Sales Hotline : 09448001653       Download App



လေဆိပ်စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

**Zawgyi**

၁။ ျမန္မာႏိုင္ငံေလေၾကာင္းႏွင့္ အာကာသပညာတကၠသိုလ္တြင္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ေလဆိပ္စီမံခန္႔ခြဲမႈ ဘြဲ႔လြန္ဒီပလိုမာသင္တန္းအပတ္စဥ္ (၇) တို႔ကို ၂၀၁၉-ခုႏွစ္၊ ဒီဇင္ဘာ (၂) ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ပါတယ္။


၂။ ဝင္ခြင့္ေလ်ွာက္ထားလိုသူမ်ားသည္ ေအာက္ပါသတ္မွတ္ခ်က္မ်ားႏွင့္ျပည့္စံုရပါမည္။
- (၁-၁၂-၂၀၁၉) ရက္တြင္ အသက္(၃၅) ႏွစ္ထက္မႀကီးသူ၊ ဝန္ထမ္းျဖစ္ပါက အသက္(၄၀) ႏွစ္ထက္မႀကီးသူ ျဖစ္ရပါမည္။
- ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပြဲ ေအာင္ျမင္ၿပီး၊ သင္တန္းသို႔ အခ်ိန္ျပည့္တက္ေရာက္ႏိုင္သူျဖစ္ရမည္။
- ဝန္ထမ္းျဖစ္ပါက သင္တန္းသို႔ အခ်ိန္ျပည့္တက္ေရာက္ခြင့္ျပဳေၾကာင္း သက္ဆိုင္ရာဌာနအႀကီးအကဲ၏ ခြင့္ျပဳခ်က္မူရင္း တင္ျပရမည္။


၃။ ေလဆိပ္စီမံခန္႔ခြဲမႈ ဘြဲ႔လြန္ဒီပလိုမာသင္တန္းသည္ အခ်ိန္ျပည့္ (၁) ႏွစ္သင္တန္းျဖစ္ၿပီး ေအာက္ေဖာ္ျပပါ ဘြဲ႔ရရွိသူမ်ား ေလ်ွာက္ထားႏိုင္သည္။
- B.E. (Aerospace/ Aeronautical)
- B.E. (Mechanical/ Electronics/ Electrical Power/IT)
- B.B.A./B.B.A.(Hons:)
- B.Com./ B.Com.(Hons:)
- Any Bachelor Degree (ေလဆိပ္တြင္ အနည္းဆံုး (၂) ႏွစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ရမည္။)


၄။ ေလ်ွာက္လႊာႏွင့္အတူ ေလ်ွာက္ထားသူ၏ အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာၿမိဳ႕နယ္ ရဲတပ္ဖြဲ႔စခန္းတစ္ခုခုမွ ေထာက္ခံစာမူရင္း၊ ပတ္စပို႔အရြယ္ဓာတ္ပံု (၃) ပံု၊ ဘြဲ႔လက္မွတ္မူရင္းႏွင့္မိတၱဴတို႔ကို တင္ျပရမည္။


၅။ သင္တန္းဝင္ခြင့္ေလ်ွာက္လႊာပံုစံမ်ားကို (၇-၁၁-၂၀၁၉) ရက္မွစ၍ ၄င္းတကၠသုိလ္တြင္ ထုတ္ယူႏိုင္ၿပီး (၂၃-၁၁-၂၀၁၉) ရက္ေနာက္ဆံုးထား၍ ေလ်ွာက္ထားရမည္။ ျပည့္စံုမွန္ကန္သည့္ ေလ်ွာက္လႊာမ်ားအတြက္ အရည္အခ်င္းစစ္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားကို ကိုယ္တိုင္လာေရာက္ထုတ္ယူရမည္။


