တက္ကသိုလ်ဝင်ခွင့်ရရှိထားသော ကျောင်းများမှ တစ်ဆင့် ကျောင်းပြောင်းလျှောက်ထားခြင်းများကို ဒီဇင်ဘာလမှသာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။
ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနေကြသည့် ကျောင်းသား/သူ များအနေဖြင့် ဝိဇ္ဇာသိပ္ပံဘာသာရပ်များ ပို့ချသည့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်အချင်းချင်း ကျောင်းပြောင်းလျှောက်ထားခြင်းများနှင့် အသက်မွေးကျောင်းတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိခဲ့ပြီးမှ ဝိဇ္ဇာသိပ္ပံဘာသာရပ်များသို့ ပြောင်းရွေ့လိုခြင်းများကို မိမိတို့ဝင်ခွင့်ရရှိထားသော ကျောင်းများမှ တစ်ဆင့် ဒီဇင်ဘာလမှသာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ယခုနှစ်တွင် ထုတ်ဝေထားသော တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားကြောင်း သိရပါသည်။
ဝိဇ္ဇာသိပ္ပံဘာသာရပ်များသို့ ပို့ချသောတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ အဝေးသင်တက္ကသိုလ်သို့လည်းကောင်း ပြောင်းရွေ့လိုပါက မိမိတို့ဝင်ခွင့်ရရှိထားသော ကျောင်းများမှ တစ်ဆင့် မိမိတို့ပြောင်းရွှေ့လိုသောကျောင်းများသို့ လျှောက်ထားရမည်ဖြစ်ကြောင်းသိရပါသည်။
ကျောင်းပြောင်းလျှောက်ထားခြင်းများကို သတ်မှတ်ရက်များမတိုင်မီ အချိန်မီလျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပြီး လျှောက်ထားလာခြင်းများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်း၊ ပြောင်းရွှေ့သင်ကြားခွင့်မပြုမီ မိမိတို့သဘောဆန္ဒအလျှောက်ပြောင်းရွှေ့တက်ရောက်ခြင်းကို ခွင့်မပြုကြောင်းသိရပါသည်။
Read More: ၂၀၁၉ ခုနှစ်တက္ကသိုလ်အသီးသီးမှ လက်ခံမည့်ကျောင်းသားအရည်အတွက်များ
ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းမပြုလုပ်သေးသူများအနေဖြင့် လာမည့်ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်ကိုသာ လျှောက်ထားခွင့်ရှိမည်ဟုလည်း သတ်မှတ်ထားပါသည်။
ယခုနှစ်တက္ကသိုလ်ဝင်ခွင့်တွင် ကျောင်းသား/သူများအတွက် တက္ကသိုလ် (၂၃) ခုတွင် လျှောက်ထားခွင့်ပေးထားသလို သီးခြားခေါ်ယူသော တက္ကသိုလ်မှုာ (၁၄) ခုအထိရှိကြောင်း၊ တက္ကသိုလ်ဝင်ခွင့်ကို ဦးစားပေးတက္ကသိုလ်တစ်ခုတည်းတွင်သာ လျှောက်ထားသည့်စနစ်ကို ကျင့်သုံးထားကြောင်း သိရပါသည်။
Source; Democracy