ရန်ကုန်နည်းပညာတက္ကသိုလ် ပါရဂူဘွဲ့သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

ရန်ကုန်နည်းပညာတက္ကသိုလ် ပါရဂူဘွဲ့သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

ရန္ကုန္နည္းပညာတကၠသိုလ္ ပါရဂူဘြဲ႔သင္တန္းသားေလ်ွာက္လႊာေခၚယူျခင္း ျဖစ္ပါသည္။

၁။ ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနလက္ေအာက္ရွိ ရန္ကုန္နည္းပညာတကၠသိုလ္တြင္ (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္အတြက္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ () ရက္မွစတင္ၿပီး ေအာက္ေဖာ္ျပပါ (အင္ဂ်င္နီယာ/ဗိသုကာ) ပါရဂူဘြဲ႔သင္တန္းမ်ားကို ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ပါသည္။

(အင္ဂ်င္နီယာ/ဗိသုကာ) ပါရဂူဘြဲ႔သင္တန္းမ်ား

(က) ၿမိဳ႕ျပအင္ဂ်င္နီယာ

() စက္မႈအင္ဂ်င္နီယာ

() လ်ွပ္စစ္စြမ္းအားအင္ဂ်င္နီယာ

() အီလက္ထရြန္နစ္အင္ဂ်င္နီယာ

() ကြန္ပ်ဴတာအင္ဂ်င္နီယာႏွင့္ သတင္းအခ်က္အလက္နည္းပညာ

() မကၠာထေရာနစ္အင္ဂ်င္နီယာ

() ဓာတုအင္ဂ်င္နီယာ

() ခ်ည္မွ်င္ႏွင့္ အထည္အင္ဂ်င္နီယာ

(စ်) သတၱဳတူးေဖာ္ေရးအင္ဂ်င္နီယာ

() ေရနံအင္ဂ်င္နီယာ

() သတၱဳေဗဒအင္ဂ်င္နီယာ

() ဗိသုကာ

 

၂။ အထက္ပါ ပါရဂူဘြဲ႔သင္တန္းမ်ားသည္ အခ်ိန္ျပည့္သင္တန္းမ်ားျဖစ္ၿပီး ပါရဂူဘြဲ႔သင္တန္း (Course Work) () ႏွစ္ႏွင့္ သုေတသနက်မ္းျပဳသင္တန္း () ႏွစ္၊ အနည္းဆံုး () ႏွစ္သင္တန္းျဖစ္ပါသည္။

ပါရဂူဘြဲ႔ (Course Work) စာေမးပြဲကို သတ္မွတ္အရည္အခ်င္းျဖင့္ ေျဖဆိုေအာင္ျမင္သူမ်ားကိုသာ ပါရဂူဘြဲ႔သုေတသနက်မ္းျပဳသင္တန္းသို႔ ဆက္လက္တက္ေရာက္ခြင့္ျပဳမည္ျဖစ္ပါသည္။

 

၃။ ဝင္ခြင့္ေလွ်ာက္ထားလိုသူမ်ားသည္ ေအာက္ပါသတ္မွတ္ခ်က္မ်ားႏွင့္ ျပည့္စံုေၾကာင္း အေထာက္အထားမူရင္းႏွင့္ မိတၱဴမ်ားကို တင္ျပရမည္-

(က) ေလွ်ာက္ထားသူႏွင့္ ၎၏မိဘႏွစ္ပါး (၃ ဦးစလံုး) သည္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံသားျဖစ္ရမည္ (ႏိုင္ငံသားစိစစ္ေရးကတ္ျပားမူရင္း/မိတၱဴမ်ား တင္ျပႏုိင္ရမည္)

() အင္ဂ်င္နီယာ/ဗိသုကာ) မဟာဘြဲ႔ M.E./M.Arch. (သို႔မဟုတ္) အသိအမွတ္ျပဳထားေသာ တကၠသုိလ္တစ္ခုခုမွ အလားတူ ဘြဲ႔တစ္ခုခုရရွိထားသူျဖစ္ရမည္။

() သင္တန္းသို႔ အခ်ိန္ျပည့္တက္ေရာက္ႏုိင္သူျဖစ္ၿပီး သင္တန္းစည္းကမ္းခ်က္မ်ားကို လိုက္နာႏုိင္သူျဖစ္ရမည္။

() ဝန္ထမ္းျဖစ္ပါက သက္ဆုိ္င္ရာဌာန၏ ခြင့္ျပဳခ်က္ျဖင့္ ေလွ်ာက္ထားရမည္။

 