၆။ ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပြဲကို ျမန္မာႏိုင္ငံေလေၾကာင္းႏွင့္ အာကာသပညာတကၠသုိလ္၊ မိတၳီလာၿမိဳ႕တြင္ နံနက္ (၁၀) နာရီမွ (၁၂) နာရီအထိ ေအာက္ပါအတိုင္းက်င္းပစစ္ေဆးပါမည္။
- (၂၆-၁၁-၂၀၁၉) English
- (၂၇-၁၁-၂၀၁၉) ေလဆိပ္/စီမံခန္႔ခြဲမႈဆိုင္ရာဗဟုသုတ(ေလဆိပ္စီမံခန္႔ခြဲမႈသင္တန္း)


၇။ အေသးစိတ္အခ်က္အလက္မ်ားကို သိရွိလိုပါက ျမန္မာႏိုင္ငံေလေၾကာင္းႏွင့္ အာကာသပညာတကၠသုိလ္ မိတၳီလာၿမိဳ႕ ဖုန္းနံပါတ္ (၀၉-၇၉၅၈၃၅၅၇၄) သို႔ရံုးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းစံုစမ္းႏိုင္ပါသည္။

Read More:>>> ေန႔သင္တန္းမွ အေဝးသင္သို႔ အေဝးသင္ သင္တန္းမွ ေန႔သင္တန္းသို႔ ေျပာင္းျခင္း

Source: ေၾကးမံု


**Unicode**

၁။ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လေဆိပ်စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းအပတ်စဉ် (၇) တို့ကို ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါတယ်။


၂။ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့်ပြည့်စုံရပါမည်။
- (၁-၁၂-၂၀၁၉) ရက်တွင် အသက်(၃၅) နှစ်ထက်မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၄၀) နှစ်ထက်မကြီးသူ ဖြစ်ရပါမည်။
- ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ အောင်မြင်ပြီး၊ သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်။
- ဝန်ထမ်းဖြစ်ပါက သင်တန်းသို့ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်မူရင်း တင်ပြရမည်။


၃။ လေဆိပ်စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းသည် အချိန်ပြည့် (၁) နှစ်သင်တန်းဖြစ်ပြီး အောက်ဖော်ပြပါ ဘွဲ့ရရှိသူများ လျှောက်ထားနိုင်သည်။
- B.E. (Aerospace/ Aeronautical)
- B.E. (Mechanical/ Electronics/ Electrical Power/IT)
- B.B.A./B.B.A.(Hons:)
- B.Com./ B.Com.(Hons:)
- Any Bachelor Degree (လေဆိပ်တွင် အနည်းဆုံး (၂) နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရမည်။)


၄။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း၊ ပတ်စပို့အရွယ်ဓာတ်ပုံ (၃) ပုံ၊ ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူတို့ကို တင်ပြရမည်။


၅။ သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံများကို (၇-၁၁-၂၀၁၉) ရက်မှစ၍ ၎င်းတက္ကသိုလ်တွင် ထုတ်ယူနိုင်ပြီး (၂၃-၁၁-၂၀၁၉) ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်။ ပြည့်စုံမှန်ကန်သည့် လျှောက်လွှာများအတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားကို ကိုယ်တိုင်လာရောက်ထုတ်ယူရမည်။


၆။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာမြို့တွင် နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ အောက်ပါအတိုင်းကျင်းပစစ်ဆေးပါမည်။
- (၂၆-၁၁-၂၀၁၉) English
- (၂၇-၁၁-၂၀၁၉) လေဆိပ်/စီမံခန့်ခွဲမှုဆိုင်ရာဗဟုသုတ(လေဆိပ်စီမံခန့်ခွဲမှုသင်တန်း)


၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မိတ္ထီလာမြို့ ဖုန်းနံပါတ် (၀၉-၇၉၅၈၃၅၅၇၄) သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Read More:>>> ေန႔သင္တန္းမွ အေဝးသင္သို႔ အေဝးသင္ သင္တန္းမွ ေန႔သင္တန္းသို႔ ေျပာင္းျခင္း

Source: ကြေးမုံ

 

News Latest Post Read 1848 times