Source: Internet
**Unicode**
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် ပါရဂူဘွဲ့ Ph.D (IT) သင်တန်းအပတ်စဉ် (၁၄) နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာပါရဂူဘွဲ့ Ph.D(IT) သင်တန်းအပတ်စဉ် (၉) သင်တန်းများကို ဒီဇင်ဘာမှာ ဖွင့်လှစ်မည် ဖြစ်ပါသည်။
ပါရဂူဘွဲ့သင်တန်းများသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့ အကြိုသင်တန်းတစ်နှစ်နှင့် သုတေသနကျမ်းပြုနှစ်နှစ်၊ စုစုပေါင်းသုံးနှစ်တက်ရောက်ရမှာပါ။ ပါရဂူဘွဲ့အကြို သင်တန်း ဖြေဆိုအောင်မြင်ပြီးသူများကိုသာ ပါရဂူ သုတေသန ဆက်လက်လုပ်ဆောင်ခွင့်ပြုမည်ဖြစ်သည်ဟု သိရပါသည်။
လျှောက်ထားသူများသည် ကွန်ပျူတာဘာသာရပ် (သို့) အလားတူ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဘာသာရပ်အထူးပြုနှင့် မဟာဘွဲ့တစ်ခုခုရရှိထားသူများ ဖြစ်ရမည်ဖြစ်ပြီး Referee နှစ်ဦးထံမှ Letter of Recommendation ကိုတင်ပြနိုင်ရမည်ဖြစ်ပါသည်။
Construction Training (19) ဆောက်လုပ်ရေး သင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။
ရေးဖြေစာမေးပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်မှ အင်္ဂလိပ်စာကို နံနက်(၉) နာရီမှ နေ့လည် (၁၂) နာရီအထိလည်းကောင်း၊ သက်ဆိုင်ရာ ဘာသာရပ်ကို မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီအထိလည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များတွင် ဖြေဆိုရမည်ဖြစ်ပါသည်။
Read More:>>> ရန်ကုန်တက္ကသိုလ် အလှကုန်လုပ်ငန်းအတတ်ပညာ သင်တန်းလျှောက်လွှာခေါ်ယူခြင်း
အိုင်တီနယ်ပယ်မှာ လုပ်သက်အတွေ့အကြုံ (၁၅)နှစ်နှင့် အထက်ရှိပြီး အိုင်တီဘာသာရပ်မှာ မဟာဘွဲ့ တစ်ခုခု ရရှိပြီးသူများသည် Ph.D (IT) Research Only သင်တန်းအတွက် အရည်အချင်းစစ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုစရာမလိုပဲ သီးခြားလျှောက်ထားနိုင်ပါသည်။
Source: Internet