ကျူရှင်တွင် သင်ကြားခြင်း၊ ကျောင်းအပ်လက်ခံစဉ် အခကြေးငွေ ရယူခြင်း အစရှိသည်တို့မှာ ဖြစ်နေကျ ဖြစ်သည်။
ဆရာတစ်ဦးလျှင် တပည့် ၄၃ ဦး ပျမ်းမျှအချိုးကျ ရှိသော ကမ္ဘောဒီးယားနိုင်ငံတွင် စာရေးကိရိယာနှင့် ဖတ်စာအုပ်တို့အတွက် အပိုဆောင်းပြီး ပေးဆောင်ရသည်။ သင်ခန်းစာမှတ်စုစာရွက်တို့ကို ဝယ်ယူရသည်။ အောင်စာရင်းမှာ အခြေအနေကောင်းဖို့ ဆရာဆရာမကို ကန်တော့လက်ဆောင် ပေးရသည်။ ဝန်ကြီးအဆက်ဆက် ၎င်းကိစ္စမျိုးတို့ကို ကိုင်တွယ် ခဲ့ကြသော်လည်း ပပျောက်အောင် မဆောင်ရွက်နိုင်ခဲ့ချေ။ ၂၀၁၄ ခုနှစ်တွင် ၁၂ တန်း နောက်ဆုံးအတန်းတင် စာမေးပွဲကို ကြပ်မတ်ခဲ့ရာ ယခင်နှစ်ကထက် အောင်ချက် ကျဆင်းသွားသည်။ ယခင် ၈၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ၂၆ ရာခိုင်နှုန်းသာ အောင်ချက်ရာခိုင်နှုန်း ရှိတော့သည်။
အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားတို့သည် နိုင်ငံဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းဝန်းကျင်ကို ပညာရေးဘတ်ဂျက်အဖြစ် သုံးစွဲကြသည်။ အင်ဒိုနီးရှားသည် သဲထဲရေသွန် ဖြစ်နေဆဲ ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ အဆင့်အတန်း world-class ဖြစ်ရမည်ဟု ရည်မှန်းချက် ထားရှိသော အင်ဒိုနီးရှား နိုင်ငံ၏ ပညာရေးအခြေအနေကို Lowy Institute က ဆန်းစစ်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ၌ ကမ္ဘာ့အဆင့် ရောက်ဖို့ အဝေးကြီး လိုနေသေးသည်ဟု မှတ်ချက်ပြုထားသည်။
အရှေ့တောင်အာရှ နိုင်ငံများတွင် သက်တမ်းအငယ်ဆုံးနှင့် အဆင်းရဲဆုံးဖြစ်သော အရှေ့တီမောနိုင်ငံသည် ပညာရည်အဆင့်အတန်း၌ နိမ့်ကျခြင်း မရှိသည်ကို တွေ့ရသည်။ ပညာသင်သည့်သူဦးရေ၏ ၉၆ ရာခိုင်နှု်းသည် တက္ကသိုလ်ဝင်တန်း အဆင့်အထိ ရောက်ရှိကြသည်။ ထိုအချက်က လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ပညာရေးအပေါ် ခံယူချက် သဘောထားသည် မည်သည့်အတန်းအထိ ပညာရေးပြီးဆုံးအောင် သင်ယူမည်ကို အဆုံးအဖြတ် ပြုနေပေသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် အစိုးရမှ အခမဲ့သင်ကြားပေးသော ပညာရေးသည် ညံ့ဖျင်းနေလျှင် ပညာရှာလိုသူတို့အတွက် ပုဂ္ဂလိကပညာရေးကဏ္ဍ ရှိနေသည်မှာ ထွက်ပေါက် တစ်ခု ဖြစ်သည်။
World Bank နှင့် Oxford Economics တို့၏ အချက်အလက်များကို Parthenon-EY analysisက ဆန်းစစ်ထားသည်မှာ အရှေ့တောင်အာရှသည် ပုဂ္ဂလိက ပညာရေးအတွက် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံ သုံးစွဲခဲ့သည်။
တိုင်းပြည် ကြီးပွား တိုးတက်ခြင်းနှင့်အတူ ပညာရေးအတွက် တောင်းဆိုမှု များပြားလာခဲ့ပြီး မြင့်မားသော ပညာအရည်အချင်းကို ရှာဖွေသင်ယူလာကြသည်။ ထိုလိုလားချက်ကို အစိုးရပညာရေးကဏ္ဍ အနေဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပေရာ ပုဂ္ဂလိက ပညာရေးကဏ္ဍကိုသာ အသုံးပြုကြရသည်။ ထိုသို့ ပုဂ္ဂလိကပညာရေးကို ပိုမိုသုံးစွဲလာစေသည့် အကြောင်းရင်းခံများတွင် အဓိကကျသည့် အချက်များမှာ