၄။ ေလွ်ာက္လႊာႏွင့္အတူ ပတ္စ္ပို႔အရြယ္ေရာင္စံုဓာတ္ပံု () ပံု၊ ေအာင္ျမင္ခဲ့ေသာ တကၠသုိလ္မ်ားမွ မဟာဘြဲ႔လက္မွတ္ (မူရင္း/မိတၱဴ) တုိ႔ကို တင္ျပရမည္။

 

၅။ သတ္မွတ္ေလ်ွာက္လႊာပံုစံမ်ားကို (၁၇-၁၀-၂၀၁၉) (ၾကာသပေတးေန႔) မွစ၍ ရန္ကုန္နည္းပညာတကၠသုိလ္တြင္ ရယူႏုိင္ၿပီး (-၁၁-၂၀၁၉) ရက္ (ေသာၾကာေန႔) ေနာက္ဆံုးထား၍ ကိုယ္တုိင္ေလွ်ာက္ထားရမည္။ ေလွ်ာက္လႊာပါအခ်က္အလက္မ်ားအား စိစစ္ၿပီး မွန္ကန္ပါက (၁၃-၁၁-၂၀၁၉) ရက္ (ဗုဒၶဟူးေန႔) တြင္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားကို ထုတ္ေပးမည္။

 

၆။ ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပြဲကို ရန္ကုန္နည္းပညာတကၠသိုလ္၊ ႀကိဳ႕ကုန္း၊ အင္းစိန္တြင္ ေအာက္ပါအစီအစဥ္တိုင္း က်င္းပမည္ျဖစ္သည္။ ေန႔ရက္ ေျဖဆိုရမည့္ဘာသာရပ္ ေျဖဆိုရမည့္အခ်ိန္ (၁၄-၁၁-၂၀၁၉) (ၾကာသပေတးေန႔) အဂၤလိပ္စာ ၉း၀၀ နာရီမွ ၁၂း၀၀ နာရီ ၁၅-၁၁-၂၀၁၉ (ေသာၾကာေန႔) သက္ဆုိင္ရာဘာသာရပ္ ၉း၀၀ နာရီမွ ၁၂း၀၀ နာရီ

 

၇။ လူေတြ႔ႏႈတ္ေျဖစာေမးပြဲေျဖဆိုခြင့္ရရွိသူမ်ားစာရင္းကို (၂၆-၁၁-၂၀၁၉) ရက္ (အဂၤါေန႔) တြင္ ထုတ္ျပန္ေပးမည္ျဖစ္ၿပီး (၂၈-၁၁-၂၀၁၉) ရက္ (ၾကာသပေတးေန႔) မွစ၍ ရန္ကုန္နည္းပညာတကၠသိုလ္တြင္ လူေတြ႔စစ္ေဆးမည္ျဖစ္ပါသည္။ ပါရဂူဘြဲ႔သင္တန္း တက္ေရာက္ခြင့္ရရွိသူမ်ား၏ အမည္စာရင္းကို (၂၉-၁၁-၂၀၁၉) (ေသာၾကာေန႔) တြင္ ရန္ကုန္နည္းပညာတကၠသိုလ္၌ ထုတ္ျပန္ေၾကညာမည္။

 

Thai (59) ထိုင္းဘာသာ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္း (59) ခုရွာရန္ႏွိပ္ပါ။

 

၈။ ဝင္ခြင့္စာေမးပြဲေျဖဆိုရန္ လာေရာက္သည့္အခါ မိမိ၏ ႏုိင္ငံသားစိစစ္ေရးကတ္ျပားမူရင္းႏွင့္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို တစ္ပါတည္းယူေဆာင္လာရမည္။

 

၉။ အေသးစိတ္အခ်က္အလက္မ်ား သိရွိလုိပါက ရန္ကုန္နည္းပညာတကၠသိုလ္၊ ႀကိဳ႕ကုန္း၊ အင္းစိန္ ဖုန္း-၀၁-၆၄၂၄၁၃၊ ၀၁-၉၆၆၅၇၅၃ တို႔သုိ႔ ဆက္သြယ္စံုစမ္းေမးျမန္းႏိုင္ပါသည္။

 

Source: ျမန္မာ့အလင္း

 

**Unicode**

 

ရန်ကုန်နည်းပညာတက္ကသိုလ် ပါရဂူဘွဲ့သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်။

၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂) ရက်မှစတင်ပြီး အောက်ဖော်ပြပါ (အင်ဂျင်နီယာ/ဗိသုကာ) ပါရဂူဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။

(အင်ဂျင်နီယာ/ဗိသုကာ) ပါရဂူဘွဲ့သင်တန်းများ

(က) မြို့ပြအင်ဂျင်နီယာ

(ခ) စက်မှုအင်ဂျင်နီယာ

(ဂ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ

(ဃ) အီလက်ထရွန်နစ်အင်ဂျင်နီယာ

(င) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ

(စ) မက္ကာထရောနစ်အင်ဂျင်နီယာ

(ဆ) ဓာတုအင်ဂျင်နီယာ

(ဇ) ချည်မျှင်နှင့် အထည်အင်ဂျင်နီယာ

(ဈ) သတ္တုတူးဖော်ရေးအင်ဂျင်နီယာ

(ည) ရေနံအင်ဂျင်နီယာ

(ဋ) သတ္တုဗေဒအင်ဂျင်နီယာ

(ဌ) ဗိသုကာ


၂။ အထက်ပါ ပါရဂူဘွဲ့သင်တန်းများသည် အချိန်ပြည့်သင်တန်းများဖြစ်ပြီး ပါရဂူဘွဲ့သင်တန်း (Course Work) (၁) နှစ်နှင့် သုတေသနကျမ်းပြုသင်တန်း (၂) နှစ်၊ အနည်းဆုံး (၃) နှစ်သင်တန်းဖြစ်ပါသည်။

ပါရဂူဘွဲ့ (Course Work) စာမေးပွဲကို သတ်မှတ်အရည်အချင်းဖြင့် ဖြေဆိုအောင်မြင်သူများကိုသာ ပါရဂူဘွဲ့သုတေသနကျမ်းပြုသင်တန်းသို့ ဆက်လက်တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။


၃။ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထားမူရင်းနှင့် မိတ္တူများကို တင်ပြရမည်-

(က) လျှောက်ထားသူနှင့် ၎င်း၏မိဘနှစ်ပါး (၃ ဦးစလုံး) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည် (နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူများ တင်ပြနိုင်ရမည်)။

(ခ) အင်ဂျင်နီယာ/ဗိသုကာ) မဟာဘွဲ့ M.E./M.Arch. (သို့မဟုတ်) အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ အလားတူ ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။

(ဂ) သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းစည်းကမ်းချက်များကို လိုက်နာနိုင်သူဖြစ်ရမည်။

(ဃ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။


၄။ လျှောက်လွှာနှင့်အတူ ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ (၃) ပုံ၊ အောင်မြင်ခဲ့သော တက္ကသိုလ်များမှ မဟာဘွဲ့လက်မှတ် (မူရင်း/မိတ္တူ) တို့ကို တင်ပြရမည်။


၅။ သတ်မှတ်လျှောက်လွှာပုံစံများကို (၁၇-၁၀-၂၀၁၉) (ကြာသပတေးနေ့) မှစ၍ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ရယူနိုင်ပြီး (၈-၁၁-၂၀၁၉) ရက် (သောကြာနေ့) နောက်ဆုံးထား၍ ကိုယ်တိုင်လျှောက်ထားရမည်။ လျှောက်လွှာပါအချက်အလက်များအား စိစစ်ပြီး မှန်ကန်ပါက (၁၃-၁၁-၂၀၁၉) ရက် (ဗုဒ္ဓဟူးနေ့) တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို ထုတ်ပေးမည်။


၆။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ ကြို့ကုန်း၊ အင်းစိန်တွင် အောက်ပါအစီအစဉ်တိုင်း ကျင်းပမည်ဖြစ်သည်။ နေ့ရက် ဖြေဆိုရမည့်ဘာသာရပ် ဖြေဆိုရမည့်အချိန် (၁၄-၁၁-၂၀၁၉) (ကြာသပတေးနေ့) အင်္ဂလိပ်စာ ၉း၀၀ နာရီမှ ၁၂း၀၀ နာရီ ၁၅-၁၁-၂၀၁၉ (သောကြာနေ့) သက်ဆိုင်ရာဘာသာရပ် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီ


၇။ လူတွေ့နှုတ်ဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းကို (၂၆-၁၁-၂၀၁၉) ရက် (အင်္ဂါနေ့) တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး (၂၈-၁၁-၂၀၁၉) ရက် (ကြာသပတေးနေ့) မှစ၍ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပါသည်။ ပါရဂူဘွဲ့သင်တန်း တက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို (၂၉-၁၁-၂၀၁၉) (သောကြာနေ့) တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ထုတ်ပြန်ကြေညာမည်။


Thai (59) ထိုင္းဘာသာ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္း (59) ခုရွာရန္ႏွိပ္ပါ။


၈။ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို တစ်ပါတည်းယူဆောင်လာရမည်။


၉။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်နည်းပညာတက္ကသိုလ်၊ ကြို့ကုန်း၊ အင်းစိန် ဖုန်း-၀၁-၆၄၂၄၁၃၊ ၀၁-၉၆၆၅၇၅၃ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။


Source: မြန်မာ့အလင်း

 

News Read 2204 times