ပုဂ္ဂလိကကျောင်းများမှ ပေးအပ်မည့်လက်မှတ်များကို စိစစ်သတင်းထုတ်ပြန်ပေးရန်

ပုဂ္ဂလိကကျောင်းများမှ ပေးအပ်မည့်လက်မှတ်များကို စိစစ်သတင်းထုတ်ပြန်ပေးရန်

ပုဂ္ဂလိကသင်တန်းကျောင်းတွေရဲ့ အရည်အသွေးအဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ကာ သင်တန်းကျောင်းမှ ထုတ်ပေးသောလက်မှတ်တွေကို စိစစ်သတင်းထုတ်ပြန်ပေးရန် လိုအပ်တယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်နိုင်ဦးက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်အဝေးမှာ ဆွေးနွေးပြောကြားခံပါသည်။

 

မြန်မာနိုင်ငံအတွင်းမှာ အရည်အသွေးစံချိန်မမီ၊ အာမခံချက်အားနည်းပြီး စီးပွားရေးကိုသာ အဓိကထားတဲ့ အချို့သော ပုဂ္ဂလိကပညာရေးကျောင်းတွေ၊ သင်တန်းတွေဖွင့်လှစ်လုပ်ကိုင်နေသည်မှာများစွာကြာမြင့်ပြီး ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ပညာရေးဥပဒေကြမ်းတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီမှသာ ဖွင့်လှစ်ခွင့်ပေးခြင်း၊ သင်ကြားမည့်ဆရာများ၏ အရည်အသွေး၊ သတ်မှတ်သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာအတိုင်း သင်ကြားမှုအစီအစဉ်များကို စနစ်တကျရေးဆွဲတင်ပြရန် လိုအပ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် () မှ ဦးထွန်းထွန်းဦးက ပြောကြားခဲ့တာဖြစ်ပါသည်။

 

Read More>>>> တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများ သြဂုတ်လကုန်တင်ရမည်

 

နိုင်ငံတကာနှင့် ချိတ်ဆက်သင်ကြားမည်ဖြစ်ပါက ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံနိုင်မှုကို နိုင်ငံတကာတရားဝင်အဖွဲ့အစည်းတစ်ခုက သတ်မှတ်ပြဌာန်းထားသည့် စံချိန်စံညွှန်းမူဘောင်များနှင့် ကိုက်ညီရမှာဖြစ်ပြီး ဘွဲ့အတု၊ အရည်အချင်းအတုတွေကို ပေးအပ်နေတာတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါသည်။

 

Source: Internet

Education Read 2070 times