၁။ မိသားစု အရွယ်အစား သေးငယ်လာခြင်း (ကလေးများ တစ်ပြုံတစ်မ မယူတော့ဘဲ တစ်နိုင်စာ ၂ ဦး ၃ ဦး ထက်မပိုတော့ချေ။ ကလေး တစ်ဦးတည်းသာ ယူသည့် မိသားစုများလည်း များလာသည်)
၂။ မြို့ပြအသွင်ခံယူမှု မြန်ဆန်ခြင်း (ခေတ်မီမြို့ပြတစ်ခု အဖြစ် မြန်မြန် ရောက်ရှိသဖြင့် အမြင်ကျယ်ပြီး သားသမီးပညာရေးကို အကောင်းစား ဖြင့် ပေးအပ်ကြသည်)
၃။ တတ်နိုင်ခြင်း (လူလတ်တန်းစား အလယ်လွှာနှင့် အထက်လွှာ ဦးရေ များပြားလာသဖြင့် ပုဂ္ဂလိကပညာရေး စရိတ်ကို တတ်နိုင်သည့်သူ ပိုများလာသည်)
၄။ အင်္ဂလိပ် တတ်ကျွမ်းမှုကို တန်ဖိုး ထားခြင်း ( ပုဂ္ဂလိကကျောင်းများသည် နိုင်ငံတကာ ပညာရေးနှင့် ချိတ်ဆက်ထားသဖြင့် အင်္ဂလိပ်စာ တတ်ကျွမ်းမှုကို အထူးအလေးပေး သင်ကြားကြသည်)
၅။ သင်ပြမှု စွမ်းရည် ကောင်းဖို့ လိုလားကြခြင်း (အစိုးရ ကျောင်းများအနေဖြင့် မနိုင်ဝန် ထမ်းနေရခြင်း၊ ဆရာဆရာမတို့ကို ခိုင်လုံသောလစာ မပေးနိုင်ခြင်းတို့ကြောင့် သင်ပြမှုစွမ်းရည် မြှင့်တင်ဖို့ မစွမ်းသာချေ။ သင်ပြမှု ပုံစံအသစ် အမျိုးမျိုးတို့အနက် ဆီလျော်ရာနည်းလမ်းတို့ကို ကျင့်သုံးဖို့လည်း မဖြစ်နိုင်ပေ။ ထိုအားနည်းချက်တို့ကို ပုဂ္ဂလိကကဏ္ဍမှ ဖြည့်ဆည်းပေးလျက် ရှိသည်)
ပညာရေး နယ်ပယ်တွင် ပုဂ္ဂလိကကဏ္ဍ ကြီးထွားလာနေခြင်းသည် စာသင်သားတု့ိအကြား နှစ်ပိုင်းကွဲစေသည်။ ငွေကြေးတတ်နိုင်ပြီး ပညာရေးကို အလေးပေးသော မိဘတို့၏ သားသမီးများသည် ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ယူကြမည်။ အစိုးရကျောင်း တက်သည်ဆိုလျှင်လည်း ကျူရှင်ကောင်းကောင်း တက်စေမည် ဖြစ်သည်။
ကျောမွဲတို့မှာ မနိုင်ဝန်ထမ်းနေရသည့် အစိုးရကျောင်းပညာရေးကိုသာ ရွေးချယ်ကြရသည်။
သို့ဖြစ်ရာ ပညာရေးကဏ္ဍတွင် တစ်ဖက်စောင်းနင်း ဖြစ်ခြင်းများ ဖြစ်ပေါ်နေပြီး အစိုးရကျောင်းပညာရေးကိုသာ တက်နိုင်သူဦးရေ ရာခိုင်နှုန်းက ပိုများနေမည် ဖြစ်သည်။
မိဘတို့၏ အခြေအနေ၊ အိမ်တောင်စု ဝင်ငွေ၊ နေထိုင်ရာ အရပ်ဒေသတို့သည် ပညာရေး သင်ယူရန် အခွင့်အလမ်းတွင် မမျှမတ inequity ဖြစ်ပေါ်နေစေသည်။
ပညာရေး စနစ်တစ်ခုတွင် inequity ဖြစ်ပေါ်နေပါက ပညာရေး အရည်အသွေး အဆင့်အတန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြှင့်တင်ဖု့ိ ပိုမိုခက်ခဲသွားစေသည်။ လုပ်ရကိုင်ရသည်တို့မှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်ကုန်စေပြီး ပညာရေး ဘတ်ဂျက်တို့သည် သဲထဲရေသွန် ဖြစ်ရလေ့ရှိသည်။
သို့ဖြစ်ရာ အာရှ ပညာရေးကဏ္ဍ၏ ပညာရည် မြင့်မားရေးသည် မျှော်တိုင်းဝးနေဆဲ ဖြစ်သည်။