စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း လျှောက်လွှာခေါ်ယူခြင်း

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း လျှောက်လွှာခေါ်ယူခြင်း

၁။ လျှောက်ထားသူသည်

- ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ () ရက်နေ့တွင် အသက် (၁၆) နှစ်အောက် မငယ်ရပါ။ (၁၈) နှစ်ထက် မကြီးရပါ။

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (လူပျို) ဖြစ်ရပါမည်။

- အနည်းဆုံးအရပ် () ပေ၊ () လက်မနှင့် ကိုယ်အလေးချိန် ပေါင် (၁၀၀) ထက်မနည်းရပါ၊ ပေါင် (၁၄၀) ထက်မကျော်ရပါ။

- မျက်မှန်တပ်ဆင်ထားသူများ မဖြစ်ရပါ။

- ၂၀၁၈ (သို့)၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူဖြစ်ရပါမည်။

 

၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှစ၍ အခမဲ့ရယူနိုင်ပါသည်။

 

၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ရဲတပ်ဖွဲ့ စခန်းတစ်ခုခုမှ ထောက်ခံစာ (မူရင်း)နှင့် ပတ်စ်ပို့အရွယ်ဓာတ်ပုံ () ပုံပူးတွဲတင်ပြရမည်။

 

၎။ လျှောက်လွှာကို ၂၀၁၉ ခုနှစ်၊ ဇူလှိုင်လ (၃၁) ရက်နေ့ထား၍ လျှောက်လွှာထုတ်ယူခဲ့သောတိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။

 

၅။ သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်းအချင်းစစ်စာမေးပွဲကို ဖြေဆိုကြရမည်။

 

၆။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲတွင် တက္ကသိုလ်ဝင် စာမေးပွဲ သင်ရိုးညွှန်းတမ်းအတိုင်း အောက်ပါဘာသာရပ်များကို ဖြေဆိုကြရမည်။

(က) အင်္ဂလိပ်စာ

() သင်္ချာ

 

၇။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ () ရက်နေ့တွင် မိမိတို့လျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်တည်ရှိသည့်မြို့တွင် ဖြေဆိုကြရမည်။

 

၈။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရမည့် နေရာနှင့်အချိန်ကို သတင်းစာမှ ကြော်ငြာပေးမည်။

 

Read More: စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေလတ်မှတ်ရသင်တန်း ဖွင့်လှစ်မည်

 

၉။ ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။

 

၁၀။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရမည်။တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့်အချိန်မီပေးပို့ပေးသွားမည်။

 

၁၁။ သတ်မှတ်ထားသည့် အချက်အလက်များ၊ တိကျပြည့်စုံစွာရေးသားဖော်ပြခြင်း မပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မိမိတို့လျှောက်လွှာတင်သွင်းသည့်ဌာနတွင် ရွေးချယ်ခြင်းခံရသည်/မခံရသည်ကို သွားရောက်စုံစမ်းမေးမြန်းနိုင်သည်။

 

Source: ကြေးမုံ

 

News Read 2777 